Tuesday, April 22, 2014

ဖာဂူဆန်၏ ချန်ပီယံလိဂ်စံချိန်ကို မော်ရင်ဟို ကျော်ဖြတ်နိုင်တော့မည်


ဖာဂူဆန်၏ ချန်ပီယံလိဂ်စံချိန်ကို မော်ရင်ဟို ကျော်ဖြတ်နိုင်တော့မည်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုသည် အက်သလက်တီကိုနှင့် ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မန်ယူနည်းပြဟောင်း ဖာဂူဆန်၏ ချန်ပီယံလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟိုသည် ၎င်းတာဝန်ယူသည့် အသင်းများကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် တက်ရောက်နိုင်ရန် စွမ်းဆောင်ပေးခဲ့ပြီး အက်သလက်တီကိုနှင့် ကစားမည့်ပွဲစဉ်မှာ ၎င်းအတွက် (၈)ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည်။ 

ဖာဂူဆန်မှာ မန်ယူကို (၂၇)နှစ်ကြာ တာဝန်ယူခဲ့သည့်  ကာလအတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အက်သလက်တီကိုနှင့် ပွဲစဉ်တွင် ၎င်း၏စံချိန်ကို မော်ရင်ဟိုက ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟို သည် (၂၀၀၃-၀၄)ရာသီတွင် ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး (၂၀၀၅၊ ၂၀၀၇)ခုနှစ်များတွင် ချဲလ်ဆီးကို ဆီမီးဖိုင်နယ် နှစ်ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့သည်။ 

မော်ရင်ဟိုမှာ ချဲလ်ဆီးနည်းပြဘ၀တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၃)ကြိမ်တိုင် ပို့ဆောင်နိုင်ခဲ့ပြီး ရီးရဲလ်ကို (၃)နှစ်တာ တာဝန်ယူရာတွင် (၃)ကြိမ်ဆက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်စေခဲ့ကာ အင်တာမီလန်နှင့်အတူ (၂၀၁၀)ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည်။

@z (ရိုးရာလေး)
ချဲလ်ဆီးနည်းပြ မော်ရင်ဟိုသည် အက်သလက်တီကိုနှင့် ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မန်ယူနည်းပြဟောင်း ဖာဂူဆန်၏ ချန်ပီယံလိဂ် စံချိန်ကို ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။ မော်ရင်ဟိုသည် ၎င်းတာဝန်ယူသည့် အသင်းများကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ် တက်ရောက်နိုင်ရန် စွမ်းဆောင်ပေး ခဲ့ပြီး အက်သလက်တီကိုနှင့် ကစားမည့်ပွဲစဉ်မှာ ၎င်းအတွက် (၈)ကြိမ်မြောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သည်။
ဖာဂူဆန်မှာ မန်ယူကို (၂၇)နှစ်ကြာ တာဝန်ယူခဲ့သည့် ကာလအတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၇)ကြိမ်
ပို့ဆောင်ပေးနိုင်ခဲ့ပြီး အက်သလက်တီကိုနှင့် ပွဲစဉ်တွင် ၎င်း၏စံချိန်ကို မော်ရင်ဟိုက ကျော်ဖြတ်နိုင်တော့ မည်ဖြစ်သည်။ မော်ရင်ဟို သည် (၂၀၀၃-၀၄)ရာသီတွင် ပေါ်တိုနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး (၂၀၀၅၊ ၂၀၀၇)ခုနှစ်များတွင် ချဲလ်ဆီးကို ဆီမီးဖိုင်နယ် နှစ်ကြိမ်ဆက် ပို့ဆောင်ပေးနိုင်ခဲ့သည်။
မော်ရင်ဟိုမှာ ချဲလ်ဆီးနည်းပြဘ၀တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၃)ကြိမ်တိုင် ပို့ဆောင်နိုင်ခဲ့ပြီး ရီးရဲလ်ကို (၃)နှစ်တာ တာဝန်ယူရာတွင် (၃)ကြိမ်ဆက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်စေခဲ့ကာ အင်တာမီလန်နှင့်အတူ (၂၀၁၀)ခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သည်။
@z (ရိုးရာလေး)

No comments:

Post a Comment