Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, October 30, 2015

ငှက်ပျောသီးမှာ AIDS တိုက်ဖျက်ပေးမယ့် ဆေးဓာတ် တွေ့ရှိ

ဗြိတိန်မှ ဆေးပညာနဲ့ သုတေသန ဌာန တစ်ခုဟာ ငှက်ပျောသီးမှာ AIDS ကို တိုက်ဖျက်နိုင်တဲ့ ဆေးဓာတ် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်တုန်းက ထုတ်ဖော် မပြောခဲ့ခြင်းက ယင်းဟာ Stable မဖြစ်ပဲ အခြားသော side effect ကြီးကြီးမားမား များကို ဖြစ်စေလို့ ဖြစ်ပါတယ်။ ယခုတော့ မဖြစ်စေတော့ ပါဘူး။
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ် တစ်မျိုးရှိပြီး ယင်းကို banana lectin သို့မဟုတ် ‘BanLec’ လို့ ခေါ်ပါတယ်။ ယင်း ဓာတ်ဟာ ဘာတွေကို တိုက်ဖျက်နိုင်သလဲဆို hepatitis C, flu နဲ့ AIDS တို့ကို တိုက်ဖျက်နိုင်ပါတယ်။ ပထမဦးဆုံး အနေနဲ့ hepatitic C နဲ့ flu ရှိတဲ့ ကြွက်များနဲ့ စမ်းသပ်တဲ့အခါ အောင်မြင်သွားပါတယ်။ AIDS ကိုကျတော့ AIDS ပိုးရှိနေတဲ့ သွေးထဲကို ယင်း ဓာတ်ထည့်သွင်းပြီးတော့ စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး AIDS ပိုးဟာ ပျောက်ကွယ်သွား ပါတယ်။

Thursday, October 15, 2015

အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်


အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။

Wednesday, October 14, 2015

တင်ပါးကြီးတဲ့ အမျိုးသမီးတွေ ဆီးချိုရောဂါ ဖြစ်နိုင်ချေ နည်း



သစ်တော်သီးလို ခန္ဓာကိုယ်မျိုးရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အခွင့်အလမ်းနည်းစေတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။
သစ်တော်သီး ခန္ဓာကိုယ်ဆိုတာဟာ တင်ပါး ကြီးတဲ့ အမျိုးသမီးတွေကို ဆိုလိုတာပါ။ ဒီလေ့လာမှုကဖော်ပြခဲ့တာကတော့ အဆီပါဝင်မှုများတဲ့ တင်ပါးကြီးကြီးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ တင်ပါးသေးငယ်တဲ့ အမျိုးသမီး တွေထက်စာရင် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းစေတယ် ဆိုတာပါပဲ။
ဒါဟာ မွေးကတည်းက လက်ဆင့်ကမ်းပါလာခဲ့တဲ့ မျိုးရိုး ဗီဇ ဆိုင်ရာ ကွဲပြားခြားနား မှုကို ကျေးဇူးတင်ရမှာပါ။ ဖြစ်နိုင်ချေရှိတဲ့ မျိုးရိုးဗီဇကတော့ KLF14 ဖြစ်ပြီး ထို မျိုးရိုးဗီဇဟာ အဆီ သိုလှောင်တဲ့ ဆဲလ်တွေကို ကွဲပြားခြားနားစွာ လုပ်ဆောင်စေပြီး အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

Sunday, September 27, 2015

ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ

ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့ မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်

ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်

တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက် သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။ ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်

Friday, July 31, 2015

ဦးနှောက်ကို ဘယ်အရာတွေက တဖြည်းဖြည်း ပျက်စီးစေတာလဲ

စာရိုက်တဲ့အခါ အမှားတွေ များ လာတာမျိုး၊ အရင်ကလောက် စိတ်ကူးစိတ်သန်းတွေ မကောင်း တော့တာမျိုး စတာတွေ ကြုံလာ ရခြင်းဟာ ဦးနှောက်ဆဲလ်တစ်ခုခု ယိုယွင်းလာတာကို သတိပေး လိုက်တာပါပဲ။ နေ့စဉ်လုပ်မိတဲ့ အရာတွေကနေ ဦးနှောက်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တာ ကြောင့် ထပ်မလုပ်မိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်တွေ အကြံပြုသလို စိတ် ရောကိုယ်ပါ ကောင်းကောင်းနား နေဖို့ လိုပါတယ်။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဦးနှောက်ဟာ အ လုပ်တွေ ပိုလုပ်ရတာကြောင့် အတွေးနယ်ချဲ့ပြီး စဉ်းစားတာမျိုး တွေ ရှောင်ပြီး အိပ်စက်အနားယူ သင့်ပါတယ်။

