
သောက်သုံးရေရှားပါးမှုပြဿနာကို ယခုအခါ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ကြုံတွေ့ရလာခြင်းကြောင့် အစိုး ရအသုံးစရိတ်ဘတ်ဂျက်တွင် ရေ ပြဿနာဖြေရှင်းရန် ရန်ပုံငွေတိုး မြှင့်လာရခြင်းဖြစ်သည်ဟု အ ထက်ပါအမည်မဖော်လိုသူအကြီး တန်းဝန်ထမ်းတစ်ဦးက ပြော သည်။ ယခုတိုးမြှင့်လာသည့် အစိုး ရဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း ၃၂၀၀တွင် တွင်းတိမ်၊ တွင်းနက်၊ လက်တူးတွင်း၊ ရေကန်နှင့်အခြား ရေပေးဝေရေးနည်းစနစ်များအ ကောင်အထည်ဖော်သွားမည်ဟု သတင်းရရှိသည်။
‘‘စည်ပင်ရေမလုံလောက် တော့ ရေ၀ယ်သုံးရတယ်။ ငါးဂါ လန် ဆယ်ဘူးပါတဲ့ ရေစည်တစ် လှည်းကို အရင်က သုံးရာ၊ လေး ရာလောက်ပဲပေးရတာ အခု ၁၅၀၀လောက်ဖြစ်နေတယ်။ ရေ ရှားလို့ နှစ်ဆလောက်ဈေးတက် သွားတယ်’’ဟု ရေရှားပါးမှုပြဿ နာကို ရသေ့တောင်မြို့တွင်နေ ထိုင်သူ ဦးကိုကိုမောင်ကပြော သည်။
နွေရာသီ ရေပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ရခိုင် ပြည်နယ်တွင် သောက်သုံးရေ သယ်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ သည်။ ယခင်က သောရေရှားပါးမှု ပြဿနာကို စစ်ကိုင်း၊ မကွေး၊ မန္တ လေးတိုင်းဒေသကြီးတို့တွင်သာ နှစ်စဉ်ကြုံတွေ့ခဲ့ရသော်လည်းယ ခုအခါ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်း၊ ကရင် နှင့် ရခိုင်ပြည်နယ်များတွင်ပါ ကြုံတွေ့နေရခြင်းဖြစ်သည်။
Author: အိဖြူမွန်
7Day Daily
No comments:
Post a Comment