ချဲလ်ဆီးကွင်းလယ်လူ မီခေးလ်ကအီတူးအနေဖြင့် အကောင်းဆုံးပုံစံ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းေ ထာ က် ခံ အားပေးသွားခဲ့သည်။
အီတူးမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် အန်ဇီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိ လာသူဖြစ် ပြီး အဲဗာတန်ကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့သည်။
သို့သော် ၎င်းမှာ အဆိုပါပွဲစဉ်တွင် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော် လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့် အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ဘောလုံးလောကနှင့် အသားကျ ရန်အတွက် အီတူးကို အချိန်ပေးရမည်ဟုလည်း မီခေးလ် က ထောက်ပြခဲ့သည်။
“အီတူးဟာ ထူးထူးခြားခြား လုပ်ပြနိုင်တဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူ့ကစားပုံကြောင့် အခွင့် အရေး တော်တော်များများ ရရှိခဲ့ပြီး ဒီအတွက်လည်း မော်ရင်ဟိုက သူ့ကို ခေါ်ယူခဲ့တာပါ။ အင်္ဂလန် ဘော လုံးလော က နဲ့ အသားကျဖို့ ခက်ခဲပြီး အီတူးကတော့ ပထမဆုံး ပွဲမှာတောင် လှလှပပလုပ်ပြနိုင် ခဲ့ပါတယ်” ဟု မီခေးလ်က ချီးကျူးသွားခဲ့သည်။
သို့သော် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုမှာမူ အဲဗာတန်ကို ရှုံးနိမ်ခဲ့သည့် ပွဲစဥအပြီး အသင်း၏အဆုံးသတ်ပိုင်း အားနည်းမှုကို ညည်းညူသွားခဲ့သည်။
YoYarLay
No comments:
Post a Comment