Showing posts with label လူမှုဘ၀ရသစုံလင်. Show all posts
Showing posts with label လူမှုဘ၀ရသစုံလင်. Show all posts

Monday, February 2, 2015

2.2.2015 မှ 8.2.2015 ထိ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ                                              
ရည်ရွယ်ချက် များနေမည်။ စိတ်လေနေမည်။ ဆုံးဖြတ်ချက်တွေ အမျိုးမျိုး ချဖြစ်မည်။ သူများစကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်အထည် ဖော်ဖြစ်မည်။ အရာရာ တပိုင်းတစ တွေနှင့် ရပ်တန့်မနေဖို့ ကြိုးစားပါ။ပြီးပြတ်အောင် ဆောင်ရွက်ပါ။ မြွှေ မသေ ဒုတ်မကျိုး မဖြစ်စေပါနှင့်။ အားလုံးတော့ ဆုံးဖြတ်နိုင်သော်လည်း အချစ်ရေး အတွက် သင့် ရင်တွေလေးနေပေလိမ့်မည်။ အချစ်ရေးမှာ သင်မပြတ်သားနိုင်ပါ။ ရည်ရွယ်တာ ၁ယောက် ဖြစ်နေတာက ၁ယောက် ဖြစ်နေမည်။ နောက်ပြီး ကိုယ်ချစ်တဲ့သူကို မိဘတို့က သဘောမတူ ဖြစ်မည်။ အလုပ်ကိစ္စ အားလုံးအဆင်ပြေပါမည်။ ချစ်သူထံက လက်ဆောင်လာမည်။
အကျိုးပေးဂဏန်း - ၇၊ ၅၊ ၆။

Wednesday, January 28, 2015

အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်၊ ဘုရား ဖြစ်နိုင် မဖြစ်နိုင်

Photo: အမျိုးသမီးများ ဘုန်းကံ နိမ့်မနိမ့်၊ ဘုရား ဖြစ်နိုင် မဖြစ်နိုင်

Wednesday, January 28, 2015

ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။

အမျိုးသမီးဟူသည် အမျိုသားများနှင့် မတူသည့် အဓိက အချက်မှာ လက်ရုံးခွန်အား ဗလ တစ်ခု ဖြစ်ပြီး ယင်း အချက်ကို လူသားတို့ သိရှိ၍ အနိုင်မကျင့်ပဲ ကိုယ်ချင်စာ သနားတတ်စေအောင် အားနွဲ့သူ ပီပီ ယဉ်ယဉ်ကျေးကျေး နေအပ်စေသည်။ ယင်းမှာ မည်သူမျှ ဥပဒေထုတ် တားမြစ်စရာ မလိုပဲ အမျိုးသမီးများ ကိုယ်တိုင် လက်ရုံးခွန်အားဗလ အားနွဲ့သူ ပီပီ အမျိုးသားများကဲ့သို့ တန်းတူ ခွန်အားသုံး အလုပ်လုပ်ခြင်းတို့ မလုပ်၊ လိင်သဘာဝအဖြစ် ကွဲပြားသောကြောင့်လည်း အမျိုးသားများကဲ့သို့ မဝတ်ဆင်။ ယဉ်ကျေးသူ ပီပီ လုံလုံခြုံခြုံဝတ်စေကာ၊ ပြောဆို၊ ပြုမု အမူအရာ များက အစ ယဉ်စေရန် ငယ်စဉ်ကတည်းက မိဘများက သင်ကြားပေးသည်။ အနေအထိုင် မယဉ်ကျေး၊ သွားလာသည့်အခါ လမ်းလျှောက်သည့်အခါ ခုန်လွှားခြင်း၊ ကျော်လွှားခြင်းတို့ မပြုစေ။ အမျိုးသားများ မြင်သည့်အခါ အနိုင်ကျင့်ခြင်း၊ မကောင်းမှု ပြုခြင်းတို့၏ ဆန့်ကျင့်ဘက်ဖြစ်သည့် သနားခြင်း၊ ကူညီချင်စိတ် ဖြစ်ပေါ်စေခြင်း၊ ဖေးမ ကူညီလိုစိတ်ဖြစ်ပေါ်စေခြင်းတို့ကို မွေးဖွားစေရန် ဖြစ်သည်။ စာနာ သနားတတ်လာစေရန် ဖြစ်သည်။ ယင်းကို မသိပဲ မိမိက ဝတ်စားရာတွင် မဆင်မခြင် ဖော်ပြ ဝတ်စားခြင်း၊ သွားလာသည့်အခါ အမျိးသမီးကဲ့သို့ ညင်သာမှု မရှိခြင်း တို့က မိမိအတွက်လည်း ပို၍ မလုံခြုံမှု ဖြစ်စေသည်။ ဘုရားစိန်ဖူးတော် တင် သပ္ဗါယ်ခြင်း ကဲ့သို့ အမှုကိစ္စ၊ ဘုရားရင်ပြင် အမြင့်နေရာသို့ တက်ခြင်း ကိစ္စတို့သည် အောက်တွင် ရှိသော အမျိုးသားများ၏ အမြင်တွင် မတင့်တယ်သကဲ့သို့ ရှိသောကြောင့် တားဆီးမှုများကို ခေတ်အဆက်ဆက် ပြုလုပ်ရာမှ အမျိုးသားများသာ ဝင်ရန်ကဲ့သို့ ဘုရားစေတီ နေရာများ ရှိလာရသည်။

ဘုန်းကြီး၊ ဦးဇင်းများနှင့် အနီးကပ် မနေပဲ ခွာနေရန် ဟူသည်ဟာ ဘုရားသားတော် တရားအားထုတ်သူများ အနေဖြင့် တရားကို မထိခိုက်ပဲ စိတ်များ အာရုံများ လောကုတ္တရာတွင်သာ မြဲ၍ နေအောင် မာတုကာမ များဖြင့် ခွာ၍ နေရန် မြတ်စွာဘုရားကိုယ်တိုင် ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

အမျိုးသမီးများ တရားအားထုတ်က ဘုရားဖြစ်နိုင် မဖြစ်နိုင်

တရားဟောက တရားသိနိုင်သော တိဟိတ်ဥာဏ် ရှိသူတိုင်းက နိဗ္ဗာန်ရောက်နိုင်သည်။ ကျင့်ကြံ အားထုတ် ရနိုင်ပါသည်။ အမျိုးသမီးများလည်း အမျိုသားဘဝ ရရှိအောင် ကျင့်ကြံအားထုတ်နိုင်ပါတယ်။ အမျိးသား၊ အမျိးသမီး ဟူ၍ ကွဲလာသည့်အခါ အဓိက ကွဲသွားသည့် အချက် တစ်မှာ ဓိပတိ ဖြစ်သည်။ ကြိုးစားအားထုတ်မှု ဖြစ်ပြီး အမျိုးသားများက ခွန်အားဖြင့်လည်း ပိုမို သန်မာသောကြောင့် ကြိုးစားအားထုတ်သည့်အခါ ဇွဲ လုံ့လ ပိုမို ပြင်းထန်သောကြောင်း ဘုရားဖြစ်ရန်မှာ အမျိုးသားများကဲ့သို့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသ၊ ပညာ တို့တွင် ဓိပတိ အားဖြင့် သဘာဝ အလျောက် ပိုမို အားကောင်းသောကြောင့် ဘုရားဖြစ်ရန် ကြိုးစားနိုင်သည်ဟု ဆိုလိုသည်။ ယင်းဆိုလိုမှုမှာ အမျိုးသမီးတို့တွင် ရှိသော ကြိုးစားအားထုတ်မှုကို နည်းသည်ဟု မဆိုလို လောကမှ ထွက်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်ကြံရန် လိုအပ်သော အရည်အချင်းတို့မှာ ကိုယ်စီ ရှိကြ ပါသည်။ ယခု ဘဒ္ဒကမ္ဘာတွင်ပင်တောင် ဘုရား နောက်တစ်ဆူသာ ပွင့်တော့မှာ ဖြစ်ပြီး ယင်းဘုရားမှ သာမန်လူများထက် ပို၍ ကြိုးစားအားထုတ်မှု၊ ပါရမီ ရင့်သန့်သော ရှားပါး လူသားသာ ဖြစ်သည်။

အောင်ခမ်း (ရိုးရာလေး)
ခွေးအထီးကို အမျိုးသမီးက ကျော်ခွလျှင်၊ အမျိုးသား၏ ဦးခေါင်ကို အမျိုးသမီးက ထိလျှင်ကိုင်လျှင်၊ အမျိးသားများ က အောက်မှာ ထိုင်ပြီး အမျိုးသမီးက အပေါ်မှာ ထိုင်သည့် အနေအထား တစ်ခုတွင် ရှိလျှင်၊ တရားနာသည့်အခါ အမျိုးသမီးများက အမျိုးသားအရှေ့မှာ နေလျှင် ဘုန်းနိမ့်တတ်သည်။ ကံနိမ့်တတ်သည် အစရှိသဖြင့် အမျိုးမျိုး ပြောဆိုကြသည်။ အမှန်စင်စစ်ကား မဟုတ်ရပါ။ရှေးယခင် ခေတ်အဆက်ဆက်က အမျိုးသမီးတို့ က္လိနြေ္ဒ ရွှေပေး၍ မရ အစရှိသဖြင့် ပြောစမတ် ရှိခဲ့သည်။

Tuesday, January 27, 2015

၂၆-၁-၂၀၁၅ မှ ၁-၂-၂၀၁၅ ထိ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ 


ရည်ရွယ်ချက် ရှိနေတာရော မရှိနေတာပါ လုပ်ဆောင်မှု့ များအောင်မြင်မှု့ တွေရနေပါလိမ့်မည်။အချစ်ရေး ကလွဲလို့ပါ။ အချစ်ရေးကတော့ ခန့်မှန်းရခက်လောက်အောင် ချစ်သူရဲ့ လှည့်စားမှု့ ခံရလိမ့်မည်။ မိုးတိမ်လိုရွာမယ်လို့ အုံ့မှိုင်း ပြသော်လည်း မရွာတတ်သလို ပေါ့။ သင့်အနေဖြင့် ဘယ်လိုဆုံးဖြတ်ချက်ချရမှန်းမသိ ဖြစ်နေမည်။ အလုပ်ကိစ္စ ရာထူးတက်၊ လစာတိုးခြင်း ၊ ခရီးသွားရခြင်း ၊ အကြီးအကဲ ငြိုငြင်မှုအဆင်ပြေခြင်းတို့ဖြစ်မည်။ အင်တာဗျုးများ ၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ သူများ အောင်မြင်ပါလိမ့်မည်။

