Monday, January 20, 2014

နိုင်ငံကူး လက်မှတ်အတုဖြင့် ၀င်လာသူ နှစ်ဦးကို လေဆိပ်တွင် ဖမ်းဆီး

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် မြန်မာ နိုင်ငံ သားနှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air Asia လေကြောင်းခရီးစဉ် အမှတ်AK 1424 ဖြင့် လိုက်ပါလာသူမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သစ္စာရပ်ကွက်၊ နယ်မြေ(၁၂)နေ ကိုဝင်းကျော်ထွေး (၂၇) ဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ်အား စစ်ဆေးရာတွင် အတုဖြ စ် နေကြောင်း ကို လေဆိပ်စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် ကိုဝင်းကျော်ထွေးကို အရေး ယူပေးရန် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဒု-လ၀ကမှူး ညီညီ (လေဆိပ် စစ်ဆေးရေး)အဖွဲ့က တရားလိုပြုလုပ်တိုင်တန်းလိုက်ပြီး မင်္ဂလာဒုံရဲစခန်းက ဇန်န၀ါရီ ၁၈ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

ယင်းအမှုကို မင်္ဂလာဒုံရဲစခန်းက (ပ) ၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လ၀ကအက်ပုဒ်မ ၁၃(၁)/၁၃(၇)(ဂ)ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ယင်းလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ပဲခူးတိုင်းကြို့ပင်ကောက်၊ မယင်းချောင်းဂွ ကျေး ရွာနေ နိုင်ဝင်း (၃၀)နှစ် ဆိုသူမှာလည်း နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည်ကို ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းကိုလည်း အရေးယူပေးရန် လေဆိပ်စစ်ဆေးရေးအဖွဲ့(၂)မှ ဒု-လ၀ကမှူး ဇေယျာထွန်းက တိုင်တန်း သဖြင့် မြို့နယ်ရဲစခန်းက (ပ)၂၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၇)(ဂ) ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်။

Mizzima - News in Burmese

No comments:

Post a Comment