နေပေါ်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုတစ်ခုကြောင့် ရောင်ခြည်စက်ဝန်း ထုတ်လွှတ်မှုများ အရှိန်မြင့်ကာ ကမ္ဘာ သို့ သက်ရောက်လာနိုင်ကြောင်း၊ ထိုသက်ရောက်မှုဒဏ်ကြောင့် ဂြိုဟ်တုနှင့် အီလက်ထရွန်နစ်စနစ်များ ပျက် စီးနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အာကာသသိပ္ပံစခန်း NASA က ထုတ်ပြန် ကြေညာထားသည်။
NASA ၏ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော သတင်းများအရ နေပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ် ပွားပြီး ထိုအရှိန်ကြောင့် ရောင်ခြည်များဖြာထွက်ကာ နေမုန်တိုင်းနှင့် သံလိုက်စက်ကွင်း ထုတ်လွှတ်မှု အာကာသအတွင်း ပိုမိုမြင့်မားလာနိုင်သည်ဟု ယင်းအာကာသအဖွဲ့က ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် အာကာသအတွင်း အမှုန်တန်ပေါင်း ဘီလီယံနှင့်ချီကာ ထွက်ပေါ်လာနိုင်ပြီး၊ ကမ္ဘာသို့သုံးလေးရက် အတွင်း ရောက်လာနိုင်ကြောင်း NASA က သတိပေး ထားသည်။
The Voice Weekly
No comments:
Post a Comment