တောင်ကိုရီးယားနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့ ပလတ်စတစ် ဆာဂျရီ မြို့ တော်လို့  တာင်သတ်မှတ်ခံ ထားရ ပါတယ်။ တောင် ကိုရီးယားရဲ့ ပလတ်စတစ်ဆာဂျရီ အရည်အသွေးဟာ
မြင့်မားလွန်းတဲ့အတွက် တခြားနိုင်ငံက လာရောက်ခွဲစိတ်ပြုပြင်တဲ့ ဧည့်သည်တွေ ဒုက္ခတွေ့ နေရ တယ်လို့  ဆိုပါတယ်။
တောင်ကိုရီးယားဆေးရုံတွေမှာ မျက်နှာခွဲစိတ်ပြုပြင်ပြီး မိခင်နိုင်ငံကို ပြန်မယ့်လူတွေဟာ လေဆိပ်မှာ ဒုက္ခရောက်လေ့ရှိပါတယ်။ ပတ်စ်ပို့ က ဓာတ်ပုံနဲ့ အပြင်က ရုပ်နဲ့ က မယုံနိုင်စရာဖြစ်သွားခဲ့တဲ့အတွက်ပါ။
ဒါကြောင့် တောင်ကိုးရီးယားဆေးရုံတွေဟာ ရပ်ဝေးနိုင်ငံခြားက လာရောက်ခွဲစိတ်ပြုပြင်သူတွေကို မျက်နှာခွဲစိတ်ပြုပြင်ခဲ့ကြောင်း ထောက်ခံချက်လက်မှတ်ကို ထုတ်ပေးနေရပါတယ်။
ဒီထောက်ခံချက်လက်မှတ်မှာ ခွဲစိတ်ပြုပြင်သူရဲ့ ပတ်စ်ပို့ နံပါတ်၊ ဆေးရုံနာမည် နဲ့ တောင်ကိုးရီးယားမှာ လည်ပတ်ခဲ့တဲ့ အချိန်ကာလကို ဖော်ပြထားဖို့ သတ်မှတ်ထားပါတယ်။
၂၀၀၉ ခုနှစ်အတွင်းမှာ တရုတ်အမျိုးသမီး ၂၃ ဦးဟာ တောင်ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီ ကုသမှု ခံယူပြီး တရုတ်နိုင်ငံကို အပြန်ခရီးမှာ ရုပ်ရည်အကြီးအကျယ်ပြောင်းလဲနေတဲ့အတွက် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက လူ ၇၇ ယောက်မှာ ၁ ယောက်ဟာ သူ့ ရဲ့ရုပ်ရည်ကို ပိုမိုကြည့်ကောင်းစေ ဖို့ အတွက် ခွဲစိတ်ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့် ဟာ လည်း ခွဲစိတ်ဓားအောက်ကို ၀င်ပြီး လှပဖို့ အတွက် မျက်နှာခွဲစိတ်ကုသမှု ခံယူကြတယ် လို့ အချက်အလက်တွေ အရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ K-Pop ဂီတ ကမ္ဘာတစ်လွှားအောင်မြင် လာမှုနဲ့ အတူ နိုင်ငံရပ်ခြားက လာရောက်ကုသမှု ခံယူသူတွေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေဟာ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဓာတ်ပုံကိုပြပြီး ခွဲစိတ်မှု ခံယူကြသလို အမေရိကန်ဆန်တဲ့ နှာခေါင်းနဲ့ မျက်လုံး ပုံစံမျိုး ခွဲစိတ်မှုက အများဆုံးဖြစ် တယ်လို့ သိရပါတယ်။
Ref: Dailymail.co.uk
Trend Myanmar

No comments:
Post a Comment