နစ်ဝေါလန်ဒါ အမည်ရှိ ကျွမ်းဘား ကစားသမား
တစ်ဦးသည် ဇွန် ၂၃ ရက်က အမေရိကန် ပြည်ထောင် စုရှိ နာမည်ကျော် Grand Canyon
ချောက်အပေါ်မှ အန္တရာယ်ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများ မပါဘဲ
ကြိုးတန်းပေါ်တွင် အောင်မြင်စွာ လမ်းလျှောက် ပြနိုင်ခဲ့ကြောင်း သိရသည်။
Grand Canyon ချောက်ကို
လမ်းလျှောက်ပြသရာတွင် ၅ စင်တီမီတာ အထူရှိ ကေဘယ်လ် ကြိုးအား အသုံးပြုခဲ့သော်
လည်း ဘေးအန္တရာယ် ကင်းရှင်းစေရန် သိုင်းကြိုးကိုမူ ဝတ်ဆင်ခဲ့ခြင်း မရှိဟု
သိ ရသည်။
ဝေါလန်ဒါသည် Flying Wallendas ကျွမ်းဘား
မိသားစုမှ သတ္တမမြောက် မျိုးဆက်ဖြစ်ပြီး အသက်နှစ်နှစ် အရွယ်မှ စတင်၍ ၂ ပေ
အမြင့်ရှိ ကြိုးတန်းပေါ် တွင် စတင်လမ်းလျှောက် ခဲ့သည်ဟုသိရသည်။ From...မြ၀တီ
No comments:
Post a Comment