ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။
ထိုသို့ WiFi အင်တာနက်စနစ် ရရှိစေရန် ဆောင်ရွက်ရာတွင် ဈေးများ၊ အများ ပြည်သူနှင့် သက်ဆိုင် သည့် နေရာများ၊ တက္ကသိုလ်များ၊ လေဆိပ်၊ ဘူတာရုံများနှင့် အဝေးပြေး ကားဂိတ်များတွင် အင်တာနက် အသုံးပြုနိုင် ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။''သုံးစွဲသူတွေအတွက် အမြဲတမ်း ဆက်သွယ်မှု ရနေမယ့် ၀န်ဆောင်မှု ကို ပေး ချင် တယ်။ WiFi ကိုလည်း အခု ကျွန်တော်တို့ ရန်ကုန်မြို့ပေါ် မှာပေးဖို့ လုပ်ထားတဲ့ အစီအစဉ်တွေ ရှိတယ်။ တရားဝင် လုပ်ခွင့်ရဖို့ ကတော့ MPT က ခွင့်ပြုပေးမယ့် အချိန်ကို စောင့်နေတယ်။ ခွင့်ပြုချက် ရရင် တန်းပြီးလုပ်လို့ရပြီ။ ရန်ကုန်တစ်မြို့လုံးမှာ နေရာအများကြီး လျာထားပါတယ်'' ဟု Red Link မှ ဒုတိယဥက္ကဋ္ဌနှင့် ပူးတွဲ တည်ထောင်သူ ကိုသိန်းသန်းတိုးက ပြောကြားသည်။ အများပြည်သူသို့ ၀န်ဆောင်မှု ပေးရာ တွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ကဲ့သို့ နေရာများတွင်မူ အခမဲ့ အသုံးပြုနိုင် ရန် လုပ်ဆောင် ပေးသွားမည် ဖြစ် သည်။
Eleven Media Group
No comments:
Post a Comment