ပုဂံဒေသသို့
ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာခြင်းနှင့်အတူ
ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသတွင်း ၀င်ရောက်လာသော ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ၎င်းတို့၏ ငွေကြေးပစ္စည်းများ လုံခြုံရေးထိခိုက် ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရသကဲ့သို့ ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများထဲမှ အဆင့်အတန်း မရှိသော ဧည့်သည်တချို့၏ ကျူးလွန်လာမည့် ယဉ်ကျေးမှုနှင့် မှုခင်းဆိုင်ရာ ချိုးဖောက်မှုများ ကိုလည်း ဒေသခံအဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မကြာသေးမီက ပုဂံရွှေဆံတော်ဘုရားပေါ်တွင် စရိတ်ချွေတာသည့် အနေဖြင့် နိုင်ငံခြားသားတချို့ ညအိပ်ခြင်း၊ ဖိနပ်စီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။"ညအိပ်တာတေ
"ပြဿဒ်ကြီးတို့ ရွှေဆံတော်တို့ဆိုတာ လုံခြုံရေး ၂၄ နာရီရှိတဲ့ ဘုရားတွေပါ။ ညအိပ်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ပုဂံမှာက တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား တစ်ထောင်လောက် ၀င်တယ်။ ဒီမှာ နှစ်ရက်သုံးရက်နေ့ကျတော့ ခရီးသွားပေါင်း လေးငါးထောင်ရှိတယ်။ အ၀န်းအ၀ိုင်းကလည်း အကျယ်ကြီး။ ခရီးသွားတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာဖို့သင့်ပါတယ်"ဟု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ၊ပုဂံတပ်ဖွဲ့စုမှူး ဒုရဲမှူး ခိုင်ဝင်း က ပြောကြားသည်။
ထို့ပြင် ပုဂံဒေသတွင် ဧည့်လမ်းညွှန်မပါသော FIT ခရီးသွားတချို့သည် ရှေးဟောင်း သုတေသနဌာနမှ ခွင့်ပြုထားခြင်းလည်း မရှိသည့် ရှေးဟောင်းဘုရား တချို့အပေါ်တွင် နံနက်သို့မဟုတ် ညနေခင်းဘက်များတွင် တက်ရောက်ကာ ပုဂံရှုခင်းများ ကြည့်ရှုလေ့လာမှု ပြုနေခြင်းသည် မတော်တဆ ဖြစ်နိုင်ခြေ များပြားလှကြောင်း ဒေသခံဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားများပြားလာခြင်းနှင
Eleven
(ပုဂံရွှေဆံတော်စေတီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်နေကြစဉ်
)
(ပုဂံရွှေဆံတော်စေတီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်နေကြစဉ်
)
No comments:
Post a Comment