မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တနားချိန်မှာ သတင်းမီဒီယာသမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်သားတွေရဲ့ ဆန္ဒက အဓိကမူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘောထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေ ဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြား ကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပြီး ရက်သတ္တပတ် (၂) ပတ်မပြည့်ခင်မှာ အမျိုးသား လွှတ်တော်အတွင်း ဥပဒေတစ်ခု အတည်ပြုဖို့ မဲခွဲရာ တပ်မတော်သားတွေ ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ပြီး တပ်မတော်သား အမတ်အားလုံး မတ်တတ်ရပ် ကန့်ကွက်တဲ့အဆိုတစ်ခုကို အမျိုးသားလွှတ်တော်က အတည်ပြုသွားပါတယ်။
PR စနစ်ကို ကန့်ကွက်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး၊ ဗိုလ်မှူးကျော်နိုင်ဌေး၊ ဗိုလ်မှူးတိုးမင်းထွန်း နှင့် ဗိုလ်မှူးဝင်းသိန်း တို့မှ သာဓကများ၊ အထောက်အထားများဖြင့် အကျယ်တဝင့် စိတ်ဝင်စားစွာဆွေးနွေးခဲ့ကြ
တပ်မတော်သားတွေအတွက် ရှက်ဖို့ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုတစ်ခုဖြစ်ပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ချစ်တယ်၊ ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို သံယောဇဉ်ရှိတယ်လို့ နှုတ်မှ တဖွဖွပြောဆိုပေမယ့် Myanmar National Network အဖွဲ့သားများလို ရှေ့တန်းရောက် တပ်မတော်သားများအတွက် လှူဒါန်းထောက်ပံ့တာမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူး။ လွှတ်တော်မှာ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်ဆန္ဒအဓိကဖြစ်ကြောင်း
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး
No comments:
Post a Comment