ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့်
အခင်းဖြစ်ပွားရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေရာအား
တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက
ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို
ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့်
ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမှင်ရောင်ကားကို
မောင်းနှင်သည့် အမျိုးသားတစ်ဦးက ညဘက်ယာဉ်စစ်ဆေး ဆောင်ရွက်နေသည့်
ရဲတပ်ဖွဲ့ဝင်များကို ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ
ဒုရဲအုပ်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၉ ရက်
မွန်းလွဲပိုင်းတွင် ယာဉ်လိုင်းအမှတ် ၁၈၇ ခရီးသည်တင် ယာဉ်တစ်စီး၏
ယာဉ်မောင်းဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူမှုကြောင့် မကျေမနပ်ဖြစ်ကာ
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်တို့
ဖြစ်ပွားခဲ့သည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး ၀င်းကြည်က "ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်တဲ့
သူတွေကို ဖမ်းဆီးတဲ့အခါ အသာတကြည် အဖမ်းခံဖို့ လိုတယ်။ ဖမ်းတဲ့သူကို
စစ်ဆေးမှုတွေ ပြုလုပ်လို့ မရအောင် ဟန့်တားလာတဲ့ အပိုင်းကို ရှောင်ကြဉ်ဖို့
လိုပါတယ်" ဟု ပြောကြားသည်။
Eleven
No comments:
Post a Comment