မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ပါက အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် UAB ဘဏ်မှ အမေရိကန်ဒေါ်လာငါးသောင်းအား ကနဦး အလှူငွေ အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း UAB ဘဏ်မှ ဒါရိုက်တာဖြစ်သူ ဦးသန်းဝင်းဆွေ မှပြောကြားခဲ့သည်။ ၎င်းမှ မလေးရှားနိုင်ငံက ဒုက္ခရောက်ပြီးပြန်လာတဲ့ မြန်မာလူမျိုးတွေ လိုအပ်တဲ့အခက်အခဲတွေ ဖြေရှင်းပေး ဖို့အတွက် ကနဦးအလှူငွေ ဒေါ်လာငါးသောင်း အသုံးပြုသွားပါမယ်။ ဒါ့အပြင် မြန်မာပြည်ပြန်ရောက်လျှင် အလုပ်အကိုင် အစဉ်ပြေစေဖို့ IGE Group UAB ဘဏ်ခွဲတို့ရဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ၀န်ထမ်း လစ်လပ်နေရာတွေကိုဦးစားပေးခန့်အပ်သွားမှာဖြစ်ပါတယ်။ ပြန်လာတဲ့မြန်မာလူမျိုးတွေကူညီဖို့အတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားပြီး ငွေကြေးလည်း ထပ်မံလှူဒါန်းသွားမှာဖြစ်ပါတယ်ဟု ပြောဆိုသွားသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက်ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံသား တို့အား မြန်မာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ IGE Group မှ ဦးနေအောင်တို့က ငွေကြေးအများ အပြားလှူဒါန်းခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြကြောင်း သိရှိရသည်။ သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း Eleven Media Group အွန်လိုင်းသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။
No comments:
Post a Comment