
နိုင်ငံတော်သမ္မတမှစ၍ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်
အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဥက္ကဋ္ဌများ၊
အလုပ်အမှုဆောင်ကော်မတီ ၀င်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်
များအား ချီးမြှင့်ငွေများကို ၀င်ငွေ ခွန်ပေးဆောင်ရန် ပြည်သူ့ လွှတ်တော်
ဥပဒေကြမ်းကော်မတီ က ထောက်ခံထားကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များ၏ ချီး မြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များ
ဆိုင်ရာဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်း ငါးခုကို အမျိုးသားလွှတ်တော်တွင်
ဆွေး နွေးအတည်ပြုပြီးနောက် ပြည် သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြည်
သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီက အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ်
တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။အဆိုပါအတည်ပြုချက်ကို ပြည်သူ့လွှတ်တော်တွင်လည်း ထပ်မံအတည်ပြုခဲ့ပါက အဆင့် အသီးသီးမှ အုပ်ချုပ်သူ အစိုးရအ ဖွဲ့ဝင်အားလုံးသည် ပြည်သူများ နှင့် နည်းတူလစာချီးမြှင့်ငွေမှ ၀င်ငွေခွန်ပေးဆောင် ရမည်ဖြစ်သည်။
အဆက်ဆက်သော အစိုးရ များလက်ထက်မှ ယခုအစိုးရသစ်လက်ထက်ထိအဆင့်အသီးသီးမှ အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင် အားလုံးသည် ၀င်ငွေခွန် မပေးဆောင်ခဲ့ရပေ။
အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းလိုက် သော ၀င်ငွေခွန် ဥပဒေသစ်အရ တစ်နှစ်ဝင်ငွေ ကျပ် ၁၈ သိန်းနှင့် အ ထက်ရရှိသော သူများသည် ၀င် ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရပြီး ယခု ၂၀၁၄ ဘဏ္ဍာနှစ်တွင် ထပ်မံပြဋ္ဌာန်းခဲ့သော ဥပဒေအရ တစ်နှစ်လျှင် အနည်းဆုံး ၀င်ငွေကျပ်ငါးသိန်းရရှိသူပင်လျှင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်သည်။
လက်ရှိဥပဒေအရ နိုင်ငံ တော်သမ္မတ၏ လစာငွေသည် တစ်လလျှင် ကျပ်သိန်း ၅၀ ဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးများသည် သိန်း ၃၀၊ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးများသည် သိန်း ၂၀၊ ပြည်နယ် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် များနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ကျပ်သိန်း ၃၀၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ဥက္ကဋ္ဌများသည် ကျပ် ၁၀ သိန်း လစဉ်ချီးမြှင့်ငွေအဖြစ် ရရှိသည်။
အဆိုပါလစဉ်ချီးမြှင့်ငွေများ အပြင် အဆင့်အလိုက် စရိတ်နှင့် အဆောင်အယောင် များဖြစ်သည့် အသုံးစရိတ်၊ ကားနှင့် နေအိမ် စ သည့်တို့ကို ရရှိသော်လည်း အ ဆိုပါစရိတ်နှင့် အဆောင်အ ယောင်များ အတွက် အခွန်ပေး ဆောင်ရန် မလိုကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီ က တင်သွင်းထားသည်။
ဥပဒေကြမ်းကော်မတီ၏ တင်သွင်းချက်ကို ပြည်သူ့လွှတ် တော်တွင် ဇွန်လ ၂၀ ရက်၌ ဆွေး နွေး မည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ပြီး ပါက ဥပဒေအဖြစ် အသက်ဝင် ကာ သတ်မှတ်ထားသည့် ပမာဏ များအတိုင်း အစိုးရ အဖွဲ့ဝင်များ သည် အခွန်ပေးဆောင်ရမည်ဖြစ် သည်။
7Day DAILY
သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း ၀င်ငွေခွန်ပေးဆောင်ရ တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - သမ္မတရုံး)
No comments:
Post a Comment