ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ (၄၅)စီး တိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိသည်။
‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့်မီအောင် ထောက်/ကူပစ္စည်းတွေ ချထားပေးတာပါ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကို တိုးမြှင့်ချထားပါတယ်’’ဟု ရဲတပ်ရင်းများကွပ်ကဲမှုဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။
နယ်ခြားစောင့်လုံခြုံရေးရဲတပ်ဖွဲ့အတွက် Myanmar Double Cab နှင့် Myanmar Single Cab အမျိုးအစား (၄၅)စီး လက်ခံရန်ရှိသော်လည်း မေလ ၂၇ ရက် အထိ ၃၉ စီး သုံးစွဲနေပြီ ဖြစ်ကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
7 Day News Journal
No comments:
Post a Comment