လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အမတ် တာဝန်မှ ရပ်စဲလိုပါက နိုင်ငံသားတစ်ဦးက ခေါင်းဆောင်ကာ နိုင်ငံသား ၁၀ ဦး၏ ခိုင်လုံသည့် အသိသက်သေ လက်မှတ်ဖြင့် တာဝန်မှ ပြန်လည်ရပ်ဆိုင်းနိုင်သည့် ဥပဒေကို အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ ဇွန်လ ၂၄ ရက်က အတည်ပြုလိုက်သည်။
“လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ”ကို အမျိုးသားလွှတ်တော်တွင် ပြည်သူ့  လွှတ်တော်၏ ပြင်ဆင်ချက်များနှင့် အမျိုးသားလွှတ်တော်ကော်မတီက ပြင်ဆင်ချက်များကို အပိုဒ်လိုက် အတည်ပြုလိုက်ခြင်းဖြစ်သည်။
တပ်မတော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီးတိုင်ကြားချက်များကို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် တိုင်ကြားချက်ကို ရရှိသည့်အခါ စစ်ဆေးရေး အဖွဲ့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သုံးဦးနှင့် ပြင်ပမှ သင့်လျော်သော နိုင်ငံသားနှစ်ဦးဖြင့် စုံစမ်းစစ် ဆေးရမည်ဖြစ်ပြီး ဖွဲ့စည်းခဲ့သည့် ငါးဦးမှာ သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကာ အချိန်ကာလ သတ်မှတ်၍ စစ်ဆေးရမည်ဖြစ်သည်။
တိုင်ကြားခံရသော ရွေးကောက်ခံ ကိုယ်စားလှယ်အား ချေပခွင့်ပေးရမည်ဖြစ်ပြီး တိုင်ကြားချက် မမှန်မကန် ပြုလုပ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
Mizzima
No comments:
Post a Comment