အပြစ်မရှိတဲ့သမီးလေးကို ရေထဲလွှင့်ပစ်ပြီး သတ်ခဲ့တဲ့ ရက်စက်လှတဲ့ မိခင်
အပြစ်
မရှိ တဲ့ကလေးငယ် ကို ရေထဲ စွန့်ပစ်ပြီး သတ်ပစ် ခဲ့တဲ့မိခင်ကိုပြင်သစ်
ပြည်သူတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အသက်
(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါနိုင်ငံကနေ လာရောက်ပြီး ပြင်သစ်
နိုင်ငံမှာ အခြေကျ နေထိုင်နေ တဲ့ ကာဘူးဟာ သူ့ရဲ့ဘ၀နဲ့ လိုက်လျောညီထွေမှု
မရှိတာမို့ ကလေး ငယ်ကို ရေထဲ စွန့်ပစ်ဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ အသက်ဟာ (၁၅) လသာ ရှိသေးပြီး သမီးလေး ဖြစ် တယ်လို့ သိ ရပါတယ်။
ကာဘူးရဲ့သမီးငယ် အဒီ လိုင်ဒီဟာ ပြင်သစ်နိုင်ငံ ရှိ ရေ လက်ကြားတစ်ခုမှာ သေ
ဆုံးခဲ့ခြင်းဖြစ်ပြီး အလောင်းကို ငါးဖမ်း သမား တွေက တွေ့ရှိခဲ့ခြင်းဖြစ်ပါ
တယ်။
ပြင်သစ်ရဲတပ်ဖွဲ့တွေဟာ
DNA စစ် ဆေးချက် ရယူပြီး ကာဘူးကို ထိန်းသိမ်း လိုက်ခြင်းဖြစ်ပါတယ်။ CCYV
မှတ်တမ်းတွေ အရလည်း ကာဘူးဟာ အခင်းမဖြစ်မီတစ် ရက်မှာ ကလေးငယ်နဲ့
အတူရှိခဲ့တယ်လို့ သိရှိ ရပါတယ်။ ကာဘူးဟာ ပါရီမှာ အသက်(၆၃) နှစ်အရွယ်ရှိ
အမျိုးသားတစ်ဦးနဲ့ အတူ နေထိုင် လျက်ရှိပါ တယ်။ ကာဘူးရဲ့ အမျိုးသားဟာ လည်း
ကလေးငယ်ကို ချစ်ခင်နှစ်သက်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ကာဘူး ဟာ ကလေး
ငယ်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ တကယ်လို့ ကာဘူးအနေနဲ့
အပြစ်ရှိကြောင်း တွေ့ရှိခဲ့ ပါက သေဒဏ် ပြစ်ဒဏ်ချမှတ်ခံရ ဖွယ်ရှိနေပါတယ်။
ကာဘူးဟာ သူ့ရဲ့ကလေး ငယ်နဲ့အတူ ဆက်နေဖို့ မဖြစ်နိုင် တာကြောင့် စွန့်ပစ်ဖို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ထွက်ဆို ခဲ့ပါတယ်။ ကာဘူး ရဲ့ သနား ကြင်နာ
စိတ် မရှိ တဲ့ အပြု အမူကို ပြင်သစ်ပြည်သူတွေက စိတ် ဆိုး ဒေါသ ထွက်ခဲ့ပြီး
ကန့်ကွက် ဆန္ဒပြ မှုတွေ ပြု လုပ် ခဲ့ပါတယ်။ ပြင်သစ်တရားရေးဆိုင်ရာ
တာဝန်ရှိသူတစ်ဦးကတော့ ကာဘူးဟာ နောက် ထပ်အိမ်ထောင်ပြုလိုတာမို့ ကလေး ငယ်ကို
အပြတ်ရှင်းခဲ့တာ ဖြစ်ကြောင်း၊ ကာဘူးမှာ မည်သည့် စိတ် ဝေဒနာမှမရှိ ကြောင်း
ပြောကြား သွားခဲ့ပါ တယ်။ ၁၉၉၆ တုန်းကလည်း ဘယ်လ် ဂျီယံနိုင်ငံမှာ
ကလေးငယ် တစ်ဦးကို ရက်စက် စွာသတ်ဖြတ်ခဲ့ တဲ့သူကို လည်းကန့်ကွက် ဆန္ဒ ပြမှုတွေ
ပြုလုပ်ခဲ့ ဖူးတယ်လို့သိရပါတယ်။
By Messenger
No comments:
Post a Comment