၂၀၀၇ ခုနှစ် နောက်ပိုင်း ရပ်ဆိုင်းထားသော တောင်နှင့် မြောက်ကိုရီးယား နိုင်ငံတို့မှ အကြီး တန်း ကိုယ် စားလှယ်များ၏ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံ နယ်စပ်ရှိ တောင်ကိုရီးယား နိုင်ငံ ဘက်ခြမ်း တွင် ပြု လုပ်လျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ အဆိုပြုချက်ကြောင့် ခြောက်နှစ်အတွင်း ပထမဆုံး ပြန်လည် ကျင်းပ သည့် နှစ်ဖက် အကြီး တန်း ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုကို နှစ်နိုင်ငံ နယ်စပ်အနီး တောင် ကိုရီးယားနိုင်ငံ ပန်မန် ဂျွမ် ကျေးရွာတွင် စတင် ပြုလုပ်နေခြင်း ဖြစ်သည်။
ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဆိုသည့် ကိစ္စကို ဖော်ပြ ထားခြင်းမရှိဘဲ ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ကိုရီးယားစစ်ပွဲအပြီး ကွဲကွာသွားသော မိသားစုများ ပြန် လည် တွေ့ဆုံမည့် အစီအစဉ် ဖြစ်ဖွယ်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ထားသည်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသည် မိနစ် ၉၀ ခန့် ကြာမြင့် ခဲ့ပြီး၊ နေ့လယ်ပိုင်းတွင် ထပ်မံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း AFP သတင်း အေဂျင်စီ က ပြောကြား သည်။
“ဒီဆွေးနွေးပွဲဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ ခေတ်သစ်တစ်ခုကို စတင်ဖို့ အခွင့်အလမ်းပါ” ဟု တောင် ကိုရီးယား ကိုယ်စားလှယ်ခေါင်းဆောင် တောင်ကိုရီးယား အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး ကင်ကြူဝှန်း က ဆွေးနွေးပွဲ မတိုင်မီ ပြောကြားသည်။
မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်လာသူမှာ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဆိုင် သည့် အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ၀န်တောင်ယွမ် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ထား သည်။
တောင်ကိုရီးယား အနေနှင့် ရန်လိုသော စစ်ရေး လေ့ကျင့်မှုများကို ရပ်တန့်သင့်ကြောင်း၊ စစ်ရေး လေ့ကျင့်မှု များမျာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အတားအဆီးများ ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလ သမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် ကြီး စိုးစေပြောင်းက ပြောကြားသည်။
တောင်နှင့်မြောက် ကိုရီးယားတို့သည် ၁၉၅၀- ၅၃ ခုနှစ် ကိုရီးယား စစ်ပွဲအပြီးတွင် ကွဲကွာ သွားခဲ့ကြသော မိသားစုများကို ဖေဖော်ဝါရီလ ၂၀ ရက်မှ စတင်၍ ငါးရက်ကြာ တွေ့ဆုံကြရန် သဘောတူထားပြီး ဖြစ်သည်။
ကိုရီးယား စစ်ပွဲအပြီး ကွဲကွာသွားသော မိသားစုများ ပြန်လည် ဆုံစည်းပွဲကို နောက်ဆုံး အကြိမ်အဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့ပြီး ယင်းအချိန်က အမေရိကနှင့် တောင် ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ ကျင့်မှုနှင့် တိုက်ဆိုင်နေခြင်းကြောင့် မြောက်ကိုရီးယား က စိတ်ဆိုး ဒေါသထွက်ခဲ့သည်။
အမေရိကနှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ် ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုသည် မြောက် ကိုရီးယားကို ကျူးကျော်ရန် ရည်ရွယ်သည်ဟု မြောက်ကိုရီးယားက ရှုမြင်လျက်ရှိပြီး ယခုနှစ် တွင် စစ်ရေး လေ့ ကျင့် မှု ပြု လုပ်ခဲ့ပါက ကွဲကွာသွားသော မိသားစုများ တွေ့ဆုံပွဲ အစီအစဉ်ကို ပယ်ဖျက်ပစ်မည် ဟု မြောက် ကိုရီးယား က ခြိမ်းခြောက်ထားသည်။
The Voice Weekly
No comments:
Post a Comment