ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက် စိုက် ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။
အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်
လိုက်ချင်ကြတယ် ။
ကျွန်တော် ဒီသူတောင်းစား ရှေ့ ကနေဖြတ်သွားဖြစ်တာ ကြာပါပီ ။ ဒါပေမယ့်လဲ တစ်ခါမှမလှုဖြစ်ခဲ့ဘူး ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ သူတောင်းစားတွေကို လူတစ်ယောက်က အုပ်ချုပ်ပီး အဲ့ဒီလူက တော်တော် ချမ်းသာတဲ့ လူဖြစ်နေတာကို ကြားဖူးသိဖူးနေခဲ့လိုပဲ..။
တလလောက်အကြာ... လမ်းမှာ အဲ့ဒီသူတောင်းစားအမျိုးသမီးနဲ့  ကျွန်တော်ရုတ်တရတ် ၀င်တိုက် သလိုဖြစ် သွားခဲ့မိတယ် ။
ကျွန်တော်လမ်းကိုဆက်လျှောက်သွားမိတယ် အမျိုးသမီးလက်ထဲက ကလေးငယ်ကိုစူးစိုက်ကြည့်ရင်းနဲ့ .....။
ခုလိုမြေအောက်ရထားလမ်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ညစ်ပတ်ပေရေနေတဲ့ အ၀တ်စထဲကကလေးငယ်လေးရဲ့ ဘ၀က ဘယ်လိုများလဲ၊
ကလေးငယ်ဟာ အိပ်ပျော်နေတယ် ၊ ဘယ်တော့မှ အော်ခြင်း ငိုခြင်းမရှိဘူး ။ သူ့ အမေလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတာကများတယ် ။
သင်တို့ မှာ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အရွယ်ရှိတဲ့ ကလေးငယ်တွေရှိကြလား ။ သူတို့ ဟာ တစ်ခါအိပ်ရင် ၂ နာရီထက်ကြာပီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါ့မလား ။
ဘယ်လိုပဲဖြစ်ဖြစ် ခုတွေ့ နေတဲ့ကလေးငယ်လေးကတော့ အမြဲအိပ်နေတတ်တယ် ။ အမြဲတမ်းပဲ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့်စိတ်ဝင်စားမှုတွေတိုးလာခဲ့တယ် ။
" ဘာလို့  ကလေးက အမြဲတမ်းအိပ်ပျော်နေတာလဲ " ကျွန်တော်ကလေးငယ်ကိုစိုက်ကြည့်ရင်း သူမကို မေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက ကျွန်တော့်မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး သူမ မျက်နှာကို ကော်လာ အထူကြီးထောင်ထားတဲ့ ဂျက်ကင်အိင်္ကျီထဲထိ ခေါင်းစိုက်အောင် ငုံ့ ထားတယ် ။
ကျွန်တော်မေးခွန်းကို ထပ်မေးလိုက်တယ် ။
အမျိုးသမီး ကျွန်တော့်ကိုမော့်ကြည့်တယ် ၊ ပီးတော့ ကျွန်တော့်နောက်ကျော် ဖက်ကို မျှော် သလိုကြည့် လိုက်တယ် ..။
" သွားစမ်းပါ " သူမတိုးတိုးညည်းပီးပြောတယ် ။
ကျွန်တော့ရဲ့  အနောက်ဖက်ကနေ လူတစ်ယောက် ပခုံးကိုလာကိုင်တယ် ။ ကျွန်တော်လှည့်ကြည့် လိုက်တော့ အမျိုးသားတစ်ယောက် ။
"မင်းသူမဆီက ဘာလိုချင်လို့ လဲ ၊ သူ မဘ၀ ဘယ်လောက်ခက်ခဲလဲဆိုတာ မတွေ့ ဘူးလား" ပြောရင်းနဲ့  သူ့ အိပ်ကပ်ထဲက အကြွေတစ်စေ့ကို ထုတ်ပီး သူမကို လှမ်းပေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက အတတ်နိုင်ဆုံးသနားစဖွယ်မျက်နှာနဲ့ ဖြစ်နေတယ် ။ ထိုလူကတော့ကျွန်တော့် ပခုံးပေါ်က သူ့ လက်ကို ဖယ်ပြီး မြေအောက်ဘူတာရုံထဲ ဆင်းသွားတယ် ။
သေချာတာတော့ ဒီလူအိမ်ရောက်ရင် သနားစဖွယ်သူတောင်းစားအမျိုးသမီးတစ်ယောက်ကို အနှောင့် အယှက်ပေးနေတဲ့ လူတစ်ယောက်လက်ထဲက သူဘယ်လိုကယ်လိုက်တယ်ဆိုပီး ပြောနေမှာပဲ .
