အမေရိကန်ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ
ဆိုင်ရာ စနစ်တွေ ကို လေ့လာသင်ယူပြီးတော့ မြန်မာနိုင်ငံရဲ့ အဲ့ဒီ့စနစ်တွေကို
အားဖြည့်သွားဖို့ ရည်ရွယ်ချက်နဲ့
အမေရိကန်ပြည်ထောင်စုကို သူတို့ ရောက်ရှိ
လာခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး နဲ့ နိုင်ငံခြားရေးဆိုင်ရာ
အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောဆိုလိုက်ပါတယ်။ဇွန်လ ၁၃ရက်နေ့ နေ့လည်က ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွှတ်တော်ရေးရာ စနစ်တွေကို လေ့လာဖို့ အကောင်းဆုံး နေရာဟာ အမေရိကန်ပြည်ထောင်စုဖြစ်တယ်
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ဒါ့အပြင် ဦးရွှေမန်းပြောကြားခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ကျင့်ထုံးတွေ၊ လုပ်နည်း ကိုင်နည်းတွေ ကို ပြည်သူတွေက လေ့လာသင်ကြားရမှာဖြစ်သလို၊ နှစ်ပေါင်းများစွာ အမိန့်ပေး အုပ်ချုပ်မှုစနစ် ကနေ ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကြောင့် အခုအခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခန်းကဏ္ဍက တာဝန်ရှိသူတွေ ကလည်း ဒီမိုကရေစီ ကျင့်ထုံးတွေ လုပ်နည်းကိုင်နည်းတွေ ကို လေ့လာ သင်ယူကြရ မှာဖြစ်တယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဟာ အရင်တုန်းက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုပဲ အကာအကွယ်ပေး ခဲ့ပြီးတော့ ပြည်သူတွေ ကို အကာအကွယ်မပေးခဲ့ဘူး။ ဒီမိုကရေစီ လုပ်ပုံ လုပ်နည်းတွေမှာ အစိုးရတွေဟာ တာဝန်ခံမှုရှိရသလို ဥပဒေပြုသူတွေကလည်း ဒါတွေကို ဖြည့်စည်း လုပ်ဆောင်ပေးရမြှာ
အမျိုးသမီးရေးရာမေးခွန်းတွေ
“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သိရပါတယ်။ ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေ့လာ သုံးသပ်ပြီး ပြင်ဆင် သင့်တာတွေ ပြင်ဆင်နိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပေးလိုက်တဲ့ကော်မရှ
ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ် မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး
ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”
ဝါရှင်တန်ဒီစီမြို့တော်လေ့လ
“တိုတိုနဲ့ရှင်းရှင်းပြောရမ
ဦးရွှေမန်းဟာ ဇွန်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ နယူးယောက်မြို့ကို ထွက်ခွာသွားပြီးတော့ ဇွန်လ ၁၄ရက်နေ့မှာတော့ GOOGLE ကုမ္ပဏီဥက္ကဌ၊ နယူးယောက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Chuck Schumer နဲ့တွေ့ဆုံမှာဖြစ်သလို၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုလည
From....ဗွီအိုအေ သတင်းဌာန
No comments:
Post a Comment