ရန်ကုန်မြို့
ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်တွင် တည်ဆောက်နေသော ဗိုလ်ဗထူး
တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရန်ကုန်မြို့တွင် ဆောက်လုပ်နေသည့် တန်ဖိုးသင့် အိမ်ရာများကို
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအမံဖြင့် ရောင်းချမည် ဖြစ်သော်လည်း
အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေနည်း ပြည်သူများကို စိစစ်ရွေးချယ်
ဝယ်ယူခွင့်ပြုမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က
ပြောကြားသည်။
ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ
ရောင်းချဖြန့်ဖြူးရေးတွင် အစိုးရ ၀န်ထမ်းများ အပါအ၀င် ၀င်ငွေအလယ်အလတ်နှင့်
ဝင်ငွေနည်း ပြည်သူလူထုများထဲမှ ၀ယ်ယူခွင့်ပြုသင့်သည့် ဦးစားပေး
အခြေခံရမည့် အချက်အလက်များ (Criteria) သတ်မှတ်၍ စိစစ်ရွေးချယ်
ဝယ်ယူခွင့်ပြုရေး စီမံဆောင်ရွက် သွားမည်ဟု ဦးစိုးတင့်က ဆက်လက်
ပြောကြားသည်။
အဆိုပါ အိမ်ရာစီမံကိန်းများအပြင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င်
တိုင်းဒေသကြီး/ပြည်နယ်များတွင် လူနေထိုင်ရန် အရန်မြေများ သတ်မှတ်ပြီး
အိမ်ရာဘဏ္ဍာငွေ အစီအမံများ ချမှတ်၍ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ
စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်
အစိုးရများနှင့် ပူးပေါင်းဆောင်ကာ စီမံဆောင်ရွက်မည်ဟု သိရသည်။
တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ
အစိုးရ၀န်ထမ်းများ အပါအ၀င် ၀င်ငွေအလယ်အလတ်နှင့် ၀င်ငွေနည်းပြည်သူ
မိသားစုများ အိမ်ပိုင်ရာပိုင် ဖြစ်လာစေရန် ရည်မှန်းဆောက်လုပ်
ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ဆိုသည်။
သို့သော် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ်
အိမ်ရာစီမံကိန်းများသည် အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၂၀၀ ခန့်အထိ
ပါဝင်သဖြင့် သာမန်အခြေခံ လူတန်းစားများ လက်လှမ်းမမီသည့် ဈေးနှုန်းများ
ဖြစ်နေသည်။
Eleven
ဝင်ငွေနဲသူတွေကို အဓိကထားရောင်း
ReplyDeleteသူတို့ကတဆင့် မ နေပဲ စီးပွါးရေးသမားတွေလက်ထဲ ပြန်ရောင်း
စီးပွားရေးသမားက အမြတ်တင်ပြီး ပြန်ရောင်း
အိမ်မရှိတဲ့သူက နကိုအတိုင်း ဒုံရင်းပြန်ရောက်
လုပ်ပြီးဘာမှထူးလာမှာ မဟုတ်ပါဘူး
နှစ်ဦးနှစ်ဘက် အကျိုးရှိအောင် စဉ်းစားစေချင်ပါတယ်။