Tuesday, March 4, 2014

တရုတ်က ကာကွယ်ရေးပစ္စည်း အများဆုံး တင်သွင်းသူဖြစ်လာ

တရုတ်က တောင်ကိုရီးယားကို ဖြတ်ကျော်ကာ အရှေ့အာရှအကြီးဆုံး ကာကွယ်ရေးပစ္စည်းများ တင်သွင်းသူ ဖြစ်လာကြောင်း မတ်လ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တစ်ကမ္ဘာလုံး ကာကွယ်ရေးပစ္စည်းများ ကူးသန်းရောင်းဝယ်မှုတွင် အာရှက အခြားဒေသများထက် ရှစ်ဆခန့် ပိုမို တင်သွင်းခဲ့သည်။ ကမ်္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး ဖြစ်သောတရုတ်က ကာကွယ်ရေးပစ္စည်းများ တင် သွင်းမှု မြင့်တက်လာမှုတွင် ဦးဆောင်နေပြီး အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့မှ အိမ်နီး ချင်းနိုင်ငံများနှင့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ ရင်ဆိုင်နေရခြင်ကြောင့် ယခု ကဲ့သို့ မြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ တင်သွင်းမှုမှာ ယခင်နှစ်အတွင်း ၅၂ ဒသမ ၆ ရာခိုင်နှုန်းခန့် တိုးလာပြီး၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တိုးတက်လာသည်။ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသာ ရှိခဲ့သည်။ တရုတ်နိုင်ငံ၏တင်သွင်းမှု ကုန်ကျစရိတ်များမှာ ယခုနှစ်အတွင်း ၁၃ ဒသမ ၈ ရာခိုင်နှုန်းတိုးကာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံအထိ ရောက်ရှိလာမည်ဟု လေ့လာဆန်းစစ်မှုများတွင် ဖော်ပြထား သည်။

Mizzima - News in Burmese

No comments:

Post a Comment