သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ဆူပူမှုငြိမ်သက်နေသည်ဆိုသော်လည်း ကောဠာဟာလသတင်း များကြောင့် မူစလင်ဘာသာဝင်များအနီးနေထိုင်နေသူများ စိုးရိမ်ထိတ်လန့်မှုရှိနေသေးကြောင်းမြို့တွင်း သတင်းရပ်ကွက် ကဆိုပါသည်။
ရိုက်နှက်မှုများမရှိတော့သည့်တိုင် စီးပွါးရေးလုပ်ငန်းရှင် ပန်းသေးတရုတ် (တရုတ်မူစလင်) သူဌေးကြီး အိမ်အား မီးရှို့ မည်ဟူသောသတင်းများကြောင့် ၎င်းနေအိမ်သို့ လုံခြုံရေးယူပေးရန် ရမခ တိုင်းမှူးမှ စစ်အင်အား ပို့ပေးထားသည့်အပေါ် လူထုတို့ စိုးရိမ်မှုရှိကြကြောင်း နီးစပ်သူများက ပြောသည်။
“သူဌေးကြီး ဦးမောင်ဝင်းလေ ။ သူက တရုတ်ပန်းသေး။ ရပ်ကွက် ၃ မှာနေတယ် သူ့အိမ်အကြီးကြီးဘဲ။ အဲဒီအိမ် ကိုသွားဖြိုမယ်လို့ သတင်းတွေထွက်လာတော့ သူ့ရပ်ကွက်ထဲကလူတွေ လန့်နေကြတယ်။ သူက စစ်တပ်ဘက်က အကြီးအကဲတွေနဲ့လဲ ရင်းနှီးဝင်ထွက်နေတော့ တိုင်းမှူးက သူ့အိမ်လုံခြုံရေး ယူပေးဖို့ တပ်ဖွဲ့တဖွဲ့ပို့ပေးတယ်။ အခု ဖြိုဖျက်မီးရှို့တာတွေတော့ ငြိမ်နေတယ်။ ဒါပေမယ့် ဟိုဘက်မှာ ရိုက်နေတယ်။ ဒီဘက်မှာချနေတယ်ဆိုတဲ့ ကောဠာဟာလသတင်းတွေတော့ အမြဲတမ်း လိုလိုကြားနေရတယ်” ဟု လားရှိုးမြို့ခံ ကုန်သည်တဦးကပြောသည်။
ရွှေမြင်း ၂ ကောင်ကုမ္မဏီပိုင်ရှင် ဦးမောင်ဝင်းသည် ၎င်းကုမ္ပဏီမှ တရုတ်ထုတ်(မျောက်တံဆိပ်) ဓါတ်ခဲ ကဲ့သို့ထုတ်လုပ်ရန် အတွက် တရုတ်ပညာရှင် ၇ ဦးကိုလည်း ခေါ်ထားကြောင်း နီးစပ်သူများ က ပြောပြသည်။
၎င်းသည် လားရှိုးဈေးကြီးအနီး ရှိနာမည်ကြီး ဟိုတယ်၊ တည်းခိုခန်းအများ အပြားကိုလည်း ဝယ်ယူထား ခဲ့ကြောင်း ဆိုပါသည်။
ယခင်အပတ် အမျိုးသမီးတဦးအား မူစလင်အမျိုးသားတဦးက မီးရှို့ခဲ့သည့် အမှုမှ ဖြစ်ပွါးခဲ့သော လားရှိုးမြို့ ပဋိပက္ခကြောင့် လူ ၅ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment