Monday, January 20, 2014

ချင်းလူမျိုးအနွယ်ဝင် ခူမီး အမည်မှန်ကန်စွာသုံးနုန်းခေါ်ဆိုရေး တောင်းဆိုချက်ထုတ်ပြန်

မြန်မာလို"ခူမီး"အင်္ဂလိပ်လို"KHUMI"ဟုအမှန်ရေးသားသုံးနှုန်းခေါ်ဆိုနိုင်ရေး နှင့်သန်းခေါင်စာရင်းကောက်ယူရာတွင်"ခူမီး"လူမျိုးတို့ ဧ။်ကိုယ်ပိုင်မူရင်းနာမည်မှန်ကန်စေရေးနိုင်ငံတော်မှတရားဝင်အသိမှတ်ပြု အချိန်မီထုတ်ပြန်ပေးရန် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီက တောင်းဆိုချက်ထုတ်ပြန်သည်။ ခူမီးသည့် ချင်းတိုင်းရင်းသားလူမျိုး (၅၃)မျိုးထဲတွင် ပါဝင်ပြီး ချင်းပြည်နယ် အနောက်တောင်ဘက် ပလက်ဝမြို့ နယ် တွင်အများစု ၊အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တောင်ပိုင်းဒေသ၊ ဘင်္ဂလားဒေရှ်နိုင်ငံ စစ်တကောင်းတောင်တန်း ဒေသ၊ ရခိုင်ပြည်နယ်မောင်းတော၊ ဘူးသီးတောင်၊ကျောက်တော်မြို့နယ်တို့တွင်လည်းပျံ့နှံနေထိုင်လျှက်ရှိသည်။

အမည်အားမှားယွင်းရေးသားခေါ်ဆိုနေမှုအပေါ် တိုင်းရင်းသား ခူမီးလူမျိုးများက လိုလားနှစ်သက်ခြင်းမရှိသည့် အသုံး အနုန်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို လည်းထိခိုက်စေနိုင်သည်ဟု ထင်မြင်မိကြောင်း ၎င်းတောင်းဆိုချက်တွင် ရေး သားထားသည်။

၁၉၄၇ခုနှစ်၊မတ်လ(၁၉)ရက်မှ(၂၆)ရက်နေ့ အထိရန်ကုန်မြို့ တွင်ကြားနာခဲ့သည့်တောင်တန်းဒေသစုံစမ်းရေးကော်မရှင်သို့ ရခိုင်တောင်တန်းခရိုင်(ယခုပလက်ဝမြို့ နယ်)မှတိုင်းရင်းသားကိုယ်စားလှယ်များဧ။်ထွက်ဆိုတင်ပြချက်မှတ်တမ်းတွင်အင်္ဂလိပ်ဖြင့်"KHUMI"ဟုမူရင်းအသံထွက်မှန်ကန်စွာရေးသားမှတ်တမ်းတင်ထားသော်လည်းမြန်မာလို"ခမီ"လို့ အသံထွက်မှားယွင်းစွာရေးသားတွေ့ ရှိခဲ့ကြောင်း တောင်းဆိုချက်တွင်ဖော်ပြထားသည်။

Popular Myanmar News Journal

No comments:

Post a Comment