မန္တလေးတိုင်းဒေသကြီး
အတွင်း ဧရာဝတီမြစ် ပင်မရေလမ်း ဖွံ့ဖြိုးရေး အတွက် ရေလွှဲရေကာ လေးခု
တည်ဆောက်ရန် အတွက် ကျပ်သန်းပေါင်း ၄၀၀ ကျော် လျာထား
အသုံးပြုမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ရေအရင်းမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတာဝန်ရှိသူ ထံမှ သိရသည်။
"ရေလမ်းဖွံ့ဖြိုးဖို့ ဆိုရင် သောင်တူးရတာ ရှိတယ်၊ ရေလွှဲရေကာ ရိုက်ရတာ ရှိတယ်။ သောင်တူးတယ် ဆိုတာ တစ်ခါတူးပြီးရင် တစ်နှစ်တော့ ခံတယ်။ နောက်နှစ် ကျရင်တော့ ပြန်ပြီး သောင်ထွန်းတယ်။ ရေလွှဲရေကာ လုပ်တာကျတော့ ရေရှည် သောင်မထွန်းတော့တာပေါ့။ ရေလွှဲရေကာ လုပ်လို့ မရတဲ့ နေရာတွေ မှာတော့ သောင်တူး ရပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ရေ အရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီမြစ်နေရာ လေးခုတွင် ရေလွှဲရေကာတာ ရိုက် သင့်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားကာ အတည်ပြုပြီး ပါက အဆိုပါ ရေလွှဲရေကာများကို တံတားဦး မြို့နယ် လက်ဆောင်ယူ ရေလမ်း၊ နန်းတော်ကျွန်း ရေလမ်း၊ မန္တလေး ရေလမ်း၊ ကသာမြို့ အထက်ရှိ နုန်းဒေါက် ရေလမ်းတို့ တည်ဆောက်ခြင်း အပါအဝင် ရေလမ်းလေးခုရှိ ရေမြွှာပေါက်ကို ပိတ်ဆို့၍ ပင်မရေလမ်းကြောင်း ဖွံ့ဖြိုးရေးအတွက် ရေလွှဲရေကာ လေးခု တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဌာန ထံမှ ထပ်မံသိရသည်။

The Voice
No comments:
Post a Comment