တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်
ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် စက်တင်ဘာ ၇
ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးကျော်မိုးနိုင်က တရားဥပဒေ
စိုးမိုးရေး ကိစ္စသည် တရားစီရင်ရေး ကဏ္ဍ တစ်ခုတည်းပေါ်တွင် အခြေမခံကြောင်း၊
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှသာ
တရားဥပဒေ စိုးမိုးမှု ရှိနိုင်မည်ဟု ပြောကြားခဲ့သည်။
ရှေ့နေများအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဦးဝင်းစိန်က တရားဥပဒေ
ရေးဆွဲရာတွင် အများပြည်သူများ လိုက်နာနိုင်သည်ကိုသာ ရေးဆွဲရန် လိုကြောင်း၊
မလိုက်နာနိုင်သည်များကို ရေးဆွဲပါက မမျှတမှု မရှိသလို ပြဿနာများနှင့်
အငြင်းပွားမှုများ ဖြစ်လာတတ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဦးမြင့်ဆွေ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်၊
ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ပြည်ထဲရေး ၀န်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်
ဦးကျော်မိုးနိုင်၊ ရှေ့နေများအသင်း (ရန်ကုန်)နှင့် ရှေ့နေများကွန်ရက်မှ
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Eleven
No comments:
Post a Comment