Saturday, April 26, 2014
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA/KIO ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းစခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည် စခန်းများ မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို ဧပြီလ ၂၅ရက်က ကျင်းပခဲ့တယ်လို့ ဒုက္ခသည် ပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ “တိုက်ပွဲ မဖြစ်ခင် ၂၀၁၀ မှာ KIA/KIO ဗဟိုကနေ ကော်မတီဖွဲ့စည်ခဲ့ပြီး တာဝန်ခံ ဗိုလ်ချုပ် ဂမ်ရှောင် ဦးဆောင်ခဲ့ ပါတယ်၊ KIA အဖွဲ့ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဘိန်းပြတ်အောင် လုပ်ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲ ပြန်ဖြစ်လာတဲ့ အချိန်မှာ မူးယစ်ဆေး ဝါးကို KIA အဖွဲ့ဝင်တွေ ကိုယ်တိုင် ပြန်ပြီးတော့ စိုက်ပျိုးခဲ့တာတွေရှိပါတယ်။

လိုင်ဇာမြို့အနီးက ဂျေယန်း နဲ့ ဖုန်းလွမ်းယန် ဒုက္ခသည်စခန်းတွေ မှာ KIA စစ်သားတွေက စိတ်ကြွဆေးပြားတွေ ယူလာပြီး ဖြန့်နေတာကြောင့် ဒုက္ခသည် စခန်းကို ရောက်နေတဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ကိုပိုပြီး တော့သုံးစွဲလာ တာ တွေ့နေရပါတယ်။ KIA စစ်သည်တွေထဲက မူယစ်ဆေး သုံးစွဲသူတွေကို ဆေးဖြတ် ပေးတာတွေကလည်း နာမည်ကောင်း ယူချင်လို့ပါ။ အခုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြော ပွဲဆိုတာ အစိုးရကိုတစ်ဖက်ကလှည့်စားပြီး ယုံကြည်မှုတွေ တည်ဆောက်ဖို့ လုပ်နေတာပါ။
KIA/KIO ဗဟိုက ကော်မတီတွေကိုယ်တိုင် ဘိမ်းစိုက်ပြီး တရုတ်ဘက်ကို ပို့တာတွေလုပ်နေတာ ခုထိရှိနေတုန်းပါပဲ။ သူတို့တွေ ရှိနေသမျှကာလပတ်လုံးတော့ လိုင်ဇာမြို့ကြီးက ဘယ်တော့မှမူးယစ်ဆေးဝါးပ ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အစိုးရနဲ့ ပူးပေါင်းပြီးလုပ်တယ်ဆိုပေမဲ့လည်း အနည်းအကျဉ်းလေးလောက်ပဲ ဖျက်ဆီးတာပါ။ ဖျက်ဆီးလိုက်တဲ့ ပမာဏကလည်း ဆယ်ပုံပုံလို့တောင် တစ်ပုံစာလောက်ကို ဟန်ပြ ဖျက်ဆီးလိုက်တာ လောက်ပဲရှိတာပါ။ အကယ်လို့များ သူတို့ပြောသလို တကယ်မူးယစ်ဆေးဝါး ပပျောက်ချင်တယ်ဆိုရင် စစ်တပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုယ်တိုင်လာပြီး ဖျက်ဆီးမှသာ ဒီပြသနာကြီး ပျောက် သွားမှာပါ။
ပြည်သူတွေအားလုံးပူးပေါင်းပြီး တိုက်ဖျက်သွားဖို့ ဟောပြောပွဲတွေလုပ်ပေမဲ့လည်း လုပ်ပြီးသွားတဲ့အချိန်ကျ တော့ သူတို့လုပ်နေကျအတိုင်းပဲ ပြန်ပြီးတော့ရောင်းချတာတွေ ကိုယ်တိုင်ကိုယ်ကျထုတ်ပြီး တဖက်နိုင်ငံကို ခိုးကြောင်ခိုးဝှက် ရောင်းချနေတာတွေရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ တစ်ခါတည်း မူးယစ်ဆေးဝါးပပျောက်ဖို့ လုပ်ပေးစေ ချင် ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခရောက်လို့ ဒီကိုလာနေတဲ့အချိန်မှာ သူတို့တွေက လူသစ်စုတာလုပ်တယ်။ လူငယ် တွေကို KIA အဖွဲ့ထဲခေါ်ထည့်တယ်။ပြီးရင် အလုပ်ခိုင်းပါတယ်။ အလုပ်လုပ်ခိုင်းလို့မလုပ်နိုင်တော့ တဲ့ အချိန် ကျရင် ဘိန်းတွေကျွေးပြီး လုပ်ခိုင်းတာမျိုးတွေ လုပ်ပါတယ်။
ဒါတွေကိုနိုင်ငံတော်လူကြီးတွေ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် တာဆီးပေးပါလို့ ကျွန်တော်အပါအဝင် ကျန်တဲ့ဒုက္ခသည် လူငယ် အားလုံးက တောင်းဆိုပါတယ်။ ဒါမှ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲ တာတွေ အမှန်တကယ် ပပျောက်နိုင်မှာဖြစ်ပါတယ်။
အောင်ခမ်း
Online News Update
No comments:
Post a Comment