
ယင်းအတွက် ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိုင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်း ကောက်ယူခြင်းကို နှစ်လ ထပ်တိုး ပြုလုပ် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှ သိရသည်။
ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ယူခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုး ကောက်ယူရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
''ခုံးကျော် တံတားတွေနဲ့ ဆက်စပ်နေတဲ့ မီးပွိုင့်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုကို ပိုမို ဖြစ်စေတယ်ဆိုတဲ့ စစ်တမ်းတွေ၊ အဖြေတွေ ထွက်ခဲ့ရင် မီးပွိုင့်တွေကို ဝေးဝေး ချဲ့ထုတ်ရမှာပေါ့။ တစ်ခါတလေမှာ မီးပွိုင့်ကြောင့် ယာဉ်တန်းဟာ ခုံးကျော်တံတား အလယ်အထိ ရောက်သွား တာမျိုး ရွှေဂုံတိုင်မှာ တွေ့နေရတယ်။ လှည်းတန်းမှာလည်း ဖြစ်တတ်တာ ရှိတယ်'' ဟု မြို့ပြ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment