
မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။
" ဒီဆိုးဆေး ပါတဲ့ အစားအသောက် တွေကြောင့် မြန်မာနိုင်ငံမှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ် ထက် တစ်နှစ်ပိုပြီး မြင့်တက်လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့အတွက် မြန်မာနိုင်ငံသားတွေ အစား အသောက် ကော ၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့် ဟု သိရသည်။
ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာ လုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ် ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။
( သိုက်ရာဇာ )
Posted From The Myawady Daily
No comments:
Post a Comment