မိုးရာသီကာလအတွင်း မြန်မာ့လေကြောင်းမှ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိအချို့ မြို့များကို လေယာဉ်လက်မှတ် ဈေးနှုန်းလျှော့ချကာ ရောင်းချပေးနေကြောင်း မြန် မာ့လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေယာဉ်လက်မှတ် ရောင်းချရာတွင် ပန်ကာတပ် ရိုးရိုးလေယာဉ်နှင့် ဂျက်လေယာဉ်တို့အတွက် ဈေးနှုန်း ခွဲခြား သတ်မှတ်ထားပြီး စစ်တွေနှင့် ရန်ကုန်-ကော့သောင်းနှင့် ထားဝယ်-ကော့သောင်းနှင့် မြိတ်- ရန်ကုန်နှင့် ထားဝယ်တို့အတွက် မိုးရာသီအတွင်း ဈေးနှုန်းလျှော့ချပေးပြီး နောင်ရာသီများ အတွက်လည်း အဆိုပါအစီအစဉ်မျိုး ရှိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
ဈေးနှုန်းလျှော့ချရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပြည်သူများဈေးနှုန်း သက်သာလွယ်ကူစွာ ခရီး သွားနိုင်စေရန် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment