Showing posts with label ပြည်ပအားကစား. Show all posts
Showing posts with label ပြည်ပအားကစား. Show all posts

Saturday, October 10, 2015

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အဂူရို ဒဏ်ရာရ

မန်ချက်စတာ- ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ အီကွေဒေါအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် အာဂျင်တီးနားအတွက် ကစားရင်းမန်စီးတီးတိုက်စစ်မှူးအဂူရိုသည် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည်။

Sunday, September 27, 2015

Breaking News: မက်ဆီအား ၂ လ ခန့် ကြာ လက်လွှတ်ရတော့မယ့် ဘာစီလိုနာ


ဘာစီလိုနာ အသင်း လက်စ်ပါးလ်မက်စ် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သော ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီ ဒဏ်ရာရ ရှိ သွားခဲ့သည်၊၊

Tuesday, July 22, 2014

ဂျူ ဗင်တပ်သို့ အီဗရာ ပြောင်းရွှေ့

Photo: ဂျူ ဗင်တပ်သို့ အီဗရာ ပြောင်းရွှေ့
Tuesday, July 22, 2014

ဂျူ ဗင်တပ်မှာ မန်ယူနောက်ခံလူ အီဗရာကို ပေါင်(၁.၅)သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဗရာသည် ပြီးခဲ့သည့် မေလက အသင်းနှင့်အတူ တစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆို ခဲ့သော်လည်း ယခုအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန် ဘယ်နောက်ခံလူ လုခ်ရှောကို မန်ယူ ခေါ်ယူခဲ့ပြီးနောက် အသင်းပြောင်းရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အီဗရာ၏ ပြောင်းရွှေ့ကြေးအတွက် ဂျူ ဗင်တပ်အနေဖြင့် ပေါင်(၀.၆)သန်း
နှစ်ရစ်ခွဲပေးမည်ဖြစ်ကာ လာမည့်ရာသီတွင် ဂျူ ဗင်တပ်အသင်း ချန်ပီယံလိဂ် ကစားခွင့်ရရှိပါက နောက်ထပ် ပေါင်(၀.၃)သန်း ပေးချေရမည်ဖြစ်သည်။ ဂျူ ဗင်တပ်သို့ ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ အီဗရာက '' ကျွန်တော့် နှလုံးသား ထဲမှာ မန်ယူက ဆက်ရှိနေဦးမှာပါ။ အသင်းပြောင်းဖို့ ဆုံးဖြတ်ရတာ ကစားသမားဘ၀ရဲ့ အကြီးလေးဆုံး ဆုံးဖြတ်ချက်ပါပဲ''ဟု မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ အီဗရာသည် (၉)နှစ်တာ ကာလအတွင်း မန်ယူအတွက် (၃၇၉)ပွဲ ကစားပေးခဲ့ပြီး ယခုအပြောင်းအရွှေ့တွင် မန်ယူနှင့် လမ်းခွဲသည့် (၄)ဦးမြောက် ၀ါရင့်ကစားသမား ဖြစ်လာခဲ့သည်။

@z (ရိုးရာလေး)
ဂျူ ဗင်တပ်မှာ မန်ယူနောက်ခံလူ အီဗရာကို ပေါင်(၁.၅)သန်းဖြင့် အပြီးသတ် ခေါ်ယူနိုင် ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဗရာသည် ပြီးခဲ့သည့် မေလက အသင်းနှင့်အတူ တစ်နှစ်သက်တမ်း တိုးစာချုပ်ချုပ်ဆို ခဲ့သော်လည်း ယခုအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန် ဘယ်နောက်ခံလူ လုခ်ရှောကို မန်ယူ ခေါ်ယူ ခဲ့ပြီးနောက် အသင်းပြောင်းရန် ပြင်ဆင်

Sunday, February 9, 2014

နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် မန်ချက်စတာယူနိုက်တက် ကမ်းလှမ်းမည်


မန်ချက်စတာ ယူနိုက်တက်သည် ယခုနှစ် နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း၊ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအနေဖြင့် အဆိုပါ ဆောက်သမ်တန် လူငယ် ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြောင်း Goal က ဖော်ပြခဲ့သည်။

