(ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊
ဖုန်(၁)လုံး၊ SURF ကား(၁)စီး ၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု
သတင်း )
(သတင်းရယူဖမ်းဆီးမှု)
၂၅-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ
တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေး ၀ါးများ ရောင်းချရန် သယ်ဆောင်လာမည် ဖြစ်ကြောင်း
သတင်းအရ သက်သေများနှင့်အတူ မြစ် ကြီးနားမြို့ ၊ မြို့ သစ်ကြီးရပ်ကွက်၊
စက်မှုလယ်ယာရုံး အနီး မြို့ ပတ်လမ်းပေါ်တွင် မြစ်ကြီးနားမှ ဖားကန့် သို့
ထွက်ခွာမည့် ယာဉ်အမှတ် ၅က/၇၉၂၇ ဗင်ကား အဖြူရောင်အား ရပ်တန့်
စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးမိ
ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည်
ဒေါ်ဒူးဂျီဖူ(မ) သယ်ဆောင်လာသော ပလပ်စတစ်ခြင်း အား နှစ်ထပ် အံဝှက်
ပြုလုပ်ထားသည့် အတွင်း ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၀)ခွက်အတွင်းမှ
စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၂၄၉.၈)ဂရမ်ခန့် (တစ်ဂရမ်လျှင်
၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၁၉၉၈၄၀၀၀ိ/-) (တစ်ရာ ကိုးဆယ့်ကိုးသိန်း -
ရှစ်သောင်း လေးထောင်ကျပ်တိတိ) နှင့် အပြာရောင် ကပ်ခွာ အိတ်ငယ်များဖြင့်
ထည့်လျက် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၅၀၀)ပြား (တစ်ပြားလျှင်
၃၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး အား ၇၅၀၀၀၀၀ိ/-)(ခုနှစ်ဆယ့်
ငါးသိန်းကျပ်တိတိ) တို့အား ရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သဖြင့်
ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ကမ်းနားလမ်းနေ
ဦးဆီရဲ့ ဟဲ့(ကျား)ထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၄င်းတို့
(၂)ဦးအား မြစ်ကြီးနားနယ်မြေ ရဲစခန်းမယ(ပ) ၈၆/
၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
(ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှု)
မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် ၂၅-၇-၂၀၁၃ ရက်နေ့ ၁၂၀၀
အချိန် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ရပ်ကွက်(၁)နေ အထက်ပါအမှုမှ
ကွင်းဆက်တရားခံ ဦးဆီရဲ့ ဟဲ့ ၏ နေအိမ်အား ၀င်ရောက်
စစ်ဆေးရှာဖွေခဲ့ရာ
၎င်း၏နေအိမ် အိပ်ခန်း ကုတင်ဘယ်ဘက်ရှိ သစ်သားနံရံအား အံဝှက်ပြုလုပ်
သိမ်းဆည်းထားသည့် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၉)ခွက်အတွင်းမှ စုစုပေါင်း
ဘိန်းဖြူမှုန့် အလေးချိန်(၃၄၂)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့်
ကာလတန်ဖိုး ၂၇၃၆၀၀၀၀ိ/-)(နှစ်ရာ ခုနှစ်ဆယ့် သုံးသိန်းခြောက်သောင်း
ကျပ်တိတိ)၊ မူးယစ် ဆေးဝါးရောင်းချရငွေ (၁၆၇၅၄၀၀၀ိ/-) (တစ်ရာခြောက်ဆယ့်
ခုနှစ်သိန်း ငါးသောင်း လေးထောင်ကျပ်တိတိ)၊ မူးယစ်ဆေးဝါးရောင်းချရာတွင်
အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊
၎ခ/၈၁၇၃ နံပတ်ပါ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး (၂၈) တုံး (အလေးချိန် ၁၈၆.၄)ပိဿာ တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မြစ်ကြီးနားမြို့ မ
ရဲစခန်းမယ(ပ) ၆၃/ ၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ
ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
by Myanmar News Now
တရားခံများ၏ ကိုယ်ရေးအချက်အလက်များ
(က)ဒေါ်ဒူးဂျီဖူ(မ)၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအာခီးဟူး၊ ၁/ပတအ(နိုင်)၀၂၀၁၆၁၊
ပိတောက်မြိုင်ကျးရွာ၊ မြစ်ကြီးနားမြို့ နယ်။
