
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမျိုးထွန်းအောင်၏ “ရန်ကုန်-မန္တလေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ယာဉ်ကြံ့ ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင် စစ်ဆေးခြင်း၊ အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ တာယာကြံ့ ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်အောက်ပိုင်း ကြံ့ ခိုင်မှု စစ်ဆေးခြင်းတို့ အား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အဆင့်မြင့်တင် ဆောင်ရွက်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၅ဘီလီယံဖြင့် ၃၅မိုင် ၇ဖာလုံ AC ခင်းခြင်း၊ တံတား ခုနှစ်စင်း ရေပြွန်တည်ဆောက်ခြင်းနှင့် အ၀င်/အထွက် ကွန်ကရစ်ခင်းခြင်း၊ ပျော်ဘွယ်-နတ်မောက် ရထားလမ်းနှင့် တံတားလမ်းကြား ကွန်ကရစ်ခင်းခြင်း ၂၂၂၆ ပေ၊ ၅မိုင် ၄ဖာလုံ ကျောက်ရောမြေလမ်းပခုံး ပြုလုပ်ခြင်း၊ ၅မိုင် ၃ဖာလုံ လမ်းလယ်ကျွန်း အုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ Rest Camp များတွင် လမ်းမီးတိုင် ၆၂တိုင် Overhead Light တပ်ဆင်ခြင်း၊ Guard Rail တပ်ဆင်ခြင်း ၄၅မိုင်၊ အရှိန်ထိန်း ကင်မရာ ၆ ခု တပ်ဆင်ခြင်း၊ ကီလိုမီတာတိုင် ၁၁၇၈ ခု စိုက်ထူခြင်းတို့ ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် တံတား ၂၅စင်းအား တစ်ဖက်လျှင် မူလ ၂၄ပေမှ ၄၈ပေ အကျယ်ချဲ့ ခြင်းတို့ ကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဖြည့်စွက် ရန်ပုံငွေ ကျပ် ၁၀ဘီလီယံဖြင့် ၂၅ပေအကျယ် AC ခင်းခြင်း ၂၆မိုင်၊ Guard Rail တပ်ဆင်ခြင်း မိုင် ၂၀၊ တံတား ၂၅စင်းအား တစ်ဘက်လျှင် မူလ ၂၄ပေမှ ၄၈ပေ အကျယ်ချဲ့ ခြင်း ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ နောက် ၃နှစ်ကာလအတွက် နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရရှိသည့် ရန်ပုံငွေအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အကုန်တွင် ပြီးစီးမှုရာခိုင်နူန်းဖြင့် တင်ပြသွားရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။
Yangon-Mandalay Expressway
No comments:
Post a Comment