Tuesday, February 4, 2014

နောက်ခံလူများအစွမ်းပြမှုနဲ့အတူ ထိုက်တန်လှတဲ့ အဝေးကွင်းနိုင်ပွဲ


ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေကြတဲ့ ချယ်ဆီး အသင်း နှင့် မန်စီးတီးပွဲစဉ်က ပရိတ်သတ်အကြိုက်ဖြစ်ခဲ့ပါတယ်.။ပွဲအပြီးမှာတော့ ချယ်ဆီးက မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ပွဲကစားချိန် (၃၂)မှာ ချယ်ဆီးနောက်ခံလူ အီဗန်နိုဗစ်သွင်းယူ သွားခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။

Saturday, December 14, 2013

ဒဏ်ရာ ပြဿနာ ဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံး သတ်ရ တော့မည်

ဒဏ်ရာ ပြဿနာ ဖြင့် ၂၀၁၃ကို ဗန်ပါစီ အဆုံး သတ်ရ တော့မည် 

မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။

“ရှက်တာ ဒိုးနက်နဲ့ ပွဲမှာ အနိုင်ဂိုး ရစေမယ့် ထောင့်ကန်ဘော ကန်တင်ရာ ကတစ်ဆင့် ဗန်ပါစီ ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့ပြီး အဲဒီ အတွက် တစ်လကြာ အနား ယူရပါ တော့မယ်။ ရွန်နီနဲ့ ဗန်ပါစီ နှစ်ဦး ပေါင်း စွမ်းဆောင်မှု ကောင်းနေ ချိန်မှာ ဗန်ပါစီ ဒဏ်ရာရသွားတာ ကျွန်တော်တို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ်ပါပဲ”ဟု မိုရက်စ်က ပြောသည်။ မန်ယူမှာ အဲဗာတန်၊ နယူး ကာဆယ် တို့နှင့် ပွဲစဉ် များတွင် အိမ်ကွင်း (၂) ပွဲဆက် ရှုံးနိမ့် ခဲ့ပြီး လာမည့် တနင်္ဂနွေ နေ့တွင် ဗီလာနှင့် အဝေးကွင်း ပွဲစဉ် ကစား ရန်ရှိနေသည်။

ရိုးရာလေး
မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။

Friday, December 13, 2013

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ
Friday, December 13, 2013

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက်အဆင့်တွင် တွေ့ဆုံကြမလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့တက်လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့အသင်းများနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။  အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်းကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။ 