(ခ)ဆီးရဲ့ ဟဲ့(ကျား)၊ အသက် ၇၅ နှစ်၊ (ဘ)ဦးယိုအာကျော၊
၁/ပတအ(နိုင်)၀၂၅၈၆၆၊ အိမ်အမှတ် (၁/၉၀)၊ နယ်မြေ(၁)၊ မန်ခိန်ရပ်ကွက်၊
မြစ်ကြီးနားမြို့ ။
Shwemyanmar media group
(ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊ ဖုန်(၁)လုံး၊ SURF ကား(၁)စီး ၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု သတင်း )
(သတင်းရယူဖမ်းဆီးမှု)
၂၅-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေး ၀ါးများ ရောင်းချရန် သယ်ဆောင်လာမည် ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့်အတူ မြစ် ကြီးနားမြို့ ၊ မြို့ သစ်ကြီးရပ်ကွက်၊ စက်မှုလယ်ယာရုံး အနီး မြို့ ပတ်လမ်းပေါ်တွင် မြစ်ကြီးနားမှ ဖားကန့် သို့ ထွက်ခွာမည့် ယာဉ်အမှတ် ၅က/၇၉၂၇ ဗင်ကား အဖြူရောင်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးမိ ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ဒေါ်ဒူးဂျီဖူ(မ) သယ်ဆောင်လာသော ပလပ်စတစ်ခြင်း အား နှစ်ထပ် အံဝှက် ပြုလုပ်ထားသည့် အတွင်း ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၀)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၂၄၉.၈)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၁၉၉၈၄၀၀၀ိ/-) (တစ်ရာ ကိုးဆယ့်ကိုးသိန်း - ရှစ်သောင်း လေးထောင်ကျပ်တိတိ) နှင့် အပြာရောင် ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၅၀၀)ပြား (တစ်ပြားလျှင် ၃၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး အား ၇၅၀၀၀၀၀ိ/-)(ခုနှစ်ဆယ့် ငါးသိန်းကျပ်တိတိ) တို့အား ရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးဆီရဲ့ ဟဲ့(ကျား)ထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၄င်းတို့ (၂)ဦးအား မြစ်ကြီးနားနယ်မြေ ရဲစခန်းမယ(ပ) ၈၆/
၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
(ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှု)
မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် ၂၅-၇-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ရပ်ကွက်(၁)နေ အထက်ပါအမှုမှ ကွင်းဆက်တရားခံ ဦးဆီရဲ့ ဟဲ့ ၏ နေအိမ်အား ၀င်ရောက်
စစ်ဆေးရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်း ကုတင်ဘယ်ဘက်ရှိ သစ်သားနံရံအား အံဝှက်ပြုလုပ် သိမ်းဆည်းထားသည့် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၉)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန်(၃၄၂)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၂၇၃၆၀၀၀၀ိ/-)(နှစ်ရာ ခုနှစ်ဆယ့် သုံးသိန်းခြောက်သောင်း ကျပ်တိတိ)၊ မူးယစ် ဆေးဝါးရောင်းချရငွေ (၁၆၇၅၄၀၀၀ိ/-) (တစ်ရာခြောက်ဆယ့် ခုနှစ်သိန်း ငါးသောင်း လေးထောင်ကျပ်တိတိ)၊ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊
၎ခ/၈၁၇၃ နံပတ်ပါ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး (၂၈) တုံး (အလေးချိန် ၁၈၆.၄)ပိဿာ တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မြစ်ကြီးနားမြို့ မ ရဲစခန်းမယ(ပ) ၆၃/ ၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
by Myanmar News Now
တရားခံများ၏ ကိုယ်ရေးအချက်အလက်များ
(က)ဒေါ်ဒူးဂျီဖူ(မ)၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအာခီးဟူး၊ ၁/ပတအ(နိုင်)၀၂၀၁၆၁၊
ပိတောက်မြိုင်ကျးရွာ၊ မြစ်ကြီးနားမြို့ နယ်။
(ခ)ဆီးရဲ့ ဟဲ့(ကျား)၊ အသက် ၇၅ နှစ်၊ (ဘ)ဦးယိုအာကျော၊
၁/ပတအ(နိုင်)၀၂၅၈၆၆၊ အိမ်အမှတ် (၁/၉၀)၊ နယ်မြေ(၁)၊ မန်ခိန်ရပ်ကွက်၊
မြစ်ကြီးနားမြို့ ။
No comments:
Post a Comment