www.eleven-myanmar.com (အင်္ဂလိပ်) |
Eleven Media Group ၏ အင်္ဂလိပ်ဘာသာဖြင့် လွှင့်တင်ထားသော
www.elevenmyanmar.com တိုက်ခိုက်ခံရသည့်အတွက် အဆိုပါ ၀က်ဘ်ဆိုက်သို့
စာဖတ်သူများ ၀င်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက် ညပိုင်းက BHG အမည်ရှိ ဟက်ကာအဖွဲ့ တစ်ခုက
www.elevenmyanmar.com အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရေးသားချက် တွင် Eleven
Media Group CEO အား ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများကို
ထည့်သွင်းရေးသားခဲ့ကြောင်း သိရသည်။
ဇွန် ၇ ရက် The Daily Eleven သတင်းစာ၏ "နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ"
ဟူသည့် ခေါင်း စဉ်ဖြင့် ရေးသားခဲ့သော အယ်ဒီတာ့အာဘော် ပါရှိခဲ့ပြီးနောက် ဇွန်
၈ ရက်တွင် တိုက်ခိုက်ခံခဲ့ ရခြင်းဖြစ် သည်။ အဆိုပါ အယ်ဒီတာ့အာဘော်၌
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍
သုံးသပ်ရေးသား ခဲ့ပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံသုံး၍
ဖန်တီးလှုံ့ဆော်မှုများ၊ ၀ါဒဖြန့်ချိမှုများ ရှိနေကြောင်း၊ နောက်ကွယ်မှ
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများကို ဖော်ထုတ် သင့်ကြောင်း စသည်ဖြင့်
ရေးသားခဲ့ခြင်း ဖြစ်သည်။
"လှုံ့ဆော်မှုတွေနဲ့ ပတ်သက်ရင် အရေးယူမှု အားနည်းတာကို ထောက်ပြတာပါ။
ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ
နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ပတ်သက်ပြီး
ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ
နောက်ကွယ် က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ဒါကို
နိုင်ငံတကာ ကလည်း သိနေပါတယ်။ ပြည်သူတွေကလည်း သိနေပါတယ်။ ဗုဒ္ဓဘာသာလည်း
ထိခိုက်ရတယ်။ ၀ါဒဖြန့်ချိ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ရတာတွေက တိုင်းပြည်ရဲ့
ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့
image လည်း ထိခိုက်တယ်။ ဒါ့ကြောင့် အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့လိုပြီး
သမ္မတမှာလည်း တာဝန်ရှိပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
လွှတ်တော်ကလည်း ၀ါဒဖြန့်ချိရေး ယန္တရားနဲ့ ပတ်သက်ပြီး ဖိအားပေးစေ ချင်ပါတယ်။
လူများစု ဗုဒ္ဓဘာသာ ၀င်တွေကို လှုံ့ဆော်ပြီး လူနည်းစု မွတ်စလင်တွေကို
ဝိုင်းပယ်ဖို့၊ မွတ်စလင် စီးပွားရေးတွေ သပိတ်မှောက်ဖို့ အမုန်းပွား
လှုံ့ဆော်မှု (Hate campaign)တွေကို ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။
ပြည်သူတွေ နားမယောင်ဖို့ အရေးကြီးပါတယ်။ ဒါတွေဟာ အာဏာရှင်ဝါဒ ဖြန့်ချိရေး
ယန္တရားရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ်" ဟု Eleven Media Group ၏ CEO
ဒေါက်တာသန်းထွဋ်အောင် က ပြောပါ သည်။
လူများစု ဗုဒ္ဓဘာသာဝင်တွေကိုလှုံ့ဆော်ပြီး လူနည်းစုမွတ်စလင်တွေကိုဝိုင်းပယ်ဖို့၊ မွတ်စလင် စီးပွားရေးတွေ သပိတ်မှောက်ဖို့ အမုန်းပွားလှုံ့ဆော်မှု (Hate campaign)တွေကို ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး။ ပြည်သူတွေ နားမယောင်ဖို့ အရေးကြီးပါတယ်။ ဒါတွေဟာ အာဏာရှင်ဝါဒ ဖြန့်ချိရေး ယန္တရားရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ပါတယ် . . . . . |
ဝါဒဖြန့်ချိရေး ယန္တရား အားကောင်းနေဆဲဖြစ်ပြီး လူထုမောင်ကာဠု၊ We love
True၊ Opposite eye ကဲ့သို့သော ၀ါဒဖြန့် လှုံ့ဆော်မှုများ ပြုလုပ်နေသည့်
facebook account များတွင် အခြားသူများ အလွယ်တကူ မသိနိုင်သည့် အစိုးရနှင့်
တပ်မတော်၏ အတွင်းသတင်း အချို့ကို ဖော်ပြရေးသားခြင်း၊ အစိုးရကို
ထောက်ခံခြင်း၊ သမ္မတကြီးအား ပုဂ္ဂိုလ်ရေး ထောက်ခံခြင်းများ၊ အတိုက်အခံနှင့်
လွှတ်တော်၊ မီဒီယာများကို ပုတ်ခတ်ရေးသား ခဲ့ကြသည်။
Eleven Media Group သည် The Daily Eleven နေ့စဉ် သတင်းစာနှင့် Weekly
Eleven News ဂျာနယ်၊ First Eleven Sports ဂျာနယ်၊ Premier Eleven Sports
ဂျာနယ်တို့ကို ထုတ်ဝေလျက်ရှိပြီး www.news-eleven.com(မြန်မာ)၊
www.eleven-myanmar.com(အင်္ဂလိပ်)၊ Eleven Media Group facebook
တို့တွင်လည်း သတင်းများ ၀င်ရောက်ဖတ်ရှု နိုင်ပါသည်။
Eleven Media Group ၏ www.elevenmyanmar.com (အင်္ဂလိပ်) ၀က်ဘ်ဆိုက်အား
ပထမဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး www. news-eleven.com
(မြန်မာ)၀က်ဘ်ဆိုက်နှင့် Facebook တို့သည်လည်း ယခုကဲ့သို့
တိုက်ခိုက်ခံရမှုများ ရှိခဲ့ပြီး ဖြစ်သည်။
Eleven Media Group ၏ အင်္ဂလိပ်ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး မိနစ်ပိုင်း
အတွင်းမှာပင် လူထုမောင်ကာဠု၊ We love True အစရှိသော ၀ါဒဖြန့်ချိရေး
သမားများ၏ Facebook စာမျက်နှာများတွင် ဤသတင်းအား ဖော်ပြခဲ့ပါသည်။
Eleven Media Group
No comments:
Post a Comment