မန်ချက်စတာယူနိုက်တက်အသင်း နှင့် ချယ်ဆီးအသင်းကတော့ အုပ်စု (ဒုတိယ) နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းများ နဲ့တွေ့ဆုံမှာဖြစ်တာကြောင့်အနည်းငယ် သက်သာမှာပါ။ မန်ချက်စတာအသင်းက ဂါလာတာစရေး၊ အိုလံပီယာကော့၊ ရှော်ကေး၊ ဇင်းနစ်၊ အေစီမီလန်စတဲ့အသင်းများထဲက တသင်းသင်းနဲ့တွေ့ဆုံဖွယ်ရှိနေပြီး၊ ချယ်လ်ဆီးအသင်းကတော့ ဘိုင်ယန်လေဗာကူဆင်၊ ဂါလာတာစာရေး၊ အိုလံပီယာကော့၊ ဇင်းနစ်၊ အေစီမီလန်တို့နဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပါတယ်။  ရှုံးထွက်အဆင့်မှာ တစ်နိုင်ငံတည်း ကလပ်အသင်းများ တွေ့ဆုံကြမှာမဟုတ်ပါဘူး။ အာဆင်နယ်အသင်း ၏နည်းပြ အာဆင်ဝင်းဂါးကတော့ သူ့အသင်းသည် နောက်တဆင့်တွင် အခွင့်အရေးများထပ်မံဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်းလည်းပြောခဲ့ပါတယ်။ "အရင် လေး၊ ငါးနှစ်တွေတုန်းက ကျွန်တော်တို့အသင်း အရမ်းခက်ခဲတဲ့ မဲခွဲမှုရလဒ်တွေ ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့်လည်း ယခုအချိန်မှာတော့ ကျွန်တော်တို့အသင်း ဟိုအရင်အချိန်က ထက်ပိုပြီး ကံကောင်းနိုင်မယ်လို့ထင်ပါတယ်၊" ဆိုပြီး အုပ်စုခွဲဝေမှု အပေါ် မျှော်လင့်ထားမှုအားပြောပြခဲ့တာပါ.  ဒါအပြင် မော်ရင်ဟိုအနေကလည်း အုပ်စုပထမနေရာရထားသော်လည်း ခက်ခက်ခဲခဲကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ရမည့်အပေါ် အလွယ်တကူ လက်ခံနားလည်ထားကြောင်းကို "သေချာတာပေါ့ ကျွန်တော်တို့တတွေ အုပ်စု ပထမနဲ့ယခုအဆင့်ကို တက်လာတဲ့အသင်းကို လေ့လာကြည့်တဲ့အခါ၊ ထိုအသင်းကို သင့်အနေနဲ့ ယခုရှုံးထွက်ပွဲစဉ်တွေမှာ အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းတစ်သင်းလို့ မြင်လိမ့်မယ်။ ဒါပေမဲ့လည်း လက်ရှိအုပ်စု ဒုတိယနဲ့တက်လာတဲ့အသင်းတွေမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပြိုင်ဖက်ကောင်းတွေရှိတယ်။ ပြီးတော့ လိဂ်အသီးသီးကချန်ပီယံ တွေရှိတယ်။ ရုရှားချန်ပီယံ၊ ဂရိချန်ပီယံစသဖြင့် ရှိနေတယ်။ ပြီးတော့ အေစီမီလန်အသင်းရှိတယ်။ ပြီးတော့ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ဆုဖလားတွေအများကြီးယူနိုင်တဲ့အသင်း ဖြစ်တာကြောင့်သူတို့အသင်းလည်း ခက်ခဲမဲ့အသင်းဖြစ်တယ်။ ရှုံးထွက်အဆင့်ကို တက်ရောက် လာတဲ့အသင်းတိုင်းဟာ နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ တွေနဲ့အတူ တစ်ပွဲနဲ့တစ်ပွဲထက် ပိုမိုကောင်းမွန်စွာ ယှဉ်ပြိုင်ကစားကြမဲ့အသင်းတွေချည်းပါဘဲ။ ဒီအဆင့်မှာအသင်းတိုင်းက အမြဲတမ်း ခက်ခက်ခဲခဲနဲ့ အစွမ်းကုန်ကြိုးစားရမှာပါ။" ဆိုပြီး ပြောဆိုသွားပါတယ်။  ရှုံးထွက်အဆင့် မဲခွဲမှုများကို လာမည့်တနလာင်္နေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့မှာ စတင်ကစားကြမည်ဖြစ်ပါတယ်။ ထိုနေ့မှာတော့ မဲခွဲဝေမှုရလဒ်အရ အင်္ဂလန်ပရီးမီးယားလိဂ်ကလဂ်အသင်းများ ကံကောင်းနိုင်ကြမလားဆိုတာကို စောင့်မျှော်ကြည့်ရ တော့မည်ဖြစ်၏။ 

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက် အဆင့်တွင် တွေ့ ဆုံကြ မလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့ တက် လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့ အသင်း များနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။ အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်း ကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။

Friday, December 6, 2013

မန်ချက်စတာ ယူနိုက်တက် နှင့် အဲဗာတန်တို့ ပွဲအပြီး နည်းပြ နှစ်ဦးရဲ့ ပြောစကား

ယနေ့မနက် အစောပိုင်းက ကစားခဲ့သည့် ပရီးမီးယားလိဒ်ပွဲစဉ် (14)အပြီးတွင် မန်ချက်စတာ ယူနိုက်တက် သည် အဲဗာတန် အသင်းကို အိမ်ကွင်း အရှုံးနှင့် အတူ ဇယားထိပ်မှာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် (12)မှတ် အကွာသို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။အဲဗာတန်အား ရှုံးခဲ့သည့် ပွဲအပါအ၀င်လက်ရှိ ချန်ပီယံသည် ပရီးမီးယားလိဒ် နောက်ဆုံး (3)ပွဲတွင် (2)မှတ်သာ ရခဲ့သည် သလို ဝေဖန်မှု့များ ကိုလည် ဒေးဗစ်မိုယက်စ် ရင်ဆိုင်လာခဲ့ရပြီဖြစ်သည်။

