ဇွန်လ ၁၁ ရက် မနက် ၁ နာရီတွင် မဟာသန္တိသုခကျောင်းတိုက်ကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်အပါး ၃၀၀ နီးပါးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းကာ ကျောင်းတိုက်အား ချိတ်ပိတ်ခဲ့သည်။
ထိုကျောင်းတွင် သီတင်းသုံးနေသော ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သည့် ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာခုနစ်ပါးမှာ ပျောက်ဆုံးလျက်ရှိနေပြီး ဆရာတော်များနှင့် နီးစပ်သည့် ဒကာ၊ ဒကာမများလည်း မည်သည့်နေရာသို့ ရောက်နေသည်ကို အတည်မပြုနိုင်သေးပေ။
ထိုကျောင်းတွင် သီတင်းသုံးနေသော ပီနန်ဆရာတော်၏ တပည့်ရင်းဖြစ်သည့် ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာခုနစ်ပါးမှာ ပျောက်ဆုံးလျက်ရှိနေပြီး ဆရာတော်များနှင့် နီးစပ်သည့် ဒကာ၊ ဒကာမများလည်း မည်သည့်နေရာသို့ ရောက်နေသည်ကို အတည်မပြုနိုင်သေးပေ။
သာသနာရေးရာနှင့် ၀ိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်ကမူ အဆိုပါသံဃာတော်များ မည်သည့် နေရာရောက်ရှိ သီတင်းသုံးနေသည်ကို မပြောဆိုသော်လည်း ထိန်းသိမ်းထားသည်ဟု အတည်ပြုကာ တည်ဆဲဥပဒေနှင့် အရေးယူမည်ဖြစ်သည်ဟု ပြောကြားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပြီး ငါးဦးပါဝင်သည့်အ ဖွဲ့က သာသနာရေးဦးစီးဌာနရုံးတွင် မွန်းလွဲ ၁ နာရီမှ စတင်ကာ မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သာသနာရေးအကြံပေးပုဂ်္ဂိုလ် ဦးအံမောင်က ပီနံဆရာတော်ကြီးသည် ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည
သာသနာရေးဦးစီးဌာနအကြံပေး ဦးအံ့မောင်က “ပီနန်ဆရာတော်ကြီးနဲ့ တပည့်သံဃာတွေက ကျုးကျော် ၀င်ရောက်တဲ့အတွက် ဖယ်ရှားရခြင်းဖြစ်ပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ မဟနရဲ့ သံဃာတော်တွေကို အခန်းသော့ပေးဖို့ မပေးရင် ရိုက်နှက်မယ်ဆိုတဲ့ ခြိမ်းခြောက်တာတွေ ရှိလာတယ်။ ဒါဟာ ၀ိနည်းနဲ့လည်း မကိုက်ညီပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ သံဃာတော်ငါးသိန်းရဲ့ကိုယ်စားဖယ်
ထိုရှင်းလင်းပွဲတွင် သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က
ထို့နောက် ကျောင်းတိုက်ကို ရှင်းလင်းဖယ်ရှားခဲ့ပုံကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိန်မော်က “ဇွန် ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် နိုင်ငံတော် သံဃမဟာနာယကနဲ့ တိုင်းအစိုးရအဖွဲ့လမ်းညွှန်ချက်အ
သို့သော်လည်း ဆရာတော်ဘုရား၏ တပည့်ရင်းတစ်ဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်လှလှမိုးကတော့ “၁၉၉၂ ခုနှစ်မှာ ပီနန်ကိုရောက်တော့ ကျွန်မတို့ ဆရာတော်ကြီးကို ဖူးမြော်ရပါတယ်။ ဆရာတော်ကြီးက မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကယ်တင်ထားတယ်။ ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာလည်း ဆရာတော်ကြီးက ကျွန်မတို့ကို လိုလေသေးမရှိအောင် စောင့်ရှောက်ကူညီပါတယ်။ ဒါကြောင့် ကျွန်မက ဆရာတော်ကြီးကို မြန်မာပြည်ပြန်ကြွဖို့ ပင့်လျှောက်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာ နိုင်ငံတော်ကနေ ဆရာတော်ကြီးကို ဘွဲ့တံဆိပ်ကပ်လှူလို့ ဆရာတော်ကြီး မြန်မာပြည်ကို ပြန်ကြွခဲ့ပါတယ်။
ဆရာတော်ကြီး ပြန်ကြွလာတော့ နေစရာနေရာမရှိလို့ ဗိုလ်ချုပ်ခင်ညွန့်တို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဆ
ဒေါ်လှလှမိုးက ဆက်လက်ပြီး ၎င်းမြေသည် ဆရာတော်ကြီး၏ အမည်ပေါက်ဖြစ်ပြီး မဟနကကျောင်းတွင် တာဝန်ခံအဖြစ်ထားသည့် သံဃာများက ကျောင်းတိုက်ကြီးကို မင်္ဂလာပွဲများ ငှားရမ်းခြင်း၊ ရုပ်ရှင်ရိုက်ကွင်းများအဖြစ် ငှားရမ်းခဲ့ခြင်းကြောင့် ကျောင်းတိုက် ပျက်စီးမှုများ ရှိနေသည့်အပေါ်တွင် ဆရာတော်ကြီးက သဘောမတူကြောင်းလည်း ပြောကြားသည်။ ထိုကျောင်းတိုက်ကို ဆရာတော်ကြီးက မပိုင်ဆိုင်ဟုပြောကြားသဖြင့် ၎င်းတို့အလွန်အံ့သြခဲ့သည်ဟု ပြောကြားသည်။ ညဘက် အချိန်တွင် ဆရာတော်များအား အင်အားသုံးကာ အကြမ်းဖက်သည့်အပေါ်တွင် အလွန်အမင်းအံ့သြခဲ့ရပြီး၊ မယုံနိုင်လောက်သည့် အပြုအမူအဖြစ်လည်း ကန့်ကွက် ပြောကြားခဲ့သည်။
ထို့ပြင် မဟာသန္တိသုခကျောင်းတိုက်ကို အင်အားသုံးအကြမ်းဖက်သည့်အပေါ်တွင
နောက်ဆက်တွဲအဖြစ် ဆန့်ကျင်မှုများ၊ ဆန္ဒပြမှုများ ပေါ်ပေါက်လာနိုင်သည်။ ဘာသာရေးကိစ္စဆိုသည်မှာ အလွန်သိမ်မွေ့သည့်အတွက် တက်နိုင်သမျှ အညင်သာဆုံးနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်း သင့်ကြောင်းလည
ထို့နောက် အပြည်ပြန်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်း တက်ရောက်နေသည့် ဦးဉဏိဿရကလည်း“မဟာသန္တိသုခကျောင်းတိုက်မှာ ဦးပဉ္ဇင်း ဒီပလိုမာသင်တန်းတက်ခဲ့ဖူးတယ်။ အဲဒီမှာ တစ်နှစ်တက်တော့ သတင်းအစအနတွေ ကြားခဲ့တယ်။ ကျောက်စာတိုင်ကြီးမှာ ရေးထားတာကတော့ ရည်ရွယ်ချက်တွေက ကောင်းပါတယ်။ ဒါပေမဲ့ ဦးပဉ္ဇင်းတို့နေတဲ့အခါမှာ ဒီကျောင်းမှာ ရုပ်ရှင်တွေ ရိုက်တယ်၊ မင်္ဂလာဆောင်တွေကို ခန်းမငှားတယ်၊ နောက်ဦးပဉ္ဇင်းတို့ စာသင်သားတွေရဲ့ လာဘ်လာဘက အခက်အခဲတွေဖြစ်တယ်။ အောက်က reception မှာ အစောင့်ကျနေတဲ့ ဦးပဉ္ဇင်း ဦးဇဋိတလို့ခေါ်တဲ့ မဟနက ခန့်အပ်ထားတဲ့ ဦးပဉ္ဇင်းနဲ့ အဆင်မပြေဖြစ်ကြပါတယ်။ ဦးပဉ္ဇင်းတို့ နှစ်ကတော့ပြီးကာနီးမှာပဲ ဆွမ်းချိန်ရွေ့တဲ့ကိစ္စနဲ့ စကားများကြတာဖြစ်ခဲ့တယ်”ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။
သတင်းထောက်များ၏ မေးမြန်းချက်ကို ညအချိန်မတော် ၀င်ရောက်ဖမ်းဆီးသည့်ကိစ္စသည် ပြဿနာပိုကြီး မလာစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပြ
ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်ပြီး သွားရောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားအဖွဲ့မှ ဦးထွန်းကြည်က “ညဘက်ကြီးမှာ လူဆိုးသူခိုးတွေကို ဖမ်းတဲ့ ပုံစံမျိုး ၀ရုန်းသုန်းကားနဲ့ဖမ်းတယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး” ဟု ပြောကြားခဲ့သကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်းကလည်း “လာဖမ်းတဲ့ ဘုန်းကြီးတွေက ထီးတွေနဲ့ ကွယ်ထားတယ်။ ဓာတ်ပုံအရိုက်မခံကြဘူး။ အဲဒါကို ကြည့်ရင် မရိုးသားတဲ့ကိစ္စဆိုတာ သိသာပါတယ်”ဟု ပြောကြားသည်။
Mizzima
မဟနဦးလျှောင်ဆရာတော်တွေကို လူဝတ်လဲပြီး သမ္မတလူကြမ်းအဖွဲ့သာလုပ်ခိုင်းလိုက်ပါတော့ကွာ။ ဘုရားစကားနားထောင်ရင် ဘုရားသားတော်ဖြစ်တယ်။ လူစကားနားထောင်ရင် ဘာကောင်ဖြစ်သွားမလည်း ဆိုတာ စဉ်းစားသာကြည့်ကြပေါ့ကွယ်။
ReplyDeleteဟားဟားဟား ငရွှေကြီးရဲ့ စွမ်းအားရှင် ဖုံးချီး တွေကွ
ReplyDeleteဒီကောင်တွေ နေရာတိုင်း ရှိတယ်