အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့ နယ်ရှိ မြကန်သာ သောက်ရေကန် အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့
အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက်
လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ
သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း
သတင်းရရှိသည်။
ထိုသို့ လူစုလူဝေး ဖြစ်ပေါ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ
အကြောင်းကြားခဲ့သဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊
မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊
မြို့နယ် ကျန်းမာရေး ဦးစီးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့တို့မှ
ယင်းရေကန်သို့ သွားရောက်ပြီး စစ်ဆေး ခဲ့ပြီး ရေကန်အတွင်းရှိ
ရေနမူနာများကိုယူကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ဓာတ်ခွဲခန်းသို့
ပေးပို့စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြောဆိုသည့် ဦးထွန်းထွန်းအား
သာကေတမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှကိုယ်တိုင်
မြင်တွေ့ခြင်းမရှိဘဲ ရေများပြာနေကြောင်း အမည်မသိ အမျိုးသမီးကပြော၍
သိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ခဲ့သည်ဟု
ထွက်ဆိုခဲ့ သည်။
Eleven Media Group
No comments:
Post a Comment