Monday, December 2, 2013

ဘရာဇီး၌ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ်တိုင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ အသုံးပြု ဘောလုံးများ လက်ဆောင် ပေးမည်

ဘရာဇီး၌ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ်တိုင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲ အသုံးပြု ဘောလုံးများ လက်ဆောင် ပေးမည်
Monday, December 2, 2013

ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ နေ့ရက်သည် Adidas ကုမ္ပဏီက ၎င်းတို့၏ ဘောလုံးကို စတင်ထုတ်သည့် နေ့ရက်နှင့် တိုက်ဆိုင် လျက်ရှိပြီး မိဘများ အနေဖြင့် ယင်းနေ့တွင် မွေးဖွားခဲ့သည့် ကလေးငယ်များ၏ မွေးစာရင်းကို ပြသ၍ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင် ကစားကြမည့် မြို့ကြီးများတွင် သွားရောက် ထုတ်ယူနိုင်သည်ဟု သိရသည်။

မြ၀တီ
ဘရာဇီးနိုင်ငံတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်တွင် မွေးဖွားသည့် ကလေးငယ် တစ်ဦးစီ တိုင်းအား ကမ္ဘာကျော် အားကစား ကုန်ပစ္စည်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Adidas ကုမ္ပဏီက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံး တစ်လုံးစီကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု ယင်း ကုမ္ပဏီကြီးက နိုဝင်ဘာ ၂၉ ရက်တွင် တရားဝင် ကြေညာခဲ့ကြောင်း သိရသည်။

Tuesday, November 26, 2013

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ပရီးမီးယားလိဂ် သွင်းဂိုး(၄၀)ကျော် သွင်းယူနိုင်ခဲ့သည့် ကစားသမားများအား ပွဲကစားချိန် မိနစ်အလိုက် တွက်ချက်ခဲ့ရာတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီမှာ ၂၁၃၁၃မိနစ်ကြာ ကစားခဲ့ရာ၌ ၁၇၅ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဂိုးသွင်းရန် (၁၂၁.၈)မိနစ်ကြာမြင့်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းမှာ ၁၂၁၇၈မိနစ်တွင် (၉၅)ဂိုး ရရှိခဲ့ခြင်းကြောင့် (၁၂၈.၂)မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်ခဲ့ကာ (၁၁၉.၅)မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမား(၁၀)ဦး

၁။ ။ အဂူရို (၄၅)ဂိုး (၅၃၇၉)မိနစ် (၁၁၉.၅)

၂။ ။ ဟင်နရီ (၁၇၅)ဂိုး (၂၁၃၁၃)မိနစ် (၁၂၁.၈)

၃။ ။ နစ္စတယ်ရွိုင်း(၉၅)ဂိုး (၁၂၁၇၈)မိနစ် (၁၂၈.၂)

၎။ ။ ဗန်ပါစီ (၁၂၉)ဂိုး (၁၇၂၃၉)မိနစ် (၁၃၃.၆)

၅။ ။ စတာရစ်(၄၅)ဂိုး (၆၅၁၈)မိနစ် (၁၄၄.၈)

၆။ ။ အလန်ရှီးယား (၂၆၀)ဂိုး (၃၈၁၈၃)မိနစ် (၁၄၆.၉)

၇။ ။ ဆိုးလ်ရှား (၉၁)ဂိုး (၁၃၉၂၆)မိနစ် (၁၅၃)

၈။ ။ အိုဝင် (၁၅၀)ဂိုး (၂၃၀၃၃)မိနစ် (၁၅၃.၆)

၉။ ။ ဆွာရက်ဇ်(၄၇)ဂိုး (၇၂၄၂)မိနစ် (၁၅၄.၁)