နောက်နေ့ မှာတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းထံကနေ ဒီလိုတောင်းစားနေမှုလုပ်ငန်းတွေဟာ သမားရိုးကျမဟုတ်ပဲ မှုခင်းတစ်ခုခုနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အချက်တွေ သိခဲ့ရတယ် ။
အဲ့ဒီမှာရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အရက်သမားဆေးသမား မိသားစုတွေဆီက ငှားတာမျိုး ၊ ခိုးယူလာတာမျိုး ဖြစ်နေကြတယ် ။
ကျွန်တော်အသိချင်ဆုံးအချက်က ကလေးတွေဘာလို့  အမြဲအိပ်နေကြတာလဲဆိုတာပဲ ၊ ကျွန်တော့် သူငယ်ချင်းက အဲ့ဒီအချက်ကို အေးဆေးပဲ ပြောပြတယ် " ကလေးတွေက ဘိန်း ၊ အရက် သုံးနေကြရတာ ..။ "
" ဘယ်လို ဒီကလေးတွေက အရက်တွေ ဘိန်းတွေ သုံးနေကြရတယ် ! " ကျွန်တော် တအံ့တသြရေ ရွတ်မိတယ် ။
" အင်း... အဲ့ဒါကြောင့်လဲ ဒီကလေးတွေက မအော် မငိုပဲ ငြိမ်နေကြတာပေါ့ကွာ ။ အမျိုးသမီးဘေးမှာ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပုံမှန်ကလေးတစ်ယောက် ထိုင်နေဖို့ ဘယ်လိုဖြစ်နိုင်မလဲ ။
ကလေးငယ်တစ်နေ့ လုံးငြိမ်နေဖို့  ဆေးထိုးခြင်း အရက်တိုက်ခြင်း ၊ ဘိန်းကျွေးခြင်းစတာတွေ လုပ်ကြတယ် "
" တကယ်တမ်း ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ဒီလို အရာတွေနဲ့ ဘယ်လို မှ မအပ်စပ်ကြဘူး ။
တခါတလေ ဒီကလေးငယ်တွေဟာ ဒါကြောင့်ပဲ ရှော့တွေဖြစ်ပီး အသက်ဆုံးရှုံးကြရတယ် ။ အဆိုးဆုံးက ဒီကလေးငယ်တွေဟာ တခါတရံ အလုပ်ချိန်မှာတင်သေဆုံးကြတယ် ။
ဒီအမျိုးသမီးတွေလဲဒီ သေဆုံးနေတဲ့ ကလေးငယ်ကို ညနေအလုပ်သိမ်းတဲ့အချိန်ထိ ချီထားတတ်ကြတယ် ။
လူတွေကလဲ သူတို့ ပါလာတဲ့ ငွေလေးတွကို လှုခြင်းဟာ ခုလို သားသည်မိခင်တစ်ယောက် အတွက် ကောင်းကျိုးပြုခြင်းလို့ မှတ်ယူတတ်ကြတာကိုး ...။ "
နောက်တစ်နေ့ မှာ ကျွန်တော် မြေအောက်ဘူတာရုံက အဲ့ဒီ သူတောင်းစားအမျိုးသမီးဆီသွားခဲ့တယ် ။ ကျွန်တော့်ရဲ့ သူတင်းထောက် လိုင်စင်ကဒ်ကို ထုတ်ပြပီး သူမနဲ့ စကားပြောဖို့  ကြိုးစားခဲ့တယ် ။ ထုံးစံအတိုင်းပဲ သူမဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပီး လက်ထဲမှာကလေးတစ်ယောက်ရှိနေတယ် ။
ကျွန်တော်သူမကို ဒီကလေးဟာ သူမကလေးဟုတ်မဟုတ် ၊ သက်သေခံ စာရွက်စာတမ်းရှိမရှိ မေးခဲ့တယ် ဒါ့အပြင် ဒီကလေးဟာ မနေ့ က ကလေးနဲ့  မတူတဲ့အကြောင်းပါ မေးတယ် ။
သူမ လျစ်လျှုရှုနေခဲ့တယ် ။
ကျွန်တော့်မေးခွန်းတွေကို ခရီးသွားတွေက လျစ်လျူရှုမနေခဲ့ဘူး ။
သူတို့ တွေက ကျွန်တော့်ကို သနားစဖွယ်သူတောင်းစားသားအမိ ကို ပြဿနာရှာနေတယ် ထင်ပြီး ဘူတာရုံအပြင်ကို ပို့ ခဲ့တယ် ။
နောက်ဆုံးအနေနဲ့  ကျွတော် ရဲ ကို ခေါ်လိုက်တယ် ။ ရဲတွေရောက်လာတဲ့အခါ ဒီသူတောင်းစားအမျိုးသမီးနဲ့  ကလေးပျောက်သွားတယ် ။
တကယ်လို့ များ သင်ဟာ သူတောင်းစားအမျိုးသမီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို တွေ့ ခဲ့ မယ်ဆိုရင် .. သင် မလှုခင်စဉ်းစားပါ ။
ဒါဟာ သင့်ရဲ့ ငွေကြေးကို ဆုံးရှုံးသွားမှာဆိုးလို့ မဟုတ်ပါဘူး ။
ဒီလို စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက်ပါ ။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်သင့်ပါတယ် ။
အိပ်ပျော်နေတဲ့ကလေးငယ်ကို သနားစဖွယ်အကြည့်နဲ့  မကြည့်ပါနဲ့ ။ ထိတ်လန့်  အံ့သြဖွယ်ရာ အမြင်နဲ့ မြင်ကြည့်ပါ ။
ခုလို ဒီစာကို ဖတ်လိုက်ရတဲ့အချိန် သင်လဲ သူတောင်းစားတွေလက်ထဲက ကလေးငယ်လေးတွေ ဘာကြောင့်အမြဲငြိမ်သက်အိပ်မောကျနေတယ်ဆိုတာ သိလောက်မှာပါ...။
credit to yu shwe ye tun
No comments:
Post a Comment