ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ် ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်လိုက်ပါတယ်။
ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။
"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ် လို့ပြောတယ်။မိတ္ထီလာကရ တဲ့ သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင် လဲ ရိုးရိုးပေးလို့ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်း ချက်ပေး သင့်တာပေါ့"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြော ဆိုခဲ့ တာဖြစ် ပါတယ်။
တဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။
နိုင်ငံရေးသမားတချို့က ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအစား လုံးဝအသစ် ရေးဆွဲဖို့ ပြောဆိုနေ ကြပေမယ့် လက်တွေ့ဘယ်လို အကောင်အထည် ဖေါ်နိုင်မလဲဆိုတဲ့ နည်းလမ်း ကိုတော့ အကြံပြုခြင်းမရှိကြဖူးလို့လ ည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
"လွှတ်တော်ထဲမှာဆိုရင် ကော်မတီထဲမှာလည်း အမတို့ ကိုယ်စားလှယ်တွေ ပါတယ်။အမတို့ကိုယ်စားလှယ်တွေကလဲ တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် ကြိုးစားမှာပေါ့၊တစ်ချို့ကျ တော့လည်း ကော်မတီက အစီရင်ခံစာကို ဒီဇင်ဘာလမှာ သွင်းရမယ်ဆိုတာ မြန်လွန်းတယ်တောင် ပြောတဲ့သူတွေ ရှိပါတယ်"
ဒါ့အပြင် သမ္မတနဲ့ လွှတ်တော်အကြားကပြသနာ၊ အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခ လစာပြဌာန်းရေးနဲ့ အလယ်တန်းပြ ဆရာမတဦးကို အလုပ်က ထုတ်ပယ်လိုက်တဲ့ ကိစ္စ အပါအဝင် ဝေဖန်ပြောကြားချက် အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။
ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။
"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ် လို့ပြောတယ်။မိတ္ထီလာကရ
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြော ဆိုခဲ့ တာဖြစ် ပါတယ
တဆက်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့
နိုင်ငံရေးသမားတချို့က ဖွဲ့စည်းပုံကို ပြင်ဆင်ရေးအစား လုံးဝအသစ် ရေးဆွဲဖို့ ပြောဆိုနေ ကြပေမယ့် လက်တွေ့ဘယ်လို အကောင်အထည် ဖေါ်နိုင်မလဲဆိုတဲ့ နည်းလမ်း ကိုတော့ အကြံပြုခြင်းမရှိကြဖူးလို့လ
"လွှတ်တော်ထဲမှာဆိုရင် ကော်မတီထဲမှာလည်း အမတို့ ကိုယ်စားလှယ်တွေ ပါတယ်။အမတို့ကိုယ်စားလှယ်တေ
ဒါ့အပြင် သမ္မတနဲ့ လွှတ်တော်အကြားကပြသနာ၊ အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခ လစာပြဌာန်းရေးနဲ့ အလယ်တန်းပြ ဆရာမတဦးကို အလုပ်က ထုတ်ပယ်လိုက်တဲ့ ကိစ္စ အပါအဝင် ဝေဖန်ပြောကြားချက် အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။
RFA
No comments:
Post a Comment