
ယခုနှစ်လေးလအတွင်း လူကုန်ကူးမှု ၁၉ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးခံရသူ ၁၃ ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခြင်း
မရှိသေးသည့်အပြင် လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသော ၁၆ ဦးမှာလည်း
ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ သိရသည်။
နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင်
အမျိုးသား ၁၀ ဦးမှာ ထိုင်းနိုင်ငံရှိ
ငါးဖမ်းလုပ်ငန်းများတွင် လူကုန်ကူးခံရပြီး အမျိုးသမီးသုံးဦးမှာ
တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားများ၏ မယားအဖြစ်
လူကုန်ကူးခံရလျက်ရှိကြောင်း သိရသည်။နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များအနက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရပြီး ယခုနှစ်လေးလအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် ၁၃ ဦးထဲတွင်
ထွက်ပြေးလွတ်မြောက်နေသော လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူ ၁၆ ဦးတွင် ခြောက်ဦးမှာ အမျိုးသားများဖြစ်ပြီး ၁၀ ဦးမှာ အမျိုးသမီးများဖြစ်ကာ အများစုမှာ နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိသည်ဟု သိရသည်။
နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားသည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးအများစု လူကုန်ကူးခံရကာ တရုတ်အမျိုးသားများ၏ အတင်းအဓမ္မ လက်ထပ်ခြင်းခံရပြီး ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူများမှာ ငါးဖမ်းလှေများပေါ်တွင် အတင်းအဓမ္မ အလုပ်ခိုင်းစေ ခံနေရသည်။
၂၀၁၄ ခုနှစ်၏ လေးလတာ ကာလအတွင်း၌ လူကုန်ကူးခံရသည့် ဦးရေမှာ ၄၀ ကျော်ရှိပြီး ယင်းတို့အနက် ၁၃ ဦးမှာ ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်အတွင်း၌ လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသည့် ဦးရေမှာ ၂၅၀ ကျော်ရှိခဲ့ကာ လူကုန်ကူးမှု ကျူးလွန်သည်ဟု ယူဆရသူမှာ ၂၆၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment