
ဤကိစ္စတွင် တောင်ကြီး NLD စီစဉ်သူများတွင် တာဝန်ရှိကြောင်း၊ မိမိတို့ ရှမ်းလူငယ်များအနေဖြင့် NLD ကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုရော ဆန့်ကျင်ကြသူများ မဟုတ်ကြောင်း၊ သို့သော် ရှမ်းပြည်နယ် လာရောက်ရာတွင် ရှမ်းသင်္ကေတကို လေးစားဖို့ လိုကြောင်း၊ ရှမ်းပြည်နယ် ရှိ NLD ပါတီဝင်များအနေဖြင့် ရှမ်းလူမျိုး မဟုတ်သော်လည်း ရှမ်းဓလေ့ ထုံးစံတို့ကို သိရှိထားရန် အရေးကြီးကြောင်း၊ ရှမ်းပြည်နယ်တွင် အတိတ် နိမိတ်ကောက် နတ်ပသသော အလေ့အထများ ယခုအချိန်အထိ ရှိနေဆဲ ဖြစ်ကြောင်း၊ ယခု အမှားသည် ခွင့်လွှတ်နိုင်စရာကောင်းသော အမှားမဟုတ်ကြောင်း စိုင်းခမ်းလင်း အမည်ရှိ ရှမ်း တိုင်းရင်းသားတစ်ဦးက ပြောဆိုသည်။
"ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ အားနာစရာ ထောက်ထားစရာလည်း မလိုဘူး။ ရှမ်းပြည်မှာနေပြီး ရှမ်းအလံ မသိလို့ပါဆိုရင်တော့ ဗြောင်လိမ်တာပဲဗျ။ နောက် ဘာဖြစ်လို့ ရှမ်းအလံကို နာမ်နှိမ်ထားတာလဲ။ ဘာရည်ရွယ်ချက်လဲ။ မပြောလဲ သိပြီးသားပဲ။ ရှမ်းတွေက ရိုးပါတယ်။ ဒါပေမယ့် မ အဘူးဗျ" ဟု အမည်ထုတ်ဖော်ပြောကြားလိုခြင်း မရှိသည့် ရှမ်းလူမျိုးတစ်ဦးက ပြင်းပြင်းထန်ထန် ပြောကြားသည်။
တောင်ကြီး NLD မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း အချိန်မီ ဖြေကြားလာခြင်း မရှိသဖြင့် ယင်းတို့၏ သဘောထားကို ဖော်ပြနိုင်ခြင်း မရှိပေ။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ်ခရီးစဉ်သည် NLD ပါတီဝင် များက ငွေကြေးကောက်ခံမှုများ ပြုလုပ်ခဲ့ရာ၌ မီဒီယာအမည်ခံ၍ ကောက်ခံခဲ့ခြင်းကြောင့် နာမည်ပျက် စရာများ ကြုံတွေ့ခဲ့ရ ပြီးနောက် ယခုတစ်ဖန် ရှမ်းပြည်နယ်အလံကို မလေးမစား ပြုမှု များကြောင့် ဒေသခံ ရှမ်းတိုင်းရင်းသားများအကြား ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ကြုံတွေ့နေရသည်။
ပြည်သူ့ အာဏာ
No comments:
Post a Comment