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၆။

Tuesday, January 20, 2015

မိမိအိမ်ထောင်ဖက်ကို ရှာတွေ့ပြီဟု သက်သေပြသော အချက် (၉)ချက်


အမျိုးသားတွေလည်း သူတို့ကိုယ်သူတို့ အသက်ကစကားပြောလာတာကို သတိထားကြပါတယ်။ အထူးသဖြင့် သူတို့သဘောကျရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တဲ့အခါ သူတို့တွေ ရင့်ကျက်ဖို့လိုလာပြီ၊ မိသားစုတစ်ခုတည်ဆောက်ဖို့ လိုလာပြီဆိုတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာကြပါတယ်။ ပြဿနာက လက်တွဲကြမယ့် ချစ်သူနှစ်ယောက်က  လိုက်ဖက်ညီရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒါကိုသိရဖို့အတွက် ထည့်စဉ်းစားရမယ့် အချက်လေးတွေကို စာရင်းပြုစုပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ ကိုယ့်ချစ်သူက ကောင်းတဲ့အချက်တွေနဲ့ ကိုက်ညီတာများနေရင်တော့ သူ့ဟာ ကိုယ့်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်ချေများပါတယ်။ 

Monday, January 19, 2015

စိတ်ညစ်၊ သောကရောက်တိုင်း ဆောင်ရမည့် ဂါထာ


ဂါထာတော့ မဟုတ်ပါဘူး။ စိတ်ညစ်၊ သောက ရောက်တဲ့အခါတိုင်း၊ စိတ်ဓာတ်ကျတဲ့ အခါတိုင်း ဒါလေးကို ရွတ်ရင် စိတ်သောကများ ကင်းဝေးပါလိမ့်မယ်။

“ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။
လောက်ကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်းစမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်သာစေ။
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ မင်္ဂလာတွေ”

Friday, January 9, 2015

တရုတ်နိုင်ငံမှ ဆောင်းမုတ်သုံလေများကြောင့် ဇန်န၀ါရီ ၁၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်

တရုတ်နိုင်ငံဘက်မှ ၀င် ရောက်လာသော ဆောင်းမုတ်သုံ လေများကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် ဇန်န၀ါရီ ၁၀ ရက်ခန့် အထိ အချိန်အခါမဟုတ် နေရာကွက်၍ မိုးများရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
အချိန်အခါမဟုတ်မိုးရွာ မည့် အဓိကဒေသများမှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘အခုလတ်တလောက အင် ဒိုချိုင်းနားတစ်ခုလုံးဖြစ်နေတာ ပါ။ ရေငွေ့ပါတဲ့ လေတွေ တိုက် လာတော့လေ။ ဇန်န၀ါရီ ၁၀ ရက်လောက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။ မရွာတဲ့ ဒေသ တွေမှာဆိုရင်လည်း မိုးအုံ့နေတာ မျိုးတွေဖြစ်မယ်။ ဒါတွေက စိုက် ပျိုးရေးကဏ္ဍမှာ သက်ရောက်မှုရှိ လို့ သတိထားဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကသတိပေး သည်။

Wednesday, December 31, 2014

29.12.2014 မှ 4.1.2015 ထိ ၇ ရက်ဟောစာတမ်း

တနင်္ဂနွေ 

နှစ်သစ်မှာ စိတ်သစ် လူသစ် စွမ်းအားသစ်တွေနှင့်သင်အောင်မြင်မှုရပါလိမ့်မည်။ ရန်သူကလည်း မိတ်ဆွေဖြစ်လို့ မိတ်ဆွေ သူငယ်ချင်းကလည်းချစ်သူဖြစ်လာပါလိမ့်မည်။ အချစ်ရေးအဆင်ပြေ၍ လက်ထပ်ပွဲဖြစ်ကိန်းရှိပါသည်။ ပြီးလျှင် ချစ်သူနှင့်ခွဲခွာပြီး ခရီးထွက်ရပါလိမ့်မည်။ အလုပ်ရာထူးတက်ရမည်။ ပြောင်းရွှေ့မှုဖြစ်မယ်။ ငွေဝင်မယ်။ ရွှေ၊ စက်၊ မြေတို့ဝင်မယ်။ ထွက်နေသောပစ္စည်းများလည်းပြန်ဝင်လာမယ်။

အကျိုးပေးဂဏန်း - ၂၊ ၅၊ ၇။

ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံ၊ ကိုယ်ခန္ဓာအနေအထားတွေက သင်တို့အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်


ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေက သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေးတဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာရင်တော့ ရှိကောင်းရှိနိုင် တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်တတ်လို့ အချစ်ရေး

Sunday, December 28, 2014

မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်မှာ ပိုမို အားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန် ထားသည်။

Tuesday, December 23, 2014

၂၂-၁၂-၂၀၁၄ မှ ၂၈-၁၂-၂၀၁၄ ထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

စိတ်လေနေမည်။ စိတ်တိုင်းမကျမှု တွေ များနေမည်။ ရည်းစားလူလု အူနုကျွဲခတ် ဆိုသလို ကိုယ့်ချစ်သူ ရဲ့ ဖောက်ပြန်မှု့ကြောင့် စိတ်ဆင်းရဲမှု့ တွေ ကြုံနေမည်။ မရည်ရွယ်သော ခရီးများ ရောက်မည်။ လက်ထပ်ရက် ရွှေ့ဆိုင်းမှု့ ဖြစ်မည်။ ဒီတပတ် အတွင်းထိုးသော ထီလက်မှတ် ပေါက်ဂဏန်း ရမည်။ ငွေကြေးကိစ္စ စကားပြောရမည်။ စာမေးပွဲ အောင်မြင်မည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ ဆွေမျိုးသားချင်းတို့ တွက် စိတ်ဆင်းရဲ စိတ်ရှုပ်ရတတ်ပါသည်။

အကျိုးပေးဂဏန်းမှာ - ၁၊ ၆၊ ၉။ 

ဆင်းရဲနွမ်းပါးသူကို မြင်လျှင် ဤသို့ဆင်ခြင် နှလုံးသွင်းပါ

ရဟန်းတို့ ဤသံသရာကြီးသည် အစမရှိ အဝိဇ္ဇာ ဖုံးအုပ်လျက် တဏှာကြိုးဖြင့် ချည်နှောင် ကာ တစ်ဘဝမှတစ်ဘဝသို့ ကူးပြောင်း စုန် ဆန် အဖန်ဖန် အခါခါ ကျင်လည်၍နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝသည် မထင်မြင် နိုင်။
ရဟန်းတို့ ဆင်းရဲသောလူတစ်ယောက်ကို တွေ့လျှင် ''ငါတို့လဲ အစမထင် သံသရာတစ်ခွင်၌ ဤကဲ့သို့ပင် ဆင်းရဲခဲ့ဖူးလှလေပြီ''ဟု ဆုံးဖြတ်ရ မည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတို့ ဤ သံသရာကြီးသည် အစမရှိ အဝိဇ္ဇာဖုံးအုပ်လျက် တဏှာကြိုးဖြင့်ချည်နှောင်ကာ တစ်ဘဝမှတစ်ဘဝ သို့ ကူးပြောင်းစုန်ဆန် အဖန်ဖန်အခါခါ ကျင်လည် နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝ သည် မထင်မြင်နိုင်သောကြောင့်တည်း။

Monday, December 22, 2014

အစိုးရ၀န်ထမ်းလစာနှင့် ပြည်သူ့အသံ

အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ အမြန်ဆုံးသတ်မှတ်ပေးရန် ဖိအားပေးမှုများရှိနေ ချိန်တွင် လွှတ်တော်အမတ်များ လစာတစ်လ ကျပ် ၁၀သိန်း တိုးမြှင့်ခံစားရန် အတည်ပြုခဲ့သည်။ မကြာမီမှာပင် အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်ရေးအသံကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာသည်။ ၀န်ထမ်းများ အခြေခံလစာ ကျပ်တစ်သိန်းခွဲနှင့် အမြင့်ဆုံး ကျပ် ဆယ့်နှစ်သိန်းထိ တိုးပေးရန် ဆွေးနွေးနေသည်ဆိုခြင်းကြောင့် ပြည်သူတို့၏ ကုန်ဈေးနှုန်းခြောက်အိပ်မက်က တစ်စတစ်စ ကြီးထွားလာပါပြီ။ ကျွဲကူးရေပါဖြစ်လာမည့် ကုန်ဈေးနှုန်းမြင့်တက်မှုက အလုပ်သမား လူတန်းစားများ အတွက်သာမက အလုပ်ရှင်များအတွက်ပါ တစ်ပူပေါ် နှစ်ပူဆင့်မည့်အနေ အထားဖြစ်သည်။

Wednesday, December 17, 2014

အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု

Photo: အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု
=================================

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှ မဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…

(၁) အနီးကပ်နေမပေးနိုင်ခြင်း

ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေ အလိုချင်ဆုံးအရာတစ်ခုက အနီးကပ်ယုယမှုပဲဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို ခံစားစေတာက လိင်ဆက်ဆံခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့ အရာတွေပဲဖြစ်ပါတယ်။

(၂) လျစ်လျူရှုခံထားရခြင်း၊ မသိကျိုးကျွံပြုခံထားရခြင်း

အမျိုးသမီးတွေက မိမိအား သပ်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြတယ်။ သို့ပေမယ့် ကိုယ့်ချစ်သူရည်းစားအစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာသို့ စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောက်ျားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။

(၃) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေခြင်း

အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါပဲ။ သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင် ရိုက်ချိုးပစ်ခဲ့တယ် ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့ အမှုမဲ့အမှတ်မဲ့နိုင်မှုတွေကို ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေးအကြံအဥာဏ်ကို ရယူနိုင်တယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါ။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။

(၄) ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရခြင်း

အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကောင်း အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့ ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။ 

Trend Myanmar
သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှမဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…

Wednesday, December 10, 2014

“သင်ယူရမဲ့စိတ်”

Photo: “သင်ယူရမဲ့စိတ်”

ပုံပြင်လေးတစ်ပုဒ် ဖတ်မိလိုက်တယ်။ ပုံပြင်ထဲမှာ - ဟိုးရှေးရှေးတုန်းက မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းသာရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့မှာ ဘုရင်ကြီးက တိုင်းပြည်မှာရှိတဲ့ ပန်းချီဆရာအားလုံးကို သူ့ရဲ့ ပုံတူကို အကောင်းဆုံးအလှပဆုံးဖြစ်အောင် ဆွဲဖို့ ပြောသတဲ့။ ဒါပေမဲ့ ဆွဲပေးမဲ့သူ တစ်ယောက်မှ ထွက်မလာဘူးတဲ့။ ဘယ်ထွက်လာပါ့မလဲ.. ဒီလို မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းနဲ့ပုံက ဘယ်လောက် လက်ရာမြောက်တဲ့... ပန်းချီဆရာက လှပအောင် ဆွဲပါစေဦးတော့ အကျည်းတန်နေမှာပဲဆိုပြီး ဝေးဝေးက လက်ရှောင်နေကြတော့တာပေါ့။

ဒါပေမဲ့ ပန်းချီဆရာတစ်ဦးကတော့ အကောင်းဆုံး လက်ရာမြောက် ပန်းချီကားချပ်ပုံတူကို ဘုရင်ကြီးကို ဆွဲပေးမယ်ဆို ဂတိပေးလိုက်သတဲ့။
ဒါနဲ့ ပန်းချီဆရာက ဘုရင်ကြီးပုံတူကို ဆွဲလေတော့တယ်။ ပန်းချီကားဆွဲပြီးသွားချိန်မှာ မြင်ရသူအားလုံး အံ့အားတသင့် ချီးမွမ်းယူရတဲ့
ဘုရင်ကြီးရဲ့ ပုံတူကားချပ်ကို လူတိုင်း တွေ့လိုက်ရတယ်။
ပန်းချီကားထဲမှာတော့ ဘုရင်ကြီးက မျက်လုံးတစ်ဘက်ကို ဖုံးအုပ်ထားပြီး ဒူးတစ်ဘက်ထောက်၊ သားကောင်ကို လေးနဲ့ချိန်ရွယ်ပြီး အမဲလိုက်နေတဲ့ပုံကို တွေ့လိုက်ရတယ်..တဲ့။

ပုံပြင်ဆုံးတော့ ကျွန်မအတွေးနယ်ချဲ့နေမိတယ်။
လှပတဲ့ စိတ်ကူး၊ စာနာတဲ့အတွေးနဲ့ ချယ်မှုန်းရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်။ ဘယ်လောက်တောင် စိတ်ထည့်ရေးဆွဲထားသလဲ...။ ဘယ်လောက်တောင် သက်ဝင်နေလိုက်မလဲ...။ တခြားပန်းချီဆရာတွေက ဘာလို့များ ဒီလိုအတွေးမျိုး မတွေးမိလိုက်ကြရတာလဲ...။

ကျွန်မကိုယ်တိုင်ရော ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့ရင် ဒီလိုအတွေးမျိုး တွေးမိဖို့ထက် ငြင်းပယ်မိမှာပဲ မဟုတ်လား...။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို မြင်တွေ့ဖို့က သိပ်လွယ်ကူပါတယ်။ ဒီအားနည်းချက်ကို ဖေးမပေးဖို့ကိုတော့ ကျွန်မတို့ မေ့နေတတ်ကြတယ်။
သေချာတာက...
ကျွန်မ ပန်းချီမဆွဲတတ်သေးပါဘူး...။
ကျွန်မ...သင်ယူရပါဦးမယ်။

(မြသွေးနီ)
ပုံပြင်လေးတစ်ပုဒ် ဖတ်မိလိုက်တယ်။ ပုံပြင်ထဲမှာ - ဟိုးရှေးရှေးတုန်းက မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းသာရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့မှာ ဘုရင်ကြီးက တိုင်းပြည်မှာရှိတဲ့ ပန်းချီဆရာအားလုံးကို သူ့ရဲ့ ပုံတူကို အကောင်းဆုံးအလှပဆုံးဖြစ်အောင် ဆွဲဖို့ ပြောသတဲ့။ ဒါပေမဲ့ ဆွဲပေးမဲ့သူ တစ်ယောက်မှ ထွက်မလာဘူးတဲ့။ ဘယ်ထွက်လာပါ့မလဲ.. ဒီလို မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းနဲ့ပုံက ဘယ်လောက် လက်ရာမြောက်တဲ့... ပန်းချီဆရာက လှပအောင် ဆွဲပါစေဦးတော့ အကျည်းတန်နေမှာပဲဆိုပြီး ဝေးဝေးက လက်ရှောင်နေကြတော့တာပေါ့။

Monday, December 8, 2014

ကျောင်းထောက်ပံ့ကြေးများ အလွဲသုံးစားလုပ်ပါက တိုင်ကြားနိုင်

အခြေခံပညာကျောင်း များသို့ ထောက်ပံ့ထားသည့် ထောက်ပံ့ကြေးများကို အလွဲသုံး စားမှုများရှိပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ယခုနှစ် ပညာသင်နှစ်အ တွက် ကျောင်းထောက်ပံ့ကြေး များ ပေးအပ်သည့် အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၂၃ ဒသမ ၉၇၀၄ ဘီလီယံ (၆၁ ရာခိုင်နှုန်း) နှင့် ကမ္ဘာ့ဘဏ်၊ သြစ တြေးလျအစိုးရ အကူအညီမှ ချေး ငွေ/အထောက်အပံ့ငွေကျပ် ၁၅ ဒသမ ၆၈ ဘီလီယံ (၃၉ ရာ ခိုင်နှုန်း) စုစုပေါင်းငွေကျပ် ၃၉ ဒသမ ၆၅၀၄ ဘီလီယံအသုံးပြုရန် လျာထားပြီး ပထမအကြိမ် ပထမ စာသင်နှစ်ဝက်အဖြစ် ၅၀ ရာ ခိုင်နှုန်းကို စမ်းသပ်ဖြန့် ဝေပြီးစီး သွားပြီဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။

Friday, November 28, 2014

စိတ်ဖိစီးမှုကို ဘယ်လိုစီမံကွပ်ကဲမလဲ

''စိတ်ဖိစီးလိုက်တာ'' ၊ ''Stress'' ဟူသော စကားလုးံ တို့မှ အလုပ်ခွင်နှင့် နေ့စဉ်ဘ၀တွင် ကြားဖူး နေကျ စကားလုံးများ ဖြစ်နေကြခြင်းမှာ ယနေ့အခါတွင် အဆန်းကြယ်တော့ပါ။ Stress သို့မဟုတ်

စိတ် ဖိစီးမှုကို သင်နှင့် အတူ ဆုပ်ကိုင် မလား။ လွှတ်ဖယ် မလား ဆိုသည်မှာ သင်၏ အနာဂတ်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ ထို့ကြောင့် Stress ကို စွန့်ပယ်ချင်သူ၊ ဆုပ်ကိုင်ချင်သူများအတွက် Stress ကို စီမံ ကွပ်ကဲ နည်းလေးများကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု ဖြစ်ရသော အကြောင်း အရင်းကို ရှာပါ

Friday, November 21, 2014

ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ဘာတွေ လိုအပ်သလဲ

Photo: ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိဖို့ ဘာတွေ လိုအပ်သလဲ
*****************************************

ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိစေဖို့ ဘာတွေ လိုအပ်ပါသလဲ။

ဘဝရဲ့ ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုရရှိဖို့အတွက် ထိထိရောက်ရောက်ပြောဆိုဆက်ဆံတတ်မှုဟာ တကယ့်ကို အခြေခံကျလှပါတယ်။လုပ်ငန်းတော်တော်များများလည်း လူမှုပတ်ဝန်းကျင်မှာဆက်ဆံရေး ကောင်းမွန်တဲ့သူတွေကို ပိုပြီး လိုလားကြပါတယ်။

ထိရောက်စွာ ပြောဆိုဆက်ဆံတတ်မှုဟာ လူအချင်းချင်းဆက်သွယ်ပြောဆိုကြရာမှာ အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်တာကြောင့် အကျိုးကျေးဇူးများတဲ့ ပြောဆိုဆက်ဆံနည်းတွေကို   လေ့လာသင်ယူသင့်ပါတယ်။

တစ်ဦးနဲ့တစ်ဦးကြား ဆက်ဆံပြောဆိုကြရာမှာ တစ်ဘက်သူကို  သတင်းစကား ဘယ်လိုပို့ပြီး တစ်ဘက်သူဆီမှ သတင်းစကား ကို ဘယ်လို ရယူမလဲဆိုတဲ့ နည်းလမ်း ၂သွယ်ရှိနေပါတယ်။

နားထောင်တတ်အောင်သင်ယူထားပါ။

နားထောင်ခြင်းဆိုတာ ကြားနေခြင်းပုံစံမျိုးမဟုတ်ပါဘူး။ဒါကြောင့် ပြောနေတဲ့ စကား ကို နားထောင်ရုံမက ဘယ်လိုပုံစံမျိုးနဲ့ ပြောနေသလဲဆိုတာ လေ့လာသင်ယူဖို့လိုပါတယ်။ အခြားလူတစ်ယောက်ပြောတဲ့စကားအပေါ် ရှင်းလင်းကြောင်း တုန့်ပြန်ဖော်ပြတတ်ဖို့လိုပါတယ်။နားထောင်နေတုန်းမှာ အခြားဘာမှ မစဉ်းစားဘဲ လက်ရှိ နားထောင်ပြီး ရရှိနေတဲ့ အချက်အလက်အပေါ်မှာ အထူး အာရုံစူးစိုက်ထားဖို့လိုပါတယ်။ဒ်ီလို ဂရုစိုက်ပြီး နားထောင်ခြင်းဖြင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အခြား အသိအကျွမ်းတွေဟာ သင့်ရဲ့ နားထောင်မှုစွမ်းရည်အပေါ် အသိအမှတ်ပြုတန်ဖိုးထားလာကြပါလိမ့်မယ်။

