ရန်ကုန်-နေပြည် တော်- မန္တလေး လမ်းမကြီးပေါ် တွင် ယာဉ်များသတ်မှတ်အချိန် ထက် ပိုမိုမောင်းနှင်မှု များလျော့ ကျစေရန် ယခုအသစ်ရေးဆွဲတင် ပြထားသော မော်တော်ယာဉ် ဥပဒေမူကြမ်း၌ ဒဏ်ငွေ ကျပ်၁၅၀၀ အစား ကျပ်၅၀,၀၀၀ကျပ်အဖြစ် ပြင်ဆင်ရေးဆွဲထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ၁၉၆၄ မော် တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့်အရေးယူ၍ ပုဒ်မ ၂၁/၆၄ဖြင့် တရားစွဲဆိုလျက်ရှိရာ ဒဏ်ငွေ ၁၅၀၀ ကျပ်ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေမဆောင်ပါက အလုပ်မဲ့ ထောင်ဒဏ် တစ်လချမှတ်လျက် ရှိသည်။ ရာနှုန်းပြည့်ဒဏ်ငွေပေး ဆောင်ခဲ့ကြသော်လည်း ဒဏ်ငွေ နည်းသဖြင့် ဥပဒေကိုလေးစားမှု အားနည်းကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့ထံမှသတင်းရရှိသည်။
သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအားလက်ရှိအခြေအနေတွင် အကွာအဝေးအလိုက် အချိန်မှတ်သားလျက်ရှိရာ သတ်မှတ်အချိန်ထက်ဆောလျင်စွာရောက်ရှိပါက အရှိန် လွန်နှုန်းဖြင့် မောင်းနှင် သဖြင့် မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၇/၆၄ ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။
ပြစ်မှုများ တရားစွဲတင်ရာတွင် လက်ရှိဖမ်းဆီးသည့် နေရာအလိုက် ရန်ကုန်တိုင်း အင်းစိန်ယာဉ် စည်းကမ်းတရားရုံး၊ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိတရားရုံး၊ မန္တလေးတိုင်း တံတားဦးတရားရုံး တို့တွင် တရားစွဲတင်လျက်ရှိသည်။
လက်ရှိအဝေးပြေးလမ်းပုံ မှန်ရောက်ရှိချိန်များအနေဖြင့် ရန်ကုန်မှဖြူး ၃ နာရီ၊ ဖြူးမှနေပြည်တော် ၂နာရီ၊ နေပြည်တော်မှ မိတ္ထီလာ ၂ နာရီ၊ မိတ္ထီလာမှ မန္တလေး ၁ နာရီ ၄၅ မိနစ်၊ ရန်ကုန်မှမန္တလေး ၈ နာရီ ၄၅ မိနစ်သတ်မှတ်ထားပြီး နေရာတစ်ခုစီတွင် ရပ်နားချိန်မိနစ် ၃၀ ရမည်ဖြစ်သည်။
ယာဉ်များကို အချိန်ပိုင်း အလိုက် ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ တိုးဂိတ်ဖြတ်သန်းခပြေစာ များတွင် ဖော်ပြထားသောဖြတ်သန်းချိန် အပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
7 Day Daily
No comments:
Post a Comment