
Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts
Thursday, October 15, 2015
Monday, October 12, 2015
တာလီဘန် ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် အမေရိကန်တပ်ကြပ် ကို စစ်ထောင်မချရန် ထောက်ခံ
အာဖဂန်တာလီဘန်တွေရဲ့ ၅ နှစ်ကြာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အမေရိကန် တပ်ကြပ်တဦးကို စစ်ထောင်မချဖို့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် အရာရှိတဦးက ထောက်ခံတယ်လို့ သူ့ရဲ့ ရှေ့နေက အောက်တိုဘာ ၁၁ ရက်နေ့က ပြောဆိုပါတယ်။
တူရကီတွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြသူများ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၁၀၀ ခန့် သေဆုံး

တူရကီနိုင်ငံ အန်ကာရာမြို့တော်တွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်အတွက် သုံးရက်တာမျှ နိုင်ငံတော်အဆင့် လွမ်းဆွတ်အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်သွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အန်ကာရာမြို့တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုသည် ကာ့ဒ်ခွဲထွက်ရေး PKK စစ်သွေးကြွများနှင့် တူရကီအစိုးရအကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး ယင်းသို့ စီတန်းလှည့်လည်နေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
Saturday, October 10, 2015
အွန်လိုင်းပေါ်မှာခေတ်စားလို့နေတဲ့အငှားချစ်သူထားခြင်း

တရုတ်နိုင်ငံရဲ့အွန် လိုင်းပေါ်မှာ အခုတလောခေတ်စားလို့နေ တာကတော့ အငှားချစ်သူထားခြင်းဖြစ် တယ်လို့သိရပါတယ်။
Friday, October 9, 2015
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ က၊ ယာဉ်ကြော ၅၀ ပါ လမ်းမမှာ ကမ္ဘာ့အရှည်ဆုံး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်

နောက်တစ်ခါ သင် ကားပိတ်တာကြုံလို့ စိတ်ညစ်နေပြီဆိုရင်၊ ဘေဂျင်းမြို့ သားတွေကို စာနာကြည့်လိုက်ပါ။
၂၀၁၅ နိုဗယ်ဆုပေးပွဲမှာ နိုဗယ်ဆုရရှိခဲ့တဲ့ ဓာတုဗေဒ ပညာရှင်

၂၀၁၅ ခုနှစ် နိုဗယ်ဆုပေးပွဲကို ဆွိဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် ဆုကိုတော့ ဓာတုဗေဒ ပညာရှင်သုံးဦးမှ ရရှိသွားခဲ့ပါတယ်။ ဆွိဒင်နိုင်ငံရဲ့ တော်ဝင် သိပ္ပံ အကယ်ဒမီ တစ်ခုရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် ရဲ့ နိုဗယ်ဆု အတွက် ဓာတုဗေဒ ပညာရှင် သုံးဦးဖြစ်တဲ့ Tomas Lindahl, Paul Modirch နဲ့ Aziz Sancar တို့က ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။ ယခု ပုံဖြင့် ဖော်ပြထားသူကတော့ Tomas Lindahl ဖြစ်ပါတယ်။ ၄င်းနိုဗယ်ဆုကို ဗုဒ္ဓဟူးနေ့က ကြေငြာသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဓာတုဗေဒ ပညာရှင် သုံးဦးရရှိသွားတဲ့ ဓာတုဗေဒ ဆိုင်ရာ တွေ့ရှိချက်ကတော့ လူတစ်ယောက်မှာရှိနေတဲ့ DNA ကို ပြန်လည် ပြုပြင်ပြီး သက်ရှိဆဲလ်များဟာ ကင်ဆာရောဂါကို ကုသရာမှာ မည်သို့ မည်ပုံ အသုံးဝင်ကြောင်း တွေ့ရှိသွားတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တွင် IS စစ်သွေးကြွများ စိမ့်ဝင်လှုပ်ရှားနေမည်ကို အနောက်နိုင်ငံများ အထူးစိုးရိမ်

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားသားများ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုများကို IS အုပ်စုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ ဒါကာအစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သော်လည်း ယင်းနိုင်ငံတွင်း ပြင်ပနိုင်ငံများမှ အကြမ်းဖက်အုပ်စုများ ဝင်ရောက်အခြေချနေပြီလော ဟူသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဒါကာမြို့တော် သံတမန်ရပ်ကွက်၌ နယ်သာလန် အခြေစိုက် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခုမှ အီတလီသား စီမံကိန်းမန်နေဂျာ တစ်ဦးကို အမည်မသိ သေနတ်သမားသုံးဦးက ပစ်ခတ်သတ်ဖြတ်မှု ပေါ်ပေါက် ခဲ့သလို စနေနေ့ကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပညာရှင် ဂျပန်နိုင်ငံသားတစ်ဦး ဖြစ်သူ ကူနီယိုဟိုရှီဆိုသူကို သေနတ်သမားသုံးဦးကပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ဖြစ်ပြီး အဆိုပါ လူသတ်မှုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့က အမြန်ဆုံး ဖော်ထုတ်အရေးယူရန် တောင်းဆိုလိုက်သည်။
Sunday, February 1, 2015
လူကုန်ကူးမှုတိုက်ဖျက်ရန် ထိုင်းအရပ်သားလက်နက်ကိုင်အဖွဲ့ ဖွဲ့စည်း
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့မှာ လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ လက်နက်ကိုင် လုပ်အား ပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အမေရိကန်အခြေစိုက် Trafficking in Person TIP အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
အာရှရဲ့ အစည်ကားဆုံး လူကုန်ကူးမှုလမ်းကြောင်းတွေထဲက တခုအပါ အ၀င်ဖြစ်တဲ့ တောင်ပိုင်းမှာ အစိုးရက ကင်းလှည့်ဖို့ အားထုတ်မှုတွေကို စိတ်ပျက်နေတဲ့ အရပ်သားတွေက ကိုယ်တိုင် လှုပ်ရှားနေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လူကုန်ကူးမှုပြဿ နာကို ဖြေရှင်းဖို့ ရွာသား အယောက် ၁၀၀ လောက် ပါတဲ့ အုပ်စုက တောင်ပိုင်းခရိုင်မှာ ကင်းလှည့်နေရပါတယ်။
လူသားချင်းစာနာမှု စိုးရိမ်ချက်တွေနဲ့ လုပ်နေတာ ဖြစ်ပေမယ့် လက်နက်ကိုင် လူမှောင်ခိုတွေနဲ့ ဆင်းရဲတဲ့ ဒုက္ခသည်တွေကြောင့် ရာဇဝတ်မှုတွေ တိုးလာပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သူတို့က ပြောပါတယ်။
ဘရာဇီးတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေရ
ဘရာဇီးနိုင်ငံရဲ့ နေရာအတော်များများမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ် ရင်ဆိုင်နေကြရပါတယ်။
မိုးခေါင်မှုကြောင့် ရီယိုဒီ ဂျနေရိုပြည်နယ်က လယ်သမားတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ၊ လယ်ယာသုံး တိရစ္ဆာန်တွေနဲ့ ကုန်ထုတ်လုပ်မှုတွေ အကြီးအကျယ် ဆုံးရှုံးနေကြပါတယ်။
ပြည်နယ်ကို ဖြတ်စီးနေတဲ့ မြစ်ဟာလည်း ပျမ်းမျှထက် ၁.၂ မီတာ မြစ်ရေ မျက်နှာပြင် ပိုနိမ့်ခဲ့လို့ နှစ် ၆၀ အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
အနာဂတ် ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြလှိုင်း ထုတ်လွှင့်သည့်စနစ် တပ်ဆင်ရန် ရည်ရွယ်
အနာဂတ်ကာလ၌ ခရီးသည်တင် လေယာဉ်များတွင် မိနစ်အလိုက် အချက်ပြ လှိုင်းများ ထုတ်လွှင့်ပေးနေသည့် စနစ်မျိုး တပ်ဆင်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။
တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် ပျံသန်းနေသည့် ခရီးသည်တင် လေယာဉ်များတွင် မိနစ်ပိုင်းမျှ သတ်မှတ်အချိန်တစ်ခု ကုန်ဆုံးသွားတိုင်း အချက်ပြလှိုင်းများ ထုတ် လွှင့်သော စနစ်မျိုးကို တပ်ဆင်လိုက်ခြင်းဖြင့် လေယာဉ်ပျက်ကျချိန်၌ ကယ် ဆယ်ရေးများက ပိုမိုလျင်မြန် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် စည်းမျဉ်းသစ်ကို ယခုနှစ်ကုန်ပိုင်းခန့်တွင် အတည်ပြု ကျင့်သုံးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ တစ်ခုဖြစ်သည့် နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ကြီး (ICAO)က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်းမသိ ပျောက်ဆုံး သွားသည့် MH370 ခရီးသည်တင် လေယာဉ် သည် တစ်နှစ်နီးပါး ကြာလာသည်အထိ ပြန်လည် ရှာမတွေ့တော့ သည့်နောက် ယင်းကိစ္စကို အခြေခံကာ ယခုစနစ်သစ်ကို စဉ်းစားလာခြင်း ဖြစ်သည်။
ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းရန် အင်အား ၇၅၀၀ ပါ တပ်ဖွဲ့ကြီး ဖွဲ့စည်းမည်
ဘိုကိုဟာရမ်သူပုန်အဖွဲ့တွေကို နှိမ်နင်းရေးအတွက် နိုင်ငံပေါင်းစုံက ပူးပေါင် လုပ်ဆောင်ဖို့ အာဖရိကသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ကြိုဆို ထောက် ခံလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အီသီယိုးပီးယား နိုင်ငံရဲ့ မြို့တော် အဒစ် အဘာဘာမြို့ မနေ့က အခုလို ပြောကြား လိုက်တာပါ။
အာဖရိကသမဂ္ဂ (အေယူ) ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက နိုင်ဂျီးရီး ယား သူပုန်တွေကို နှိမ်နင်းတိုက်ခိုက် ဖို့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၇၅၀၀ ပါတဲ့ ဒေသ တွင်း တပ်ကို ဖွဲ့စည်းဖို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
လောလောဆယ် နိုင်ဂျီးရီးယားနဲ့ အိမ်နီးချင်းလေးနိုင်ငံ ဖြစ်တဲ့ ဘီနင်း၊ ကင်မရွန်း ချဒ်နဲ့ နိုက်ဂျာနိုင်ငံတို့က နိုင်ငံတကာတပ်ထဲမှာ ပါဝင်ဖို့ တပ်ဖွဲ့ တွေကို စေလွှတ်ရေး ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။
တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ
ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ် လုပ်သား အင်အား လျှော့ချခဲ့ပြီး မြန်မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ် ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာ ရေးတာဝန်ခံဦးပီတာညွန့်မောင် က ပြောသည်။
ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။
‘‘ခေါ်ယူတာက သိသိသာ သာကို တက်လာတာပါ။ ထပ်ပြီး တော့လည်း လမ်းပန်း ဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အ ခြေအနေရှိတယ်’’ ဟု ဦးပီတာ ညွန့်မောင်က ပြောသည်။
ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပ ရမည်ဖြစ် ယင်းပွဲကျင်းပနိုင်ရေး အားကစား ကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လို အပ် ချက်မြင့်နေကြောင်း သတင်းရရှိသည်။
ပူးပေါင်းလေတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့၏ ဓာတုလက်နက် ပါရဂူတစ်ဦး သေဆုံး
အမေရိကန် ဦးဆောင်သည့် ပူးပေါင်းလေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့မှ ဓာတုလက်နက် ပါရဂူ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓာတုလက်နက် ပညာရှင်သည် တစ်ချိန်က အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန်ထံ အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး IS တပ်ဖွဲ့ အင်အား ကြီးထွား လာချိန် တွင် ဆက်သွယ် ပေါင်းစည်းမိခဲ့ခြင်းဟု အမေရိကန် စစ်ဘက်က ဇန်နဝါရီ ၃၀ တွင် ကြေညာခဲ့သည်။
မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်က ဆင်နွှဲခဲ့သည့် လေကြောင်း ထိုးစစ် တစ်ရပ်၌ အဘူမာလစ်ခ် သေဆုံးသွားသည်ဟု မိမိတို့ အတည်ပြုချက် ပေးနိုင်ေ ကြာင်း အမေရိကန် စစ်ဘက်က ဆိုသည်။ မာလစ်ခ်သည် IS တပ်ဖွဲ့များကို ဓာတု လက်နက်များ ကိုင်တွယ် အသုံးပြုနိုင်စွမ်း ရှိလာအောင် လေ့ကျင့် သင်ကြားပေးေ နကြောင်း သိရသည်။
Tuesday, November 18, 2014
ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော

ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။
ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။
Thursday, October 30, 2014
မိန်းမလျာ တစ်ဦး ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း Apple အမှုဆောင်ချုပ် တင်မ်ကွတ်ခ် ဖွင့်ဟ

လိင်တူချင်း စုံမက်သည့် မိန်းမလျာ (Gay) တစ်ဦး ဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်း Apple ကုမ္ပဏီ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ထုတ်ဖော် ဝန်ခံလိုက်သည်။
Businessweek တွင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးတစ်ခု၌ ကွတ်ခ်က မိန်းမလျာ တစ်ဦးအဖြစ် ရပ်တည်ခွင့် ရခြင်းသည် ၎င်းအတွက် ဘုရားသခင် ပေးသနားသည့် အကောင်းဆုံး လက်ဆောင် တစ်ခုအဖြစ် ဖော်ပြထားသည်။ ကွတ်ခ်က မိမိသည် ယခင်က လိင်မှုဘဝ မွေ့လျော်မှုနှင့် ပတ်သက်ပြီး တိတိကျကျ အသိအမှတ် မပြုသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ဟု ဆိုသည်။
Thursday, July 24, 2014
ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြင်သစ်ကို ထွက်ခွာ
ရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်ဟာ မနေ့ညက သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီး ကနေ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့ အတူ ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာယီထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရပေမယ့် လက်ရှိ NCPO အစိုးရအဖွဲ့က မစ္စယင်လတ်ကို အေးအေးဆေးဆေး နေလို့ ပြည်ပ ထွက်ခွာခွင့် ပေးလိုက်တာပါ။
ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး

ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်နိုင်သည့် အသက်အငယ်ဆုံး ပိုင်းလော့အဖြစ် မှတ်တမ်းဝင်ရန် ကြိုးစားနေသည့် ပါကစ္စတန်-အမေရိကန် ဆယ်ကျော်သက် လေယာဉ်မှူး ဟားရစ်ဆူလေမန်သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက တောင်ပစိဖိတ်ဒေသရှိ အမေရိကန် ဆာမိုအာကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း
TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး
TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ထိုင်ဝမ်ရှိ
ပင်ဂူးဟ်ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် လူ ၅၁ သေ ဆုံးပြီး အခြား
လူ ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်ဝမ်သတင်း ဌာန များက
ပြောကြားသည်။ ထိုင်ဝမ်အခြေစိုက် TransAsia လေကြောင်း လိုင်းမှ လေယာဉ်သည်
ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong
လေဆိပ်သို့ ပျံသန်းစဉ်
Tuesday, July 22, 2014
အစ္စရေးထိုးစစ်တွင် ပါလက်စတိုင်းဘက်မှ သေဆုံးသူ (၅၀၀)ကျော်အထိ မြင့်တက်လာ
ဇူလိုင်(၂၁)ရက် ညပိုင်းထိ ဂါဇာစစ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရှိရသည်။
အစ္စရေး လေတပ်သည် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ ပုန်းခိုရာ ပစ်မှတ်များကို သည်းသည်းမည်းမည်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သလို အစ္စရေး မြေပြင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပါလက်စတိုင်း ပိုင်နက်ထဲ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ဟားမားစ်တို့၏ တိုက်ရည်ခိုက်ရည်သည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း အစ္စရေးစစ်ဘက် အရာရှိများက ဝန်ခံထားပြီး အစ္စရေး စစ်သည်များလည်း အကျအဆုံး များလျှက်ရှိသည်။

အစ္စရေး လေတပ်သည် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ ပုန်းခိုရာ ပစ်မှတ်များကို သည်းသည်းမည်းမည်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သလို အစ္စရေး မြေပြင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပါလက်စတိုင်း ပိုင်နက်ထဲ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ဟားမားစ်တို့၏ တိုက်ရည်ခိုက်ရည်သည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း အစ္စရေးစစ်ဘက် အရာရှိများက ဝန်ခံထားပြီး အစ္စရေး စစ်သည်များလည်း အကျအဆုံး များလျှက်ရှိသည်။
Subscribe to:
Comments (Atom)











