Friday, May 30, 2014

ကုန်ဈေးနှုန်းနှင့် အသုံးစရိတ်မြင့်မားမှုကြောင့် ယူနီဆက် အခက်ကြုံ

ရန်ကုန်၊ မေ ၂၈ - မြန်မာနိုင်ငံ အား စီးပွားရေးပိတ်ဆို့မှု ရပ်ဆိုင်း ပြီးနောက် မြန်မာနိုင်ငံ ပွင့်လင်းလာ ခဲ့ကာ ကလေးများအတွက် အကျိုး အမြတ် များစွာရရှိခဲ့သည်။ သို့ရာ တွင် ကုန်ဈေးနှုန်းများ၊ အသုံးစရိတ် မြင့်မား လာခြင်းကြောင့် ကုလသမဂ္ဂ အေဂျင်စီနှင့် တခြားအကူအညီပေးရေး အဖွဲ့များ အခက်ကြုံနေကြရသည်။

စရိတ်ကြီးမြင့်မှုကြောင့် ဆင်းရဲ သားများတွင် အခက်ကြုံနေကြရ သည်။ သုံးစွဲမှု မလောက်မင ဖြစ်နေ ကြရသည်။ အထူးသဖြင့် ရန်ကုန်မြို့ မှ အိမ်၊ ခြံ၊ မြေဈေးတို့ ကြီးမားနေ သည်။ ယူနီဆက်ဖ်၏ အရင်းအနှီးများ တွင် ယူနီဆက်ဖ်၏ ငှားရမ်းခများမှာ ယခင်သုံးနှစ်ခန့်ကထက် နှစ်ဆဈေး ကြီးလာခဲ့သည်။

နိုင်ငံခြားလုပ်ငန်းများကို ဖွင့် ပေးသည့်အလျှောက် စီးပွားရေးလုပ် ငန်းများ အပြိုင်ရောက်ခဲ့ကြသည်။ ၂၀၁၂ခုနှစ်တွင် ခရီးသွား လာရေး ဝန်ကြီးဌာနနှင့် ထရိတ်ဒါးဟိုတယ် ပိုင်ရှင်က ၂၀၁၃ခုနှစ် အလယ်တွင် အဆောက်အအုံမှ ဖယ်ပေးရမည် ဟု နို့တစ်စာ ပေးခဲ့သည်။

ထရိတ်ဒါးဟိုတယ် ငှားရမ်းခ မှာ တစ်စတုရန်းပေလျှင် အမေရိကန် တစ်ဒေါ်လာ ပေးရပြီး တစ်လလျှင် ဒေါ်လာ ၄၅,၀၀ဝနှင့် ဝန်ထမ်း ၁၃၀ အတွက် လစာပေးရသည်။ ဈေးနှုန်းကြီးမား၍ ယူနီဆက် သည် ဈေးသက်သာသည့် နေရာကို ရှာဖွေခဲ့သည်။ ရန်ကုန်မြို့ မြို့တွင်း မြို့နယ်အနှံ့၌ ရှာခဲ့သည်။ ဈေး အနည်းဆုံး နေရာကို ရွေးချယ်ခဲ့ သည်။ နေရာ ၄ဝခန့်ကို စုံစမ်းခဲ့ရာ ဈေးနှုန်း အလွန်များနေသည့် လူနေ အိမ်များဖြစ်၍ ပြန်လည်ပြင်ဆင်ရန် ခဲယဉ်းခြင်း၊ ရေလွှမ်းမှု ဒဏ်ခံရနိုင် ခြင်းများရှိ သည့်နေရာများ ဖြစ်နေ သည်။

လက်ရှိ ရုံးနေရာမှာ ဗဟန်း အင်းယားမြိုင်လမ်း၌ ဖြစ်သည်။ ငှား ရမ်းခ စတုရန်းတစ်ပေလျှင် ဒေါ်လာ ၂ ဒသမ ၉ကျပေ မည် ။ ဘေးမှ တိုးချဲ့ အဆောက်အအုံကိုလည်း ငှားရမ်းခ မယူဘဲ ပေးထားရန် သဘောတူသည် ဟု ဆိုသည်။ တစ်လလျှင် ဒေါ်လာ ၈၇,၀၀ဝဖြင့် ခုနစ်နှစ်စာချုပ်ဖြင့် ငှား ခဲ့သည်။ ယူနီဆက်ဖ်အား အခမဲ့ သို့မ ဟုတ် အစိုးရကနေရာပေး မှသာ မြန်မာကလေး များအတွက် ထောက် ပံ့မှုများလုပ်ပေးနိုင်မည်ဟု ဆိုသည်။

[--Democracy today Daily Newspaper--]


Yangon Media Group

No comments:

Post a Comment