
(အထူးတပ်ဖွဲ့ Special Task Force ရဲ့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားပို့ချနေတဲ့ ဒုရဲအုပ် ဒေါ်ဇာဇာအောင် ရဲ့ ပုံကို ဂျာနယ်မျက်နှာဖုံးမှာ အခုလို တွေ့ရပါတယ်)
ကိုယ်ရံတော်အမည်က ဒုရဲအုပ် ဒေါ်ဇာဇာအောင်။ ၂၀၀၃ မုံရွာတက္ကသိုလ် သမိုင်းအဓိကနဲ့ ဘွဲ့ရ။
သင်တန်းမှာ အကောင်းဆုံးသင်တန်းသား၊ သေနတ်ပစ် လက်အဖြောင့်ဆုံး။
အထူးတပ်ဖွဲ့ဝင် ၂ဝဝ ထဲက ဆန်ခါတင်ရွေးချယ်ထားတဲ့ သမ္မတလုံခြုံရေးအရာရှိများထဲက အမျိုးသမီး ၄ ဦးထဲမှာ သူက တယောက်အပါအ၀င် ဖြစ်တယ်၊ ဦးသိန်းစိန် သမ္မတရာထူးရကတည်းက ကိုယ်ရံတော် တာဝန် ထမ်းခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ပိန်ပိန်သွယ်သွယ် သာမန်အရပ်သူ လို့ ထင်ရပေမယ့် ယောက်ျားကြီးငါးယောက်လောက်ကို တပြိုင်နက် လှဲသတ်နိုင်တဲ့အထိ အသတ်အပုတ်ကျွမ်းကျင်ကြောင်း ညွှန်းထားပါတယ်။
ဆောင်းပါးရှင် သတင်းထောက် အေးသူစံရဲ့ ဒီမျက်နှာဖုံးဆောင်းပါးကို စာဖတ်သူ အများအပြားက သဘောကျနေကြပါတယ်။
ဧရာဝတီblog
No comments:
Post a Comment