မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိ ကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှ တစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံ သို့ ပြန်လာ လိုသူ မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ် လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်း သာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
EMG
No comments:
Post a Comment