
နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုနှင့် အလှမ်းဝေးကွာနေသည့် မြန်မာ့ လက်ရွေးစင်အသင်း အတွက် ယခုပွဲဦးထွက်နိုင်ပွဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ များစွာ အကျိုး ရှိခဲ့သော ပွဲဖြစ်ခဲ့သည်။
နည်းပြချုပ် အေဗရာမိုဗစ် သည် မြန်မာ့ လက်ရွေးစင် အသင်း စတင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာ ပွဲတွင် ကံကောင်းခြင်းများစွာဖြင့် အနိုင် ရလဒ်ကို စွမ်းဆောင်နိုင်ခဲ့သည်။
အိမ်ရှင်နှင့် ကစားခဲ့သော ပထမပွဲစဉ်တွင် မြန်မာ ကစားသမားများ၏ အတွေ့အကြုံမရင့်ကျက်သေးမှု၊ ဒိုင်လူကြီးများ၏ အငြင်းပွားဖွယ်ဆုံးဖြတ်မှုများကြောင့် မိနစ် ၂၀ကျော်မှာပင် နောက်ခံလူ သိန်းဇော် နှစ်ဝါတစ်နီဖြင့် အထုတ် ခံခဲ့ရပြီး ၁၀ယောက်တည်းနှင့်ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော်လည်း မြန်မာ ကစားသမားများ၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ကစားကွက်ပျက်မသွားဘဲ အိမ်ရှင်အသင်းကို ခြေစွမ်းအသာဖြင့် အနိုင်ယူ ခဲ့သည်။ ထို့ကြောင့် ပထမပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင် အသင်းက ၃ဂိုး-၂ဂိုးဖြင့် အိမ်ရှင် အသင်းကို အနိုင်ယူခဲ့ပါသည်။
ယနေ့ မေ ၂၁ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်တွင် ပါလက်စတိုင်း အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ပါလက်စတိုင်း အသင်းသည် မေ ၁၉ရက်နေ့တွင် ကာဂျစ္စတန် အသင်းကို ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ထားပါသည်။ သို့သော်လည်း မြန်မာ့ လက်ရွေးစင် အသင်း၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် ပါလက်စတိုင်း အသင်းကို အနိုင်ယူသွားမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက် ရပါသည်။
မြ၀တီ Web Portal အဖွဲ့သားများ
No comments:
Post a Comment