၁၀။ ။ အီယန်ရိုက် (၁၁၃)ဂိုး (၁၇၇၈၁)မိနစ် (၁၅၇.၄)

http://yoyarlay.com/sport/football/38908-2013-11-25-18-04-42
ဇော်ထွန်း(ရိုးရာလေး)
စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

Monday, November 25, 2013

မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ

Photo: မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ 
Monday, November 25, 2013

တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ အပိတ်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ခဲ့ပြီး၊ ထိုနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ မန်စီးတီးအသင်း၏ တိုက်စစ်မှုး အကွိရိုကလည်း ပွဲချိန် (၄၁) မိနစ် နှင့် (၅၀) မိနစ်တို့မှာ အနိုင်ဂိုး (၂) ဂိုး နှင့် ပွဲချိန် (၅၅) မိနစ်မှာ တိုက်စစ်မှုး နက်ဂရီဒိုမှလည်း အနိုင်ဂိုးတစ်ဂိုး အသီးသီး သွင်းယူခဲ့ကြပါသည်။ ကျန်တဲ့ ဂိုးတစ်ဂိုးကတော့ စပါးအသင်းမှ Own goal ပေးလိုက်ရခြင်းဖြစ်ပါသည်။ မန်စီးတီးအသင်း၏ ယခုရာသီ ရလဒ်မတည်ငြိမ်မှုများနှင့် အသင်းကြီးများနှင့် တွေ့ဆုံတိုင်းမှာလည်း အကောင်းဆုံးပုံစံဖြင့် ရလဒ်ကောင်းများကို မြင်တွေ့ရတာမို့ ပရီးမီးယာလိ၈်၏ ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ရပါသည်။ ယခုပွဲအနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းသည် အဆင့် (၉)နေရာမှ အဆင့် (၄) နေရာအတွင်းကို ရောက်ရှိလာခဲ့ပါသည်။ 

ယခုတစ်ပတ်မှာ အဆင့် (၁) မှ (၄) အတွင်း ၀င်နိုင်ခဲ့တဲ့ အသင်းများအဖြစ် အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး နှင့် မန်စီးတီးအသင်းတို့ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် မန်စီးတီးအသင်းက အဆင့် (၉)နေရာမှ အဆင့် (၄)နေရာသို့ တက်လာနိုင်ခဲ့ပြီး၊ ဆောက်သင်တန် အသင်းကတော့ အဆင့် (၄) မှ အဆင့် (၅) သို့ ဆင်းပေးခဲ့ရပါသည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် တနင်္ဂနွေပွဲစဉ်တွင် အနိုင်ရခဲ့မည် ဆိုပါက အဆင့် (၄) နေရာကို ၀င်နိုင်သော်လည်း၊ ပွဲပြီးခါနီး မိနစ် (၉၀) မှာ ချေပဂိုး ပြန်လည် သွင်းယူခံလိုက်ရတာကြောင့် အဆင့် (၆) နေရာမှာဘဲ ရပ်တည်ခဲ့ရပါသည်။ 


မိုးတိမ် (တမာမြေ) 
http://www.football-cafe.com/
တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေ ကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ

Saturday, November 9, 2013

ဘောလုံးကွင်းထဲ ရေကူးလို့ သတိပေးခံရသူ ကစားသမား

ဆွမ်စီးအလယ်တန်း ကစားသမား ဂျွန်ဂျိုရှယ်ဗေးသည် ကာဒစ်ဖ်နှင့်ကစားခဲ့သည့် ဝေးလ်ဒါဘီပွဲစဉ်တွင် ကာဒစ်ဖ် ပရိသတ်များအား ရေကူးသည့် ပြုအမူ ပြုလုပ်ပြခဲ့သော်လည်း အက်ဖ်အေ၏အရေးယူခြင်း ခံရမည့် အရေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ 

Sunday, November 3, 2013

အဝေးကွင်း ရှုံးပွဲ (၂)ပွဲရှိခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအပေါ် နည်းပြ၏ သုံးသပ်ချက်


မနေ့ညက ပရီးမီးယားလိဂ် ဗွေဆော်ဦး ပွဲစဉ်ဖြစ်သည့် နယူးကာဆယ် အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင် နယူးကာဆယ်မှ ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူ အဆုံးဖြတ် အနိုင်ဂိုးသွင်းခဲ့တဲ့ ရီမီ (Loic Remy) က သူ့ရဲ့  ပရီးမီးယားလိဂ် (၆) လုံးမြောက် ဂိုးအဖြစ်ရ ယူသွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပထမပွဲစဉ်ကစားရတာမို့ နိုင်ခဲ့ရင် ဇယားထိပ်ကို တက်လှမ်းနိုင်ပေမည့်လည်း ဒုတိယပိုင်းခြေစွမ်းမပြနိုင်မှုနဲ့အတူ မော်ရင်ညို၏ ချယ်ဆီး အသင်းသား များဟာ အိမ်ရှင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီး အဖိုးတန်အနိုင် (၃) မှတ်ကို လက်လွတ်ခဲ့ရပါတယ်။

Monday, October 21, 2013

အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက် (မန်ယူနိုက်တက် ၁-၁ ဆောက်သမ်ပ်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။ ရာသီအဖွင့် ဆိုးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်သလို ဆောက်သမ်ပ်တန်ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေနဲ့ တာထွက်လှနေတဲ့ အသင်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အထူး သဖြင့် ဆောက်သမ်ပ်တန်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ် ဖြစ်နေပြီး တစ်ရာသီလုံးမှာ ပေးဂိုး ၂ ဂိုးတည်းသာ ရှိခဲ့ပါတယ်။

ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏ သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။

Wednesday, October 16, 2013

နောက်ဆုံးရ အားကစားသတင်းတိုများ

Photo: နောက်ဆုံးရ အားကစားသတင်းတိုများ
Wednesday, October 16, 2013

ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

***အင်တာမီလန်ဥက္ကဋ္ဌ မိုရက်တီမှာ အသင်းရှယ်ယာ (၇၀)ရာခိုင်နှုန်းကို အင်ဒိုနီးရှားလုပ်ငန်းရှင် သိုဟီယာထံ ရောင်းချလိုက်ပြီဖြစ်သည်။

***လာမည့်အပြောင်းအရွှေ့ကာလတွင် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို ခေါ်ယူဖွယ်ရှိကြောင်း ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အရိပ်အမြွက် ပြောကြားခဲ့သည်။

***ပွဲထွက်ကစားခွင့် မရပါက အသင်းပြောင်းမည်ဟု အာဆင်နယ် နောက်ခံလူ ဗာမေလန်က ခြိမ်းခြောက်ခဲ့သည်။

***ဘာစီလိုနာ နောက်ခံလူ ပီကေးက ရီးရဲလ်နောက်ခံလူ အာဘီလိုအာနှင့် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း ဖွင့်ဟသွားသည်။

***နယူးကာဆယ်တိုက်စစ်မှူး ရီမီမှာ စိန့်ဂျိမ်းပတ်ကွင်းနှင့် မိုင်ဝက်အကွာတွင် တက္ကစီတစ်စီးကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

***ဂျူဗင်တပ်နှင့် လာဇီယိုတို့မှာ လာမည့်အပြောင်းအရွှေ့တွင် ဗီလာတိုက်စစ်မှူးဘန်တီကီကို ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်
နေကြောင်း သတင်းရရှိသည်။

http://yoyarlay.com/sport/football/38344-2013-10-15-18-25-51
ဇော်ထွန်း(ရိုးရာလေး)
ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ


မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။

Wednesday, September 18, 2013

လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် လေ့ကျင့်ရေး ကွင်းအတွင်း အသက် အန္တာရာယ် ခြိမ်းခြောက် ခံရ


လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် လေ့ကျင့်ရေး ကွင်းအတွင်း အသက် အန္တာရာယ် ခြိမ်းခြောက် ခံရ

လီဗာပူး အသင်း ခေါင်းဆောင် စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်း အတွင်း ပြင်းပြင်း ထန်ထန် ဆဲရေးတိုင်းထွာ ပြောဆို ခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ် နေဟန်ရှိသော ပရိသတ် တစ်ဦးသည် လီဗာပူး အသင်း၏ Melwood လေ့ကျင့်ရေးကွင်း ခြံစည်းရိုးအား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။

လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် သည် အစောပိုင်းက ထိုပုဂ်္ဂိုလ်၏ ပြုမူ ပြောဆိုခြင်းအား ဥပေက္ခာ ပြုနေခဲ့ပြီး ဖိလင်ဟော့တင်ဟို၊ ဆိုင်မွန်မင်နိုလက် တို့နှင့်အတူ လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်နေခဲ့သည်။

ထိုစဉ်တွင် အဆိုပါ ပုဂ်္ဂိုလ်သည် ဂျရတ်အား ၎င်းအနေဖြင့် ဂျရတ်နေသော နေရာအား သိကြောင်း၊ ဂျရတ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးပစ်မည် ဖြစ်သလို ဂျရတ်နှင့် သားသမီးများ ကိုလည်း သတ်ပစ်မည် ဖြစ်ကြောင်း ဂျရတ်ထံသို့ ပြေးလာကာ အော်ဟစ် ပြောဆို ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက အခိုင်အမာ ပြောကြား ထားသည်။

ယင်းနောက်တွင် လီဗာပူးလက်ထောက် မန်နေဂျာ ကိုလင်းပတ်စ်ကိုးသည် ဂျရတ်ရှေ့မှ ၀င်ရောက်၍ အဆိုပါ ပိုင်နက် ကျူးလွန် ၀င်ရောက် လာသူအား ဟန့်တား ခဲ့ရကြောင်း သိရ သည်။  

http://www.myawady.net.mm/sport/globalsportnews/item/25585-2013-09-17-11-41-48
လီဗာပူးအသင်း ခေါင်းဆောင်စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်းအတွင်း ပြင်းပြင်းထန်ထန် ဆဲရေး တိုင်းထွာ ပြောဆိုခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ် နေဟန်ရှိသော ပရိသတ်တစ်ဦးသည် လီဗာပူးအသင်း၏ Melwood လေ့ကျင့်ရေးကွင်း ခြံစည်းရိုး အား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။

Wednesday, September 11, 2013

မန်ချက်စတာဒါဘီပွဲအတွက် လုံခြုံရေးစည်းမျဉ်းများ တိုးမြှင့်မည်


လာမည့် မန်ချက်စတာ ဒါဘီပွဲတွင် ယမန်နှစ်ကကဲ့သို့ အကျည်းတန်ဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုံခြုံရေး တိုးမြှင့်ပြီးစည်းမျဉ်းသစ်များ ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မန်ယူက မန်စီးတီးကို ၂-၃ဂိုးဖြင့် အနိုင်ရ ခဲ့သည့် ပွဲတွင် ဗန်ပါစီ အနိုင်ဂိုးသွင်းပြီးနောက် မန်စီးတီး ပရိသတ်များရှေ့ သွားရောက်အောင်ပွဲ ခံခဲ့ သည့် မန်ယူနောက်ခံလူ ဖာဒီနန်မှာ ပြိုင်ဘက်အသင်း ပရိသတ်၏ အကြွေစေ့ဖြင့် ပစ်ပေါက်မှုကြောင့် မျက်ခွံ ကွဲခဲ့သည့်အပြင် မန်စီးတီး ပရိသတ်တစ်ဦးမှာ ကွင်းအတွင်း ၀င်ရောက်၍ ဖာဒီနန်ကို ရန်မူရန် ကြိုးပမ်းခဲ့ပြီး ယင်းကဲ့သို့ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

Friday, August 30, 2013

မန်ချက်စတာယူနိုက်တက် ပရိသတ်ကို ရွန်နီ ကျေးဇူးစကားဆို

ယခုနွေရာသီ တစ်လျှောက်လုံး အသင်းနှင့် ပတ်သက်သည့် သဘောထားကို တစ်စုံတစ်ရာ မဖွင့်ဟခဲ့သည့် ဝိန်းရွန်နီသည် ယခုအခါ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီ ဖြစ်သည်။ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီး ခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့်အတူ အနာဂတ် ဆက်လက်ဖြတ် သန်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။