မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု လိုက်ပြီဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။
ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူသည့်လုပ်ငန်းရှင် မရှိသေးသော် လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြား သည်။
၎င်းကဆက်လက်၍“ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးချင်တယ်ဆိုရင် ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ ပတ် သက်ပြီး ပြုပြင် ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။
Hot News
No comments:
Post a Comment