လူတွေရဲ့ စိတ်ခံစားမှု အနေအထားကို သတိထားပေးပါ။

အခြားသူတွေ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေကို စာနာနားလည်ပေးပါ။ သူတို့ရဲ့ ကောင်းတဲ့ အချက်အလက်တွေကို အလေးထားချီးကျုးပေးပါ။ဒါတွေဟာ  လူတွေ ရှင်သန်ဖြတ်သန်းနေမှုအပေါ်မှာ  သင် သတိထားဖို့လိုအပ်တဲ့ အချက်တွေဖြစ်ပါတယ်။ လူတစ်ယောက်ယောက်နဲ့ စကားပြောရတဲ့အခါ အဆင်ပြေတဲ့ နာမည်တစ်ခုကို ခေါ်ပြီး မျက်လုံးချင်းဆုံဖြစ်အောင်ကြိုးစားပါ။ မိမိပြောလိုက်တဲ့စကားလုံတွေဟာ သူတစ်ပါးအပေါ် စိတ်ခံစားမှုတစ်စုံတစ်ရာ အကျိုးသက်ရောက်မှုဖြစ်သွားမလားဆိုတာကို စဉ်းစားပါ။ အဓိကအားဖြင့် သူတစ်ပါးလက်ခံနိုင်တဲ့ အပြုအမူအပြောအဆိုတွေနဲ့ဘဲ ပြောဆိုဆက်ဆံသင့်ပါတယ်။

ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦးကြား ဆက်ဆံပြောဆိုကြရာမှာ အကြံဥာဏ်တောင်ခြင်းဟာလည်း တစ်ဘက်သူအား မိမိကိုယ်မိမိ တန်ဖိုးထားတဲ့စိတ်ခွန်အားမျိုးကိုရရှိစေပြီး နှစ်ဦးနှစ်ဘက် ကြားမှာ ထိရောက်တဲ့ဆက်ဆံရေးမျိုးကိုရရှိစေပါတယ်။

စာနာပေးပါ။

စာနာပေးတယ်ဆိုတာ တစ်ဘက်သားရဲ့ ခံစားမှုကို မြင်အောင်ကြည့်တတ်ပြီး ခံစားနားလည်ပေးခြင်းဘဲဖြစ်ပါတယ်။ လူတစ်ယောက်ယောက်နဲ့ ပြောဆိုဆက်ဆံရတဲ့အခါ တစ်ဘက်သူ မှသူရဲ့ အမြင်နဲ့ ပြောဆိုတုန့်ပြန်လာမှု အပေါ် အဆုံးအဖြတ်မပေးမိဖို့လိုပါတယ် ။ မိမိရဲ့ စိတ်ကို တည်ငြိမ်အောင်ထားခြင်းဖြင့် တစ်ဘက်သူရဲ့ ခံစားချက်ကို နားလည်စေဖို့အတွက် များစွာ အထောက်အကူရစေပါတယ်။

ရှုပ်ထွေးမှုတွေ မရှိဖို့ မိမိဘက်က အတတ်နိုင်ဆုံး ရိုးရှင်းစွာနဲ့ ဆက်ဆံနေထိုင်ပါ။ဆွေးနွေးပြောဆိုကြရတဲ့အခါလည်း တစ်ဘက်သူကို စိတ်ဖိစီးမှုမဖြစ်စေဖို့ မပြောသင့်တဲ့အပြောအဆိုလေးတွေကို ရှောင်ရှားသင့်တယ်ဆိုတာ သတိထားရပါမယ်။

 အားပေးပါ။

တစ်ဘက်သူအပေါ်မှာ ချီးမွမ်းစကားတွေပြောဆိုပေးခြင်းဖြင့် အားတက်စေမယ့်ခွန်အားမျိုးကို ပေးပါ။ နွေးထွေးလှိုက်လှဲတဲ့ ကြိုဆိုမှုတွေပေးပါ။ တစ်ဘက်သူအား လိုအပ်ကြောင်းပြသမှု ၊ တန်ဖိုးထားကြောင်းပြသမှုဟာ သင့်ရဲ့ ထိရောက်တဲ့ဆက်ဆံရေးဘဲဖြစ်ပါတယ်။ အဲဒီအချိန်မှာတစ်ဘက်သူမှလည်း မိမိရဲ့တန်ဖိုးထားမှု ကို နားလည်သဘောပေါက်ပြီး သူတို့ရဲ့အကောင်းဆုံးအရာတွေကို ပေးအပ်ဖို့ ဝန်မလေးကြတော့ဘူး။ လူတိုင်းနဲ့ဆက်ဆံပြောဆိုရာမှာ အတတ်နိုင်ဆုံး ထိရောက်တဲ့ ကိုယ်ဟန်အနေအထားတွေ၊ လှုပ်ရှားမှုတွေနဲ့ ပွင့်လင်းရှိးရှင်းတဲ့မေးခွန်းတွေ အသုံးပြုဖို့လိုပါတယ်။

