
ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့်လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရသိရသည်။
''ရွှေဈေးနှုန်းဟာ အမေရိကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လိုထားသလဲ ဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့်မှန်းသည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာ ရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာကများတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ် ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြော သည်။
Yangon Media Group
ညီလတ်
No comments:
Post a Comment