
အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို ထည့်သွင်းလိုက်ရင်တော့ မြန်မာစစ် တပ်ထဲမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်နိုင်မှာ ဖြစ်သလို တာဝန်ယူတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ လိုအပ်ချက်တွေကို ထုတ်ပြန်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် အလားအလာ မမြင်ဘူးလို့ပြောပါတယ်။ “သံတမန်ရေးအရပိုပြီးတော့ညှိနှိုင်းမှု၊ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့တွန်းအားပေး မှု လုပ်မယ်ဆိုတဲ့အနေအထားမျိုးပဲ လုပ်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”
အမေရိကန်လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာဆက်လက်ဖမ်းဆီးမှုတွေရှိနေတာနဲ့ဆက်ဖြစ်နေ တဲ့ပဋိပက္ခတွေအပါအ၀င်တိုင်းရင်းသားလူနည်းစုဒေသကလူအခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်း လဲရေး ကြိုးပမ်းမှုကို တားမြစ်ချင်တာတွေနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုတွေကို အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်ပူပန်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာလည်း သတင်းထောက်၊ လယ်သမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဆက်လက်ဖမ်းဆီးနေတာကလည်း သတိပေးချက် တခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အစိုးရက ထိခိုက်လွယ်တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး မတော် မတရား လုပ်ဆောင်တာတွေ ဆက်ရှိနေတယ်လို့ ရခိုင်၊ ကချင် ရှမ်းပြည်မြောက်ပိုင်းက အခြေအနေကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။ဒါ့အပြင် အစိုးရက မြောက်ကိုရီးယားသံတမန်တွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို စစ်ရေးလက်နက် အစီအစဉ်တွေကို မြောက်ကိုးရီး ယားနဲ့ လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။
ီDVB TV News
No comments:
Post a Comment