အမှန်တကယ်တော့ လူတစ်ဦးဦးနဲ့ ထိရောက်စွာပြောဆိုဆက်ဆံနိုင်မှုဟာ အောင်မြင်တဲ့ဆက်ဆံရေးကွန်ရက်တစ်ခုကို တည်ဆောက်လိုက်ခြင်းဘဲဖြစ်ပါတယ်။ ပတ်ဝန်းကျင် မှာ မိမိအတွက် ကွန်ရက်တွေအများကြီး ရှိနေပါတယ်။ မိမိရဲ့ သူငယ်ချင်း ၊ ခင်ပွန်း၊ ဇနီး၊ မိသားစု ၊လုပ်ဖော်ကိုင်ဖက် ဆိုတာတွေဟာ မိမိရဲ့ ကွန်ရက်တွေဘဲဖြစ်ပါတယ်။ ဒီကွန်ရက်တွေအပေါ်မှာ အောင်မြင်တဲ့ ဆက်ဆံရေး ရှိသူတွေဟာ နောက်ထပ် ကျယ်ပြန့်တဲ့ကွန်ရက်တွေကို ချဲ့ထွင်ဖို့ မခဲယဉ်းနိုင်တော့ပါဘူး။

ဒါကြောင့် လုပ်ငန်းတော်တော်များများ မှာ ကွန်ရက်ကောင်းစွာတည်ဆောက်နိုင်သူတွေကို လိုအပ်ကြတယ်ဆိုတာ ဆက်ဆံရေး ကောင်းမွန်ပြီး လူအများနဲ့ ကျယ်ပြန့်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးအမြတ်များမှု ကို သိမြင်နေကြခြင်းကြောင့်ဘဲဖြစ်ပါတယ်။

ထိရောက်တဲ့ဆက်သွယ်မှု၊ဆက်ဆံမှုတွေဆိုတာ ကွန်ရက်တစ်ခုကို ကောင်းမွန်စွာ တည်ဆောက်ခြင်းဖြစ်ပြီး ခိုင်မာတဲ့ ကွန်ရက်တစ်ခုဖြစ်တည်နေဖို့ အထက်မှာဖော်ပြထားတဲ့ အချက်အလက်တွေက  ကောင်းစွာ အကျိုးပြုနိုင်ပါတယ်။

လူတွေအနေနဲ့ မိမိရဲ့ဘဝတိုးတက်မှုအတွက် ကြိုးစားရုန်းကန်ကြရာမှာ  ထိရောက်တဲ့ဆက်သွယ်ဆက်ဆံရေး ဟာ  ခိုင်မာတဲ့ကွန်ရက်တစ်ခုကို ဖြစ်စေတာကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Yangon Life Myanmar
ထိရောက်တဲ့ ဆက်ဆံရေးမျိုးကို ရရှိစေဖို့ ဘာတွေ လိုအပ်ပါသလဲ။

ဘဝရဲ့ ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုရရှိဖို့အတွက် ထိထိရောက်ရောက်ပြောဆိုဆက်ဆံတတ်မှုဟာ တကယ့်ကို အခြေခံကျလှပါတယ်။လုပ်ငန်းတော်တော်များများလည်း လူမှုပတ်ဝန်းကျင်မှာဆက်ဆံရေး ကောင်းမွန်တဲ့သူတွေကို ပိုပြီး လိုလားကြပါတယ်။

Tuesday, October 14, 2014

ဆင်းတုရှိခိုးတာ အကျိုးရှိ မရှိ?.(ဒေါက်တာမင်းတင်မွန်)

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

Saturday, October 4, 2014

ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း


Photo: ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း
Saturday, October 4, 2014

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို မေ့သွားတတ် လို့ ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။
ယင်း ဖွတ်ကျားများဟာ လူတို့ လိုက်ဖမ်းတဲ့ အခါမှာ လျင်မြန်စွာ ပြေးပါတယ်။ ဒါပေမယ့် ပြေးလွှားနေရင်းနဲ့ သူတို့ဟာ ဘာကြောင့် ပြေးနေတယ် ဆိုတာကို မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေးပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။
ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်...
အောင်ခမ်း (ရိုးရာလေး)

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး

Wednesday, October 1, 2014

သွေးရောင်လွှမ်းမယ့် သီတင်းကျွတ်လပြည့် လမင်းကြီး

လာမယ့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပြီး အဲ့ဒီ့နေမှာ လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒါဟာ လမင်းကြီးက ကမ္ဘာရဲ့ အရိပ် ကျရောက်နေတဲ့နေရာကို ဖြတ်သန်းသွားခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။