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး

နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။
နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။

Wednesday, April 1, 2015

ချောမွေ့ကာ ပြေပြစ်လို့ အဖုအထစ် ကင်းစေဖို့



သဘာဝ အပင်ထွက် အရေပြား တင်းရင်းစေတဲ့ ဆေးတွေ စမ်းသုံးကြည့်ပါ
“ကြွက်သား အဖုအဖု၊ ထုထုပြီး ခရာချင်စရာကွယ်” ဆိုတဲ့ ရှေးသီချင်း တပုဒ်ရဲ့ စာသားတွေ ကြားရင် တောင့်တင်းသန်မာ ပြီး ကြွက်သားတွေ အမြှောင်းမြှောင်း ထလို့ ခန့်ထည် ဝင့်ကြွားနေတဲ့ ဗလမောင်ကြီးတွေကို ပြေးပြီး မြင်မိကြမှာပါ။ ဒါပေမယ့် ကြွက်သား မဟုတ်ဘဲ တခြား အဖုအဖုတွေ ကျတော့လည်း စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးဆုံမှာ၊ အရေပြား အောက်က အထစ်အထစ်တွေ၊ အမြှောင်း အရစ်ရစ်တွေ ဖြစ်နေတာကို မြင်ဖူးကြမှာ ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ဒါကို Cellulite လို့ ခေါ်ပါတယ်။

Tuesday, March 24, 2015

ကလေးရယူမယ့် စုံတွဲတွေအနေနဲ့ ၂ ရက် (သို့) ၃ ရက်တစ်ခါသာ ချစ်တင်းနှီးနှောသင့်



ကမ္ဘာကျော် အနုပညာရှင် စုံတွဲဖြစ်တဲ့ Kanye West နဲ့ Kimkardashian တို့ကတော့ ဒုတိယရင်သွေးရအောင် ကြိုးစားတဲ့အနေနဲ့ တစ်နေ့ကို အကြိမ် ၅၀၀ လောက် ချစ်တင်းနှီးနှောကြတယ်လို့ “Keeping Up With the Kardashians” အစီအစဉ် အသစ်မှာ Kim Kardashina က သူမရဲ့ ညီမ Khloe Kardashian ကို ပြောပြ ခဲ့ပါတယ်။

Friday, March 20, 2015

မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးရွာလေးတွင် ရင်ချင်းဆက် အမြွာကို သားဖွားဆရာမလေးက အောင်မြင်စွာမွေးဖွားပေးခဲ့



မြို့ပြနှင့် အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု အသုံးအဆောင် ဆေးဝါးနှင့် အ ကူကိရိယာ ပြည့်စုံစွာ မရှိသော်လည်း သားဖွား ဆရာမလေး မြတ်ကေသီဝင်းက ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ အုပ်စု ထုံးဘိုကျေးရွာနေ သားသည်မိခင်တစ် ဦးထံမှ ရင်ချင်းဆက် အမြွှာကလေးငယ် နှစ်ဦး ကို မတ် ၁၆ ရက် နံနက် ၈ နာရီက အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

Wednesday, March 18, 2015

ဦးနှောက်ရောင်နာရောဂါနှင့် ပတ်သက်သည့် စီမံကိန်းတစ်ခုပြုလုပ်မည်

ဦးနှောက်ရောင်နာ ရောဂါနှင့် ပတ်သက်သည့် စီမံကိန်း တစ်ခု မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် စတင်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဦးနှောက်ရောင်ရောဂါဆို သည်မှာ ဗဟိုအာရုံကြောဖွဲ့စည်း မှုစနစ် ရုတ်တရက်ပြင်းထန်စွာ ရောင်ရမ်းခြင်းကြောင့် ဆက်စပ် နေသော ဦးနှောက်နှင့် အာရုံ ကြောများ၏ ပုံမှန်လုပ်ငန်းစဉ်များ ပျက်ယွင်း၍ ဖြစ်ပေါ်သည့် ရောဂါဖြစ်သည်။ အဆိုပါ ရောဂါများတွင်ရေယုန်ကြောင့် ဖြစ်သော ရောဂါ များ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်ရောင်နာနှင့် ဦးနှောက် အမြှေးရောင်စသည့် ရောဂါများ ပါဝင်ပြီး အသက် (၁၅) နှစ် အောက်အရွယ်များတွင် ပိုမို အဖြစ်များသည်။

ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်

ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။
(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊
(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ
(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊
(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊
(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။

Tuesday, March 17, 2015

နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်


ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။

Sunday, March 15, 2015

ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ

လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင် သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး

Friday, March 13, 2015

သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်



သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

Tuesday, March 3, 2015

သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ

အခု ပြောချင်တဲ့ ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ ဆိုရင် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ စာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
အခုပြောမယ့် ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု တွေကို အထောက်အကူ ပြုဖို့ အသုံးပြု ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ် ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒ မပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကို ဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှ အစ (အရွယ် ရောက်သူတိုင်း သိကြပြီး ဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက် စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်...........ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ် ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ် နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။
ယင်းဆေးဝါး များသည် ယေဘုယျ အားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည် အတွင်းသို့ ထည့်ခတ် နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -

Wednesday, February 25, 2015

ကွမ်းစားခြင်းကြောင့် နိုင်ငံပုံရိပ် ညှိုးမှိန်စေသည်ဟု ကျန်းမာရေး ဒုဝန်ကြီး ပြောကြား

ကွမ်းယာ စားသုံးခြင်းသည် မိသားစု စီးပွားရေးနှင့် ကျန်းမားရေးကို ထိခိုက်စေရုံသာမက လူ၏ဥပဓိရုပ်နှင့် နိုင်ငံ၏ပုံရိပ် ညှိုးမှိန်စေသော လုပ်ရပ်များ ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

Wednesday, January 28, 2015

ယနေ့ လူငယ်နှင့် အရက်အန္တရာယ်

ယနေ့ခေတ် လူငယ်အတော်များများသည် အရက်၏ ကျေးကျွန်ဘဝသို့ ကျရောက်နေသည်။ မြို့ကြီးများတွင်သာမက ကျေးလက် တောရွာများတွင်ပါ အရက်သောက်သူဦးရေ တိုးပွားလာလျက်ရှိသည်။ လူတန်းစားမရွေး သောက်သုံးနိုင်သည့် နိုင်ငံခြားဘီယာ အရက်များအပြင် ဈေးပေါပေါဖြင့်ဝယ်ယူ သောက်သုံးနိုင်သည့် အရက်များ များစွာရှိနေသည်။ ဥပမာ စကားတစ်ခွန်းကဲ့သို့ 'လွယ်လျှင် သူကြွယ်တောင် သူခိုးဖြစ်နိုင်တယ်'ဆိုသကဲ့သို့ နေရာတိုင်း အရက်ရနိုင်ခြင်းသည် လူငယ်များအား အရက်စွဲစေပြီး အရက်၏ ကျေးကျွန်ဘဝသို့ ရောက်သွားစေခြင်း ဖြစ်ပါသည်။

ခါးနာသက်သာစေမည့် သဘာဝကုထုံး

Photo: ခါးနာသက်သာစေမည့် သဘာဝကုထုံး
Wednesday, January 28, 2015

အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။
ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။
မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။
လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။
ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။
ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။
သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.
ကျန်းမာရေးသတင်းများ

Myawady Health
အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။
အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။
ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။

Saturday, January 17, 2015

သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်


Photo: သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်
ဇန်န၀ါရီလ ၁၇ ရက်၊ ၂၀၁၅

သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။

မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့် ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာလည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။

‘‘ကုမ္ပဏီနာမည်တွေကို ထုတ်မပြောနိုင်ဘူးဆိုတုန်းကလည်း သုတေသနအဆင့်မှာပဲရှိသေးတော့ သုတေသနကျင့်ဝတ်အရ ထုတ်ပြောလို့မရတာပါ။ အခုစစ်ဆေးရသမျှတွေကို ထုတ်ပြန်ပေးသွားမယ်’’ဟု FDA မှ ညွှန် ကြားရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။ စားသောက်ကုန်နှင့် ရေသန့်မှန်သမျှကို ကိုယ်တိုင်စစ်ဆေးပြီး အန္တရာယ်ရှိပါက တံဆိပ်၊ ကုမ္ပဏီနာမည်နှင့် ထုတ်ပြောပေးနေကျဖြစ်ပြီး ယခုရက်ပိုင်းအတွင်းက စစ်ဆေးတွေ့ရှိထားသော သောက်သုံးရန်မသင့်သည့် ရေသန့်များကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ပေးသွားမည် ဟု ၎င်းကပြောသည်။

ဈေးကွက်အတွင်း ဖြန့်ဖြူးနေသော ရေသန့်ဗူးအချို့ကို တွေ့ရစဉ်
7Day Daily
သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။

မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့် ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာလည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။