ကျောင်းသားလူထု လက်မခံနိုင်သော အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးကန့် ဘလူမြို့ နည်းပညာတက္ကသိုလ် (GTC)မှ ကျောင်းသားခေါင်းဆောင်အား မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားခေါင်းဆောင်က ပြောသည်။
“မနက်ပိုင်းမှာ ဆန္ဒပြခွင့်သွားတင်တယ်။ ညနေပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သမ၀ါယမဥက္ကဋ္ဌ ရောက် လာပြီး အဖေနဲ့အမေကို ကျွန်တော်က ဆန္ဒပြတယ်ဆိုရင် ကျောင်းက ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုရဲမျိုးဆွေက ဇွန်လ ၁၁ ရက်တွင်ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ဘလူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဖု
အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် ဗဟိုချုပ်ကိုင်မှုစနစ် ပါဝင်နေ၍ လွတ်လပ်သော ပညာရေးစနစ် မရှိနိုင်ခြင်းတို့ကြောင့် ကိုရဲမျိုးဆွေဦးဆောင်သည့် ကျောင်းသားလူငယ်များက ဆန္ဒပြရန် ဇွန်လ ၁၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ
“ခွင့်ပြုချက်မရပေမယ့် ကျွန်တော်တို့ ဇွန်လ ၁၅ ရက်မှာ ကျောင်းသားပေါင်း ၁၅၀ နဲ့ ဆန္ဒဖော်ထုတ် သွားမယ်”ဟု ကိုရဲမျိုးဆွေက ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
Mizzima
No comments